Thursday, May 3, 2012
အစ္စလာမ်အခြေခံသင်ခန်းစာ (၁) ဒုတိယပိုင်း(محمد رسول الله )
,
ပထမပိုင်(لااله الا الله) ကိုဖတ်ရန် လင်ခ်လေးကိုနိပ်လိုက်ပါ
................................................................................................
ဒုတိယအပိုင်း( محمد رسول الله)
(ရိစာလသ် တမန်တော်သခင်(ဆွ)အား ရစူလ်အဖြင့်လက်ခံယုံကြည်ခြင်း)
ဤအပိုင်းတွင် တမန်တော်မြတ်(ဆွ)အား အလ္လာဟ်အသျှင်၏ရစူလ်စေတမန်ဖြစ်ကြောင်းကို လက်ခံယုံကြည်လျှက် ခံဝန်ကတိပြုထားပေသည်။
တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင်မြတ်၏ ရစူလ်ဖြစ်သည့်အလိုသဘော
ဥပမာ။ ။ တမန်တော်(ဆွ)ယူဆောင်လာသော ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အသျှင်မြတ်ဖတ်တော်မှဖြစ်ကြောင်းကိုလက်ခံခြင်း ၊ ဖရိရှ်သာများရှိကြောင်းကိုလက်ခံခြင်း၊ ကိယာမသ် ရောက်ရှိလာမည်အားလက်ခံခြင်း ၊သေပြီနောက် ပြန်လည် ရှင်ပြန်ထရမည်ကိုလက်ခံခြင်း ၊မိမိတို့ လုပ်ရပ်များနဲ့ အညီ ဂျန္နသ်(သို့ ) ဂျဟန္နမ်အား သွားကြရမည်ကို လက်ခံခြင်း စသည့် တမန်တော်သခင်(ဆွ)ယူဆောင်လာသောအရာဟူသ၍တို့ ကိုလက်ခံခြင်း။
အထက်ပါအချက်အားလုံးသည် တမန်တော်မြတ်(ဆွ)ယူဆောင်လာသော ဝဟီ(ကုရ်အာန် ၊ဟဒီးစ်)ဖြင့် သိရှိရသောအချက်များဖြစ်သည် ။ ကျွနုပ်တို့ သည် တမန်တော်မြတ်(ဆွ)ကို ရစူလ်ဖြစ်သည်ဟုယုံကြည်လက်ခံသည့်အတွက် တမန်တော်သခင်ယူစောင်လာသောအရာများ ၊မိန့် ဆိုသောအမိန့် များ ၊ဟဒီးစ်တော်များအားလုံးကို လက်ခံယုံကြည်ကြပေသည်။
အချုပ်ပြောရလျှင်
တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင်မြတ်၏ရစူလ်ဖြစ်သည့်အလိုသဘောမှာ တမန်တော်မြတ်(ဆွ) ပြောဆိုသောအမိန့် မှန်သမျှသည် အလ္လာဟ်အသျှင်မြတ်၏လမ်းညွန်မိန်ကြားမူများ၊ ဝဟီများကြောင့် ဖြစ်သည်ကိုလက်ခံခြင်း ၊ထိုသတင်းပေးပို့ ချက်များကို ဒွိဟသံသယမဲ့ယုံကြည်ကြောင်း ဝင်ခံကတိပြုခြင်း၊ တမန်တော်မြတ်(ဆွ)မိန့် ဆိုသော အမိန့် မှန်သမျှသည် အလ္လာဟ်အသျှင်မြတ်၏ လမ်းညွန်ချက် အမိန့် တော်များသာဖြစ်ကြောင်း ..တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင်မြတ်၏လမ်းညွန်ချက်များကို ပို့ ချနေသည်ဖြစ်ကြောင်းကို ဒွိဟသံသယမဲ့ ယုံကြည်လက်ခံခြင်းဖြစ်သည်။
အထက်ဖော်ပြပါများကို ဖတ်ရွတ်ပြီးနောက် တမန်တော်မြတ်(ဆွ)ကို ရစူလ်အဖြစ်လက်ခံခြင်း၏ အလိုသဘောကို ကောင်းနားလည်သွားလောက်ပြီလို့ မျော်လင့်ပါတယ် ။ထို့ အတူ တမန်တော်မြတ်(ဆွ)ကို ရစူလ်အဖြစ်လက်ခံခြင်းအားဖြင့် တမန်တော်၏ အမိန့် တော်များ ၊ဟဒီးစ်တော်များကို လက်ခံရန် မဖြစ်မနေ အရေးကြီးကြောင်းကိုလည်းကောင်း ၊ တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင်မြတ် နှင့် ဗန်ဒါကျေးကျွန်တို့ ၏ အကြား စက်သွက်ပေးသော အစက်အသွယ်တစ်ခုဖြစ်ကြောင်းကိုလည်းကောင်း ကောင်းစွာနာလည်သဘောပေါက်ပြီး ထင်ရှားစွာသိမြင်နိုင်ပေသည်။
ကျမ်းတော်မြတ်ကုရ်အာန်၌ အလ္လာဟ်အသျှင်မြတ်က မိန့် သည်မှာ
و ما ارسلنا من رسول الاليطاع باذن الله
အမှန်စင်စစ် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပါင်းတို့အား စေလွှတ်တော်မူခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (လူခပ်သိမ်းတို့သည်) ထိုရစူလ်တမန်တော်များ၏ သြ၀ါဒများကို နာခံကြရန်အတွက်သာလျှင်ဖြစ်ပေသည်။
من يطع الرسول فقد اطاع الله
မည်သူမဆို ရစူလ်တမန်တော်၏အမိန့်တော်များကို လိုက်နာပါလျှင်၊ ထိုသူသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို လိုက်နာသည်မည်၏။
ဆိုလိုသည်မှာ
တမန်တော်(ဆွ)ကိုအီမာယုံကြည့်ခြင်း၏အလိုသဘောသည် တမန်တော်သခင်(ဆွ)၏ မိန့် ခွန်းတော်တိုင်း ၊လမ်းညွန်မူတိုင်းကို အလ္လာဟ်အသျှင်မြတ်၏လမ်းညွန်ချက်များဖြစ်ကြောင်း ၊ဝဟီဗျာဒိတ်တော်များဖြစ်ကြောင်းလက်ခံခြင်း။ထိုအမိန့် တော်များနှင့်အညီ ဘဝကို အကောင်အထည်ဖော် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုခြင်းပင်ဖြစ်သည်။
သို့ဖြစ်ပေရာ ပုဂ္ဂိုလ်တစ်ဦးသည် ကလိမာဟ်ဖတ်သောညားလည်း တမန်တော်မြတ်(ဆွ)၏အမိန့်တော်များကို အပြည့်အဝလက်မခံလျှင်သောလည်းကောင်း ၊ တမန်တော်မြတ်(ဆွ)၏ အမိန့် တော်များနှင့်ဟဒီးစ်တော်များကို ငြင်းပယ်လျှင်သောလည်းကောင်း ထိုပုဂ္ဂိုလ်သည် မုအ်မင်န်၊မုစ်လင်မ်မဖြစ်နိုင်ပေ ။ ထိုပုဂ္ဂိုလ်သည်မုအ်မင်န်၊မုစ်လင်မ်ဖြစ်ခြင်း၏အလိုသဘောကို မသိနားမလည်သေးသူပင်ဖြစ်၏။ ဒါဟာအလွန်ရှင်းလင်းထင်ရှားသည့်အချက်တစ်ချက်ပင်ဖြစ်သည် ..
အမှန်စင်စစ်ကလိမာဟ်ဖတ်ခြင်းသည် ဝန်ခံကတိပြခြင်းတစ်ခုပင်ဖြစ်သည်။
အထက်တွင် ကလိမာဟ်တော်၏အပိုင်း(၂)ပိုင်းစလုံးရဲ့ အလိုသဘောကိုရှင်းလင်းခဲ့ပြီးပြီဖြစ်သည်။
အထက်ပါရှင်းလင်းမူများရဲ့ အချုပ်မှာ ကလိမာဟ်သည်ဝန်ခံကတိပြုချက်တစ်ခုဖြစ်သည်။ယင်းဝင်ခံချက်တွင် ယ္ခုကဲ့သို့ ဝန်ခံထားပေသည်။
(ကျွနုပ်တို့ သည် အလ္လာဟ်အသျှင်တပါးတည်ကိုသာခဝပ်ကိုးကွယ်မည်ကိုလည်းကောင်း၊အလ္လာဟ်အသျှင်းတပါးတည်းသာ ဖန်ဆင်း၊မွေမြူ၊အုပ်ချုပ်သော အသျှင်သခင်ဖြစ်သည်ကိုလည်းကောင်း၊ ဒွန်ယာ၊အာခိရသ်ရှိ အရာခပ်သိမ်းအပေါင်းတို့ သည် အလ္လာအသျှင်မြတ်၏ ပိုင်စိုးစံမူ၊အုပ်ချုပ်မူအောက်တွင်ရှသည်ကိုလည်းကောင်း ဝင်ခံကတိပြုပါသည်။ ထိုသို့ တကိပြုထားသည့်အတွက် ကျွန်ုပ်တို့ သည် ထိုအသျှင်မြတ်ကိုသာ ကိုးကိုယ်မည်ဖြစ်သည် ။ ထိုအသျှင်မြတ်၏အမိန့် ကိုသာ အရာရာထက်ဦးထိပ်ပံဆင်ကာ အထွတ်အမြတ်ထားကာ လိုက်နာမည်ဖြစ်သည်။ ထို့ အတူ ကျွန်ုပ်တို့ သည် တမန်တ်ာမြတ်(ဆွ)အား အလ္လာဟ်အသျှင်မြတ်၏ စစ်မှန်သောရစူလ်စေတမန်ဖြစ်ကြောင်းကို လည်း ဝန်ခံကတိပြုပါသည် ။၎င်းနောက် ကျွနုပ်တို့ သည် တမန်တော်သခင်(ဆွ)၏ အမိန့် တော်တိုင်း အမိန့် တော်တိုင်း(ဟဒီးစ်တိုင်း ဟဒီးစ်တိုင်း)ကို  အွမ္မသ်နောက်လိုက်သားပီသစွာ တသွေမသိမ်း လိုက်နာကြင့်သုံးသွာပါမည်။)
ယ္ခုကဲ့သို့ ယုံကြည်စွာနဲ့ ဝန်ခံကတိပြုခြင်းကို အီမာန်လို့ ခေါ်ဆိုပါသည် ။ ဤသည်သာလျှင် သောင်ဟီးဒ် နှင့် ရိစာလသ် ၏ လိုရင်းဖြစ်သည်။ ထို့ အတွက် ကလိမာဟ်ဖတ်သူတိုင်းသည် ဒီကတိပြုဝန်ခံချက်ကို စွဲမြဲစွာမှတ်သားထားသင့်ပေသည်။ ထို့ အတူ စစ်မှန်သည့် မုအ်မင်န် တစ်ဦးဖြစ်လာရန်အလို့ ငှာ အထက်ပါ ဝင်ခံချက်နှင့်အညီ မိမိဘဝကို အကောင်အတည်ဖော်လိုက်နာကျင့်သုံးရမည်ဖြစ်သည်။
အကြင်မည်သူမဆို ကလိမာဟ်တော်၏ အပိုင်း (၂)စလုံးအား တစိတ်တလတ် ဖြင့် နှလုံးသားမှယုံကြည့်လက်ခံမည် ၊ ၎င်းနောက် ယင်းယုံကြည်လက်ခံမူကို နုပ်မှမြွတ်ဟထွက်ဆိုမည် ၊ ထို့ အတူ ယင်းထွက်ဆိုမူနှင့်အညီ လက်တွေ့ ကျင့်ဆောင်ကာ ဘဝကိုအကောင်အထည်ဖော်မည်ဆိုပါက ထို သို့ သော ဖူးစာရှင်များအဖို့  ဟဒီးစ်တော်၌ မဟာသတင်းကောင်းများလာရှိထားပေသည်။
ဟဒီးစ်တော်၌လာရှိသည် ...
အိုမုအားဇ် ...အကြင်မည်သူမဆို لااله الا الله محمد رسول الله ကို စိတ်စေတနာဖြူစင်စွာနှင့် သက်သေထွက်ဆိုပါမူ အလ္လာဟ်အသျှင်မြတ်သည် ထို သို့ သောပုဂ္ဂိုလ်အဖို့  ဂျဟန္နမ် ငရဲမီးအား ဟရာမ်အဖြစ်သက်မှတ်ထား၏။
(ဗုခါရီမုစ်လင်မ်)
မိတ်ဆွေသာားချင်းအပေါင်းတို့ ခင်ဗျာ ....
 ကျွန်ုပ်တို့ ၏ ယုံကြည်မူ၊အီမာန် သည် لااله الا الله محمد رسول الله ပဲဖြစ်ရမည်။
 ကျွနုပ်တို့ ၏ဝင်ခံကတိပြုမူ၊မြွတ်ဟထွက်ဆိုမူသည်လည်း لااله الا الله محمد رسول الله ပဲဖြစ်ရမည်။
 လောကတစ်ခုလုံးအဖို့ ပိုချမည့် ကျွန်ုပ်တို့ ၏ ဆောင်ပုဒ်မှာလည်း لااله الا الله محمد رسول الله ပဲဖြစ်ရမည် ။
                                                                                                      ရေးသားသူ ......
                                                                                                                   ကိုသူ(owaiseqarni@gmail.com)
အစ္စလာမ်အခြေခံသင်ခန်းစာ (၁) ပထမပိုင်း(لااله الا الله)
,
كلمة طيبة
ကလိမဟ် သွိုင်ယိဗဟ်
لااله الا الله محمد رسول الله
အလ္လာဟ်အသျှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟူ၍
မည်သူမျှအလျှင်းမရှိ ။မုဟမ္မဒ်(နဗီ)သခင်(ဆွ)သည် အလ္လာဟ်အသျှင်မြတ်၏ ရစူလ်
စေတမန်ဖြစ်တော်မူ၏ ။
မိတ်ဆွေသားချင်းအပေါင်းတို့ ခင်ဗျား .....
ဒီကလိမာဟ်တော်ဟာ အစ္စလာမ်၏ မုခ်ဦးဝဖြစ်သည် ။ဒီကလိမာဟ်တော်သည် သာသနာနှင့်အီမာန်၏ အခြေခံ အုတ်မြစ်လည်းဖြစ်ပေသည် ။ ဘဝသက်တမ်းတစ်လျှောက်လုံး ကုဖ်ရ် ၊ရှရ်က်(သွေဖီးမူ ၊တုဖတ်မှု)ထဲ၌ နစ်မွန်းလာခဲ့သူတစ်ဦးဟာ ဒီကလိမာဟ်တော်ကိုနားလည်းပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလျှက် နှုတ်မှမြွတ်ဟထွက်ဆိုခဲ့လျှင် ထိုပုဂ္ဂိုလ်သည် မုအ်မင်န် ၊ မုစ်လင်မ်ဖြစ်သွားပေသည် ။ထို့ အတူ၎င်းသည် လွတ်ငြိမ်းချမ်းသာခွင့်ထိုက်သူတစ်ဦးဖြစ်သွားလေတော့သည် ။ သို့ သော် အဓိကစည်းကမ်းချက်မှာ သောင်ဝ်ဟီးဒ် နှင့် ရိစာလသ် (တနည်း အလ္လာဟ်အသျှင်တပါးတည်းအား ယုံကြည်လက်ခံခြင်း နှင့် တမန်တော်သခင်(ဆွ)အား ရစူလ်အဖြင့်လက်ခံယုံကြည်ခြင်း ) ကို မြွတ်ဟထွက်ဆိုသည့်အခါ ယင်း သောင်ဟီးဒ် နှင့် ရိစာလသ် အားနားလည်သဘောပေါက်ကာ ယုံကြည်လက်ခံပြီး မြွတ်ဟထွက်ဆိုတာမျိုးဖြစ်ရမည်။
အကြင်မည်သူမဆို ယင်းကလိမာဟ်တော်၏ အဓိပ္ပါယ်ကိုနားမလည်ဘဲသော၎င်း(သို့ )
အဓိပ္ပါယ်အလိုသဘောကို သဘောမပေါက်ဘဲသောလည်းကောင်း ကလိမာဟ်တော်ကို မြွတ်ဟထွက်ဆိုခဲ့လျှင် ထိုသူ၏မြွတ်ဟထွက်ဆိုခြင်းသည် အလ္လာဟ်အသျှင်မြတ်ထံတော်ပါး၌ အတည်ပြုခြင်းခံရမည်မဟုတ်ပေ။ သို့ ဖြစ်သောကြောင့် ထိုကလိမာဟ်တော်၏ အဓိပ္ပါယ်အလိုဘောကို နားလည်သဘောပေါက်ရန် ကျွန်ုပ်အပေါ်အလွန်အရေးကြီးပေသည် ။
ကလိမာဟ်တော်၌ အပိုင်း (၂)ပိုင်းရှိပေသည် ။
၁။ لااله الا الله : အလ္လာဟ်အသျှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟူ၍မည်သူမျှအလျှင်းမရှိ
(သောင်ဝ်ဟီးဒ် အလ္လာဟ်အသျှင်တပါးတည်းအား ယုံကြည်လက်ခံခြင်း)
၂။ محمد رسول الله : မုဟမ္မဒ်(နဗီ)သခင်(ဆွ့ )သည် အလ္လာဟ်အသျှင်မြတ်၏    ရစူလ် စေတမန်ဖြစ်တော်မူ၏
(ရိစာလသ် တမန်တော်သခင်(ဆွ)အား ရစူလ်အဖြင့်လက်ခံယုံကြည်ခြင်း)
ပထမပိုင်း
(သောင်ဝ်ဟီးဒ် အလ္လာဟ်အသျှင်တပါးတည်းအား ယုံကြည်လက်ခံခြင်း)
لااله الا الله  ၏အလိုသဘောမှာ
( အလ္လာဟ်အသျှင်မြတ်မှအပ ခပ်ဝပ်ကိုးကွယ်ခြင်းခံထိုက်သူ ၊ဆည်းကပ်ကိုးကွယ်ထိုက်သူဟူ၍ မည်သူမှအလျှင်းမရှိ ။ ကိုးကွယ်ဆည်းကပ်ခြင်းခံထိုက်သူဟူ၍ အလ္လာဟ်အသျှင်တပါးသာရှိ၏။ )
အဘယ်ကြောင့်ဆိုသော အရာခပ်သိမ်းတို့ ကိုဖန်ဆင်းမွေးမြူသောအသျှင်သည် ထိုအသျှင်သာဖြစ်၏ ။
အရာခပ်သိမ်းအား ထိုအသျှင်မြတ်သာလျှင် ပိုင်စိုးစံတော်မူ၏ ။
ရိက္ခာအသီးသီအား ချီးမြင့်သောမူသောအသျှင်သည် အလ္လာဟ်အသျှင်မြတ်သာဖြစ်၏။
သေစေ ၊ရှင်စေတော်မူသောအသျှင်သည် ထိုအသျှင်မြတ်သာဖြစ်၏။
ရောဂါရစေသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏ ။
ပျောက်ဆုံးစေတော်မူသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏။
အကောင်း ၊ အဆိုးကိုဖြစ်စေတော်မူသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏ ။
ဖြစ်စေ ၊ပျက်စေတော်မူသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏။
ချမ်းသာစေသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏ ။
ဆင်းရဲစေသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏။
ကောင်းကျိုး ၊ ဆိုးကျိုးဟူသ၍တို့ သည် ထို့ သျှင်၏ တန်ခိုးတော်အာဏာစက်ထဲ၌သာရှိ၏။
ထိုအသျှင်မှအပ လောကရှိအရာခပ်သိမ်းတို့ သည် ထို့ အသျှင်မြတ်၏ အဖန်ဆင်းခံများ ၊ကျေးကျွန်များသာဖြစ်၏။
ဖရိရှ်သာများ ၊နဗီများ ၊ဝလီသူတော်စင်များအားလုံးတို့ သည်ထို အသျှင်မြတ်၏ ကျေးကျွန်များသာဖြစ်၏ ။
ထိုအသျှင်မြတ်နှင့်တကွ တွဲဖက်သူ (သို့ ) တုဖတ်သူ ဟူ၍ မည်သူမှအလျှင်းမရှိ ။
ထိုအသျှင်မြတ်၏အမိန့် ပညတ်ချက်များအား မည်သူမျှ အပြောင်းအလွဲလုပ်ခွင့်မရှိ ။
ထိုအသျှင်၏လုပ်ရပ်များ၌ မည်သူမျှ စွက်ဖက်မူ ၊အငြင်းဝင်မူ မပြုနိုင်ပေ ။
သို့ ဖြစ်ပေရာထိုအသျှင်တစ်ဦးတည်း သာလျှင် အိဗာဒသ် ခပ်ဝပ်ကိုးကွယ်ခြင်းခံထိုက်သူဖြစ်သည် ။ ထိုအသျှင်တစ်ဦးတည်း သာလျှင်
လိုအပ်ချက်အသီးသီးအား ဖြည့်ဆည်းပေးနိုင်တော်မူသည် ။ထိုအသျှင်တစ်ဦးတည်းသာလျှင် ပိုင်စိုးစံတော်မူသောအသျှင်ဖြစ်၏ ။
စုမွန်ဒိုအာပြုထိုက်သောအသျှင်ဖြစ်၏။ ဘုရင့်တကာဘုရင့်တို့ အား လွှမ်းမိုးအုပ်ချုပ်တော်မူသောအသျှင်ဖြစ်၏။ သို့ဖြစ်ပေရာထိုအသျှင်၏ အမိန့် များကိုသာ နာခံ၍ ထိုအသျှင့်အမိန့် များအပြင် ကျန်အမိန့် များအား လုံးဝလက်မခံရပေ။ ထိုအသျှင်၏အမိန့် တော်များနှင့် ယှဉ်လာပါက မိဘ၏ အမိန့်  ၊ဘုရင်၏အမိန့်  ၊သခင်၏အမိန့် စသည့် အမိန့် ပေါင်းစုံအား မိမိနှစ်သက်သည်ဖြစ်စေ မနစ်သက်သည်ဖြစ်စေ စွန့် လွှတ်ရမည်ဖြစ်သည်။
ကျွနုပ်တို့ သည်ထိုအသျှင်၏ ကျေးကျွန်များသောကြောင့် ကျွန်ုပ်တို့ ၏ အပြောအဆို ၊ အနေအထိုင်၊ အသွားအလာ စသည့် လှုပ်ရှားမူမှန်သမျှတို့ သည် အမြဲတစေ ထိုအသျှင့်၏လမ်းညွန် မိန့် ကြားမူနဲ့ အညီဖြစ်နေရမည်။
ကျွန်ုပ်တို့ အားမြင်တဲ့သူတိုင်း ကျွန်ုပ်တို့ သည် အလ္လာဟ်၏ ကျေးကျွန်များဖြစ်သည်ဟု မြင်သာသွားစေရမည်ဖြစ်သည်။
ကျွနုပ်တို့ မြွတ်ဟထွက်ဆိုသည့်ဆောင်ပုဒ်ဟာ لااله الا الله ဖြစ်ရမည်။
ကျွန်ုပ်တို့ ယုံကြည်လက်ခံတဲ့အီမာန်ဟာ لااله الا الله ဖြစ်ရမည်။
ကျွန်ုပ်တို့ လုပ်ဆောင်ပြုမူတဲ့ အပြုအမူ ကိုယ်ကျင့်တရားအားလုံးတို့ သည်လည်းلااله الا الله   ဖြစ်ရမည်။
ဒီ لااله الا الله  ဟာသာသနာရဲ့ ပထမဆုံးအခြေခံအုပ်မြစ်ဖြစ်သလို ယင်း لااله الا الله ကို နဗီတမန်တော်(အ.စ) အားလုံးအားချီးမြင့်ခြင်းခံရပေသည်။ သာသနာတော် ၏ အမြင့်မာဆုံးသော ကဏ္ဍမှာلااله الا الله ပဲဖြစ်၏။
တမန်တော်မြတ်(ဆွ)ကမိန်တော်မူသည် ။
အီမာန်၏ ကဏ္ဍပေါင်း (၇၀) ကြော်ရှိ၏။ ယင်ကဏ္ဍများအနက်အမွန်မြတ်ဆုံးသောအပိုင်းကဏ္ဍမှာ لااله الا الله ကို မြွတ်ဟထွက်ဆို ရည်ရွတ်ခြင်း ဖြစ်သည်။
(ပုခါရီ ၊မုစ်လင်မ်)
တခြားဟဒီးစ်တော်တပုဒ်၌လာသည်မှာ ...
အမွန်မြတ်ဆုံးသော ဇိကိရ်သည် لااله الا الله ဖြစ်သည်။
(အိဗ်နုမာဂျာ ၊နစာအီ)
တခြားဟဒီးစ်တော်တပုဒ်မှာလာသည်မှာ...
အလ္လာဟ်အသျင်မြတ်သည် တမန်တော်မူစာ(အ.စ)အာ ဤသို့ မိန့် တော်မူလေ၏ "အို .....မူစာ ..အသင်သည်  မိုး (၇)ထက် မြေ (၇)ထက်နှင့် ယင်းမိုးနဲ့ မြေရှိ အရာခပ်သိမ်းတို့ ကို ချိန်ခွင်လျှာတစ်ဖတ်၌ထားပြီး لااله الا اللهကိုတခြားချိန်ခွင်လျှာတဖတ်၌ထားမည်ဆိုလျှင် မုချဧကန် لااله الا الله ၏ချိန်ခွန်လျှာသည် သာ၍အလေးအချိန်စီးမည်ဖြစ်သည်"
(ရှရ်ဟုစ္စုန္နဟ်)
အဘယ်ကြောင့် لااله الا الله အလေးအချိန်စီးရပါသနည်း ???
ယ္ခုကဲ့သို့ لااله الا الله ၏အလေးအချိန်စီးရခြင်း၊ အကြိုးကျေးဇူးရရှိခြင်းအကြောင်းကတော့ ဒီကလိမဟ်တော်၌ သောင်ဟီးဒ်အားဝင်ခံခြင်း ပါရှိသည့်အတွက်ဖြစ်သည်။
သောဟီးဒ်ကိုဝင်ခံခြင်းဆိုသည်မှာ
ဆိုလိုသည်မှာ ဒီကလိမာဟ်တော်ကိုဖတ်ရွက်ပြီးနောက် ကျွန်ုပ်တို့ သည် အလ္လာဟ်အသျှင်တပါးတည်းကို ခပ်ဝတ်ကိုးကွယ်ရန်ကိုသောလည်းကောင်း ၊ အလ္လာဟ်အသျှင်၏ အမိန့် တော်များနှင့်ကိုက်ညီစွာ ဘဝကိုလျှောက်လှမ်းရန် သောလည်းကောင်း ၊ အလ္လာဟ်အသျှင်တပါးတည်းကိုသာမိမိတို့ အားမွေးမြူဖန်ဆင်းအုပ်ချုပ်လွှမ်းမိုးသောအသျှင်သခင်အဖြစ်လက်ခံယုံကြည်ရန်ကိုသောလည်းကောင်း ကတိပြုဝင်ခံခဲ့ကြပေသည်။
ယ္ခုကဲ့သို့ ကတိပြုဝန်ခံခြင်းသည်သာလျှင် အီမာန်နှင့် အစ္စလာမ်၏ ဝညာန်အသက်သွေးကြောဖြစ်ပေသည်။ ဒီအတွက်ကြောင့်တမန်တော်မြတ်(ဆွ)သည် မွစလ်မာန်တို့ အား ဒီကလိမဟ်ကို ကြိမ်ဖန်များစွာ ထပ်ခါတလည်းလည်းဖတ်ရန် အမိန့် ပေးတိုက်တွန်းခဲ့တွော်မူခြင်းဖြစ်သည်။
ဟဒီးစ်တော်တွင် တမန်တော်သခင်(ဆွ)က ဤသို့ အမိန့် ရှိလေသည်။
"အိုး လူသားအပေါင်းတို့  ...မိမိတို့ ၏အီမာန်များအား အမြဲတစေသစ်လွှင်လန်းဆန်းအောင်ပြုလုပ်လျှက်နေကြလေကုန်" ထိုအခါ ဆွဟာဗာဟ်တချို့ ကပြန်လည်လျှောက်ထားလေ၏ ...'ကျွန်ုပ်တို့ သည်မိမိတို့ ၏ အီမာန်အား အဘယ်ပုံအဘယ်နည်းနဲ့ သစ်လွှင်လန်းဆန်းအောင်ပြုလုပ်ရမည်နည်း???'ထိုအခါတမန်တော်မြတ်(ဆွ)က အမိန့် ရှိတော်မူလေ၏ "လာအိလာဟအိလလ္လာဟ် ကိုများစွာ ဖတ်ရွှတ်ကြလေကုန်"
(မုစ်နဒ်အဟ်မဒ်၊ ဂျမ်အုလ်ဖဝါအိဒ်)
لااله الا الله ဖတ်ခြင်းဖြင့်အဘယ့်ကြောင့် အီးမာန်သစ်လွင်လန်းဆန်းရပါသနည်း???
لااله الا الله.ဖတ်ခြင်းကြောင့် အီမာန်လန်းဆန်းရခြင်းမှာလည်း ဒီ သောင်ဟီးဒ်၏ဝင်ခံချက် ပါဝင်သောကြောင့်သာဖြစ်သည်။
တနည်း
ဒီကလိမာဟ်တော်ကို ဖတ်ရွတ်ပြီးနောက် ကျွနုပ်တို့ သည် မိမိတို့ အလ္လာဟ်တပါးတည်းအားယုံကြည်သည်ကိုလည်းကောင်း
၊ခဝပ်ဆည်းကပ်သည်ကိုလည်းကောင်း ၊ချစ်ခင်မြတ်နိုးအထွတ်အထိတ်ထားသည်ကိုလည်းကောင်း ၊ထိုအသျှင်၏ အမိန့် 
့တော်အတိုင်းသာ မိမိတို့ ၏ ဘဝသက်တမ်းကိုလျှောက်လှမ်းမည်ကိုလည်းကောင်း၊ အစရှိသည့်အချက်များအား
ကတိပြုဝန်ခံလိုက်သည့်အတွက်ဖြစ်သည် ။
အထက်ပါသင်ခန်းစာကိုဖတ်ရွတ်ပြီးနောက် အီမာန်၏ အသက်သွေးကြောဟာသောင်ဟီးဒ်ဖြစ်ကြောင်း ထင်ရှားစွာသိမြင်သွားလောက်ပြီဟု ယူစမိပါသည်။ သို့ ဖြစ်ပေရာ သောဟီးဒ်သည် အီမာန်၏အသက်သွေးကြောဖြစ်သည့်
့အတွက် ကျွန်နုပ်တို့ သည် ကလိမဟ်တော်ကိုဖတ်သည့်အခါတိုင်း သောင်ဟီးဒ်နဲ့ပက်သက်ပြီးစဉ်းစားရမည် ။ ကျွန်ုပ်တို့ သည်သောင်ဟီးဒ်နဲ့ ပက်သက်ပြီးစဉ်းစားလာသည်နှင့်အမျှ ကျွန်ုပ်တို့ ၏  အီမာန်က လန်းဆန်းသစ်လွင်လာမည်ဖြစ်သည်။ ခိုင်မြဲလာမည် ။ အင်ရှာအလ္လာဟ် لااله الا الله .ဟာကျွန်ုပ်တို့ ရဲ့  ဘဝ ဖြစ်လာမည်။ ကျွန်ုပ်တို့ ရဲ့ ယုံကြည်မူဖြစ်လာမည်ဖြစ်သည် ။
မိတ်ဆွေသားချင်းများခင်ဗျာ .......
တမန်တော်မြတ်(ဆွ)၏အမိန့် တော်အတိုင်းကျွန်ုပ်တို့ ဟာ ဒီကလိမာဟ်ကို သေချာနားလည်ပြီး ၊ စဉ်းစားပြီး တစိတ်တလက်ဖြင့် များမြောင်စွာ ဖတ်နေမည်ဆိုလျှင် ကျွန်ုပ်တို့ ၏အီမာန်လန်းဆန်းလာမည်ဖြစ်သည်။ ၎င်းကျွန်ုပ်တို့ ၏ ဘဝတစ်ခုလုံးသည်လည်းلااله الا الله
၏ပုံစံခွက်နှင့်အညီဖြစ်သွားမည်သာဖြစ်သည်။
                                                                                    ရေးသားတင်ပြသူ  ........               
                                                                                                      ကိုသူရ(owaiseqarni@gmail.com)
                                  ဒုတိယပိုင်းကို  ဆက်လက်ဖတ်ရှု့ ရန် လင်ခ်ကိုနိပ်လိုက်ပါ။
                                                                                                        လေးစားစွာဖြင့်...................
အစ္စလာမ်နှင့်ပက်သက်ပြီး ခရစ်ရန်တစ်ပညာရှင်တစ်ဦးရဲ့ အမြင် ...
,
ကျွန်တော်သည် တမန်တော် မုဟမ္မဒ် (ဆွ) ၏ သာသနာနဲ့ စက်လျှင်း၍စဉ်းစာလိုက်မိတိုင်း တမန်တော်မုဟမ္မဒ်(ဆွ)၏ အဆင့်အတန်း သည် ကျွန်တော့်အမြင်၌ သာပိုထင်ရှားပေါ်လွင်လခဲ့ပေသည် ။
အကြောင်းမှာ ထိုသာသနာ၌ အလွန့် အံ့မခန်းသော ဘဝသက်သန်းရှိပေသည် ။ ကျွန်တော်အမြင်၌ တမန်တော်မုဟမ္မဒ်(ဆွ)၏ သာသနာသည် ခေတ်ကာလတိုင်း၏လိုအပ်ချက်မှန်သမျှကို ဖြည့်စည်းပေးနိုင်သည့် တစ်ခုတည်းသော သာသနာဖြစ်ပေသည် ။လောကသားတို့ အဖို ကျွန်တော်ကဲ့သို့  လူကြီးတွေရဲ့  ပြောဆိုမူများကို အပြည့်အဝ တန်ဖိုးထားသင့်ပေ၏ ။ တမန်တော် မုဟမ္မဒ်(ဆွ) ၏သာသနာနှင့်စလျှင်း၍ ကျွန်တော့်ရဲ့  ဟောကိန်းမှာ ဒီခေတ်ဒီအခါ၌ နေ့ စဉ်နှင့်အမျှ ပုဂ္ဂိုလ်တိုင်းဟာ တစ်ဦးချင်း တမန်တော်မုဟမ္မဒ်(ဆွ)၏သာသနာကို လက်ခံလာလိမ့်မည် ။ကျွန်တော်သည် အလွန် အံ့သြော်ဖွယ်ကောင်းသည့် ကြီးကြယ်မြင့်မြတ်သော ထိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးရဲ့  ဘဝသက်တမ်းနှင့်စက်လျှင်း၍ လေ့လာခဲ့ရာ ကျွန်သည် အောက်ပါအချက်အား တွေမြင်ခဲ့ရပါသည် .."ထိုမုဟမ္မဒ် (ဆွ)သည် တမန်တော် အီးစာ(အ .စ)သခင်နှင့် ဆန့်ကျင်သူလည်းမဟုတ် ၊ခရစ်ယာန်ဘာသာကို ဆန့် ကျင်တော်လှန်သူလည်းမဟုတ် ၊သို့ သာမက ထိုမဟုမ္မဒ်(ဆွ)သခင်အား လူသားထု တရပ်လုံးကို ကယ်တင်သူဟု မှတ်ယူသင့်ပေသည် ။ ကျွန်တော်ယုံပါသည် ။အကယ်၍ မုဟမ္မဒ်(ဆွ)ကဲ့သို့ သောပုဂ္ဂိုလ်ဟာ ယနေ့ ခေတ်မှာ လောက၏ ခေါင်းစောင်ဖြစ်ခဲ့လျှင် လောကကြီးမှာ ယနေ့ ကြုံကြိုက်နေရသော အရှုပ်အထုပ်အားလုံးကို ဖြေရှင်းရာတွင် သူသည် ယနေ့ လူသားအားလုံးလိုအပ်နေသည်နှင့်အမျှ လူသားထုတရပ်လုံးအား ပျော်ရွှင်မူပေးနိုင်လောက်သော အောင်မြင်မူကို စွပ်ခူးရယူနိုင်မည့်သူဖြစ်သည်" ယနေ့ လောကကြီးဟာ အရမ်းတိုးတက်နေသောငှားလည်း ၁၉ ရာစုနှစ်တွင်မူ အနောက်တိုင်းသည် ဤမျှမတိုးတက်သေးခဲ့ပေ ။ထိုအချိန်၌လည်း ကာရ်လားလ် ၊ဂိုပေတေး၊ဂိုဗန် ကဲ့သို့ သစ္စာရှိသော အတွေးအခေါ်ပညာရှင်များရှိခဲ့သေးပေသည် ။၎င်းတို့ သည် မုဟမ္မ(ဆွ)၏သာသနာအရဲ့  တန်းဖိုးစစ်ကို နားလည်ခဲ့ပေသည် ။ထို့ အတွက်ကြောင့် ၎င်းတို့ ခေတ်ကပင်စ၍ အစ္စလာမ်နှင့်အညီ အနောက်ကမ္ဘာဟာပြောင်းလွှဲလာခဲ့ကြသည် ။ဒီအပြောင်းအလွှဲဟာ အလွန် နမိတ်ကောင်းတဲ့ပြောင်းလွှဲမူပဲဖြစ်တယ် ။ ထို့ နောက် ဒီတိုးတက်မူတွေဟာ အနာက်လောက၌ မုဟမ္မဒ်(ဆွ)၏သာသနာနှင့် စသည့်ပို၍ နီးစပ် ၊ရင်းနည်းလာခဲ့လေသည် ။၂၀ရာစုနှစ်အထိ အနောက်တိုင်းသားတို့ သည် ထိုသာသနာဖတ်သို့  အမြောင့်အများ လျှောက်လမ်းလာကြလိမ့်မည် ။ ကျွန်တော်ဆိုလို့ ချင်တာကတော့ အနောင်နိုင်ငံများသည် မိမိတို့ ၏ အရှုပ်အထုပ်များကို ဖြေရှင်းရာ၌ တမန်တော်မုဟမ္မဒ်၏သာသနာဟာ အလွန်အကြိုးရှိကြောင်း သာပို့ ၍ ခံစား ၊သိရှိလာရပါလိမ့်မည် ။ ဂျောဂ်ျ ဗရ်နာရ်ရှား ၁၉၆၅အော်ဂုတ်လ ၁၅ရက်နေ့ ထုပ် (နဝါးအေဝက်သ်)ဟူသောသတင်းစာမှာ
မှတ်ချက် ။ ။ ကျွန်တော်သူရသည် ဤအကြောင်းအရာကို မုဖ်သီသကီးအွစ်မာနီ၏ "BIBLE ကရားဟဲ"မည်သောစာအုပ်မှ ဘာသာပြန်ဖော်ပြလိုက်ရခြင်းဖြစ်ပါသည် ။
အလေအလွှန့် ဖြစ်လေ့ရှိသော နိအ်မသ်တော် (၂) ခု
,
عَنْ ابْنِ عَبَّاسٍ رَضِيَ اللَّهُ عَنْهُمَا قَالَ قَالَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: (نِعْمَتَانِ مَغْبُونٌ فِيهِمَا كَثِيرٌ مِنْ النَّاسِ الصِّحَّةُ وَالْفَرَاغُ)
 [رواه البخاري]
ဟဇ်ရသ် အိဗ်နုအဘ္ဘားစ် (ရသွေ့ )သခင်က ဆင့်ပြန်ခဲ့သည် ။ နဗီတမန်တော်မြတ်(ဆွ) မိန့် တော်မူသည်မှာ ...
" နိအ်မသ်(၂)ခုနှင့်စက်လျဉ်း၍ လူအများစုတို့ မှာ သတိလက်လွှတ်ဆုံးရုံးတက်ကြပေသည် ။(၎င်း နှစ်ခုမှာ ) (၁ ) ကျမ်းမာသန်စွမ်းမူ (၂) အားလပ်မူ "
(ဗုခါရီကျမ်း )
မိမိ၏ အားလပ်ချိန်ကို တန်ဖိုးထားပါ ။
ကျမ်းမာနေသည့်အချိန်ကို အကျိုးရှိစွာအသုံးပြုပါ ။
ဒီနိအ်မသ်များကို သတိလက်လွှတ်နဲ့  အဆုံးအရုံးမဖြစ်စေပါနှင့် ။ အာခိရသ်၏ ခရီးအတွက်ရိက္ခာစုပါ ။
ကျမ်းမာရေး ယုတ်ရော့ကျစဉ်းလာသည့်အခါ" ကျမ်းမာခဲ့လျှင်ကာင်းလေစွ ၊ ဒါလေးလုပ်ခဲ့လျှင်ကာင်းလေစွ" ဟူ၍ နောင်တရသောငြားလည်း ယင်းနောင်တရခြင်းသည် စိုးစဉ်းမျှ အကျိုးဖြစ်မည်မဟုတ်ပေ ။
အားလပ်မူမရနိုင်တော့သည့်အခါ အားလပ်သည့်အချိန်ကို ပြန်တောင်းတလျှင် အားလပ်သည့်အချိန် ပြန်ရမည်မဟုတ်ပေ ။
အာခိရသ်၌ လောကီဘဝကို ပြန် မျော်လင့်တမ်းတလျှင် လောကသို့ ပြန်ရောက်လာမည်မဟုတ်ပေ ။
သို့ ဖြစ်ပေရာ သင်္ခါရ ဘဝမှာရော ထာဝရဘဝမှာပါ အောင်မြင်မူကို ရရှိရန်အလို့ ငှာ ကျမ်းမာသည့်အချိန်နှင့် အားလပ်ချိန်ကို တန်းဖိုးထားပါ ။
 အလ္လာဟ်အသျှင် ကျွန်ုပ်နှင့်တကွ ညီနောင်သားချင်းအားလုံးအား ဒီနိအ်မသ် (၂)ခုလုံးကို အကျုံးအရှိဆုံးပုံစံမျိုးဖြစ် တန်ဖိုးထားသုံးစွဲနိုင်သည့် သောင်ဖီးက် ပေးသနားတော်မူပါစေ ...
                                                                           အာမီးန် ..
                                                                                           လေးစားစွာဖြင့် ...
                                                                                                                  ကိုသူ ....
Wednesday, May 2, 2012
ကာဒီယာနီ ကာဖိရ်ဖြစ်၏
,
ကာဒီယာနီ ဟူသည်
ကာဒီယာနီ ဟူသည် တမန်တော်မြတ်(ဆွ)ကို နောက်ဆုံးနဗီအဖြစ် လက်မခံသူ ၊ ဂုလာမ် အဟ်မဒ် ကာဒီယာနီကို နဗီအဖြစ်လက်ခံသူ တို့ အားခေါ်ဆိုသည် ။ တမန်တော်မြတ်(ဆွ)သည် နောက်ဆုံး နဗီးဖြစ်ကြောင်းကို မြောက်များစွာသော အာယသ်တော်များတွင် အတိအလင်း မိန့် ဆိုထားသလို ၊ ရာပေါင်းများစွာသော ဟဒီးစ်တော်များတွင်လည်း ရှင်းလင်းပျက်သားစွာမိန့် ဆိုထားပေသည် ။
*ထို့ အတွက် ကြောင့် တမန်တော်မြတ်(ဆွ) အား နောက်ဆုံးနဗီဖြစ်သည်ဟုယုံကြည်ခြင်း သည် မုစ်လင်တို့ ၏ အီမာန်ရဲ့ အသက်သွေးကြော်အနက်မှဖြစ်သည် ။
*တမန်တော်မြတ်(ဆွ)အား နောက်ဆုံး နဗီဟု ယုံကြည်လက်ခံခြင်းသည် အီမာန် ၏ အစိတ်အပိုင်းထဲတွင်ပါဝင်ကြောင်း ကဏဦးအချိန်ကစ၍ ယနေ့ တိုင် မွစ်လင်မ်သာသနာ့ ပညာရှင်တို့ အကြား စိုးစဉ်းမျှ အကွဲအလွဲမရှိပေ ။
အကြင်မည်သူ မဆို တမန်တော်မြတ်(ဆွ)အား နောက်ဆုံး နဗီအဖြစ်လက်မခံခဲ့ပါမူ ၊
သို့ တည်းမဟုတ်
တမန်တော်မြတ်(ဆွ)၏နောက် မိမိကိုမိမိ နဗီဟုကြွေးကြော်သူတစ်ဦးအား ထောက်ခံခဲ့ပါမူ ထိုသူသည် မွစ်လင်ပညာရှင်တို့ အကြား တညီတညွတ်တည်း ကာဖိရ်ဖြစ်၏ ။
ကျမ်တော်မြတ်ကုရ်အာန်တွင် အာယသ်ပေါင်း အမြောင့်အများရှိသကဲ့သို့  ဟဒီးစ်တော်များတွင်လဲ အထောင်အထားများ ဒုနဲ့ ဒေး ရှိနေပါသည် ။ ယင်းအထောက်အထားအားလုံးအား ဒီနေရာ ကျဉ်းကျဉ်းလေးတွင် အားလုံးရေးပြဖို့  မဖြစ်နိုင်သလို ၊ ကျွန်ုပ်အတွက်လည်း အချိန်ကုန် လူပန်း ဖြစ်မည်ဟု ယူစမိပါသည် ။
သို့ သော လက်ခံသူတို့ အဖို့  အာယသ်တော် တပိုဒ် ၊ ဟဒီးစ်တော် တစ်ပုဒ် မျှင်ပင် လုံလောက်သည် ဟုယူစကာ အာယသ် တော်တစ်ပိုဒ် နှင့် ဟဒီးစ်တော် တစ်ပုဒ် အား ထည့်ရေးပေးလိုက်ပါသည် ။
အာယသ်တော် ..
مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٍ مِّن رِّجَالِكُمْ وَلَـٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّينَ وَكَانَ ٱللَّهُ بِكُلِّ شَيْءٍ عَلِيماً
(မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း၊ ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။) အဟ်ဇားဗ် (၄၀)
ဟဒီးစ်တော်
إنه سيكون في أمتي كذابون ثلاثون كلهم يزعم أنه نبي، وأنا خاتم النَّبيّين لا نبي بعدي
ဧကန်မုချ ငါကိုယ်တော်သခင်(ဆွ)၏ အွမ္မသ်သားများတွင် အလွန်လိမ်လည်သော လူလိမ် (၃၀)ပေါ်ပေါက်လာလိမ့်မည် ။ ယင်း လူလိမ်များအနက် တစ်ဦးတိုင်း ၂သည် မိမိ ကို မိမိ နဗီ ဟု ကြွေးကြော်လိမ့်မည် ။ တကယ်တော့ ငါကိုယ်တော်မြတ်(ဆွ)သည်ပင် နောက်ဆုံးနဗီဖြစ်သည် ။ ငါကိုယ်တော်၏နောက် တခြား မည်သည့် နဗီဟူ၍မျှ အလျှင်းမရှိ ။ သိရ်မိဇီကျမ်း ဟဒီးစ် အမှတ် (၂၈၈၉ ၊၂၈၉၀)
ထိုနည်းတူစွာ တခြားအာယသ်တော်များလည်း ရှိပါသေးသည် ။ ပုခါရီ ၊ မုစ်လင်မ် ၌လည်း ဟဒီးစ်တော်များရှိပါသေသည် ။
တမန်တော်သခင်(ဆွ)ခေတ်၌ နီဗီကြေညာသူ ။
ထို့ အတူ တမန်တော်မြတ်(ဆွ)၏ ခေတ်တွင်  ယမန် (ယီမင်)နိုင်ငံ၌ မိမိကိုမိမိ နဗီဟုကြွေးကြော်နေသော အစ်ဝဒ် အန်စီအား သုတ်သင် ရှင်းလင်းပြစ်ရန်အလို့ ငှာ တမန်တော်မြတ်(ဆွ)သည် ဟဇ်ရသ် ဖိုင်ရိုးဇ် အဒ္ဒယ်လမီအား စေလွှတ်တော်မူခဲ့ပေသည် ။ (ဆွဝရွန်မိန်ဟယားသိစ်ွဆွဟာဗဟ်)
ဆွဟာဗာများခေတ်၌ နဗီတုကြောညာသူ ။
ဟဇ်ရသ် အဗူဗကရ် (ရသွေ့ ) ခေတ်၌ မုဆိုင်လမဟ်ကဇ်ဇားဗ်သည် မိမိကိုမိမိ နဗီဟုကြွေးကြော်သည့်အခါ ဟဇ်ရသ် အဗူဗကရ် (ရသွေ့ ) သည် ဆွဟာဗာမြောင့်များစွာပါဝင်သော စစ်တက် ကြီးအား ၎င်းနဗီတု နှင့် နောက်လိုက်သားတို့ အား သုတ်သင်ရန်အလို့ ငှာ စေလွတ်ခဲ့လေသည် ။ ထို့ စစ်ပွဲတွင် စွာဟာပေါင်းမြောက်မျာစွာ ရှဟီးဒ်ဖြစ်ခဲ့ရလေသည် ။ ထို စစ်ပွဲ၌ ရှဟီးဒ်ဖြစ်ခဲ့သော ဟာဖိဇ် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား အာဂုဉ်ဆောင် ရရှိသော(တက်ကျွမ်းနာလည်သော) ဆွာဟာပါစုစုပေါင် အရည်အတွက် ပင်လျှင် ၈၀၀ ခန့် မျှ ရှိပေသည် ။
သို့ ဖြစ်ပေရာ ဒီယုံကြည်ချက်သည် မည်မျှအရေးပါသည်အား သိရှိရပေသည် ။
ဆွဟာဘာတို့ သည် ဤယုံကြည်ချက်အား မိမိတို့ ၏အသက်ဖြင့် ကာကွယ်ကာ ထိမ်းသိမ်းခဲ့လေသည် ။
ပထမဆုံး အိဂ်ျမာအိဆွဟာဗာသည် ဒီယုံကြည်ချက်အပေါ်တွင်ဖြစ်တည်ခဲ့သည် ။
သတိပေးချက် ။ ။
လွန်ခဲ့သော နှစ်အနည်းငယ်မှစ၍ ကာဒီယာနီတို့ သည် မြန်မာပြည်၌ အစ္စလာမ်သာသာနာ ဖြက်စည်းရေးလုပ်ငန်းတွေ ကို တိတ်တဖုံး စတင်၍လုပ်နေခဲ့ပေသည် ။ သို့ သော မကြာသေးမည်အချိန်က လွန်စွာအတင့်ရဲ လာသလို ၊ တပြည်လုံးအတိုင်းအတာနှင့်လှုပ်ရှားမူပြုနေသည်ကိုလည်းသိလိုက်ရသည် ။ ဤသည်အား မသိသော တော်ကြေးသား ညီနောင်များနှင့် ၊ ဘာသာရေးအသိနည်းပါသောညီနောင်တို့ မှာ ၎င်းတို့ ၏ ဂယတ်ထဲ မျော်ပါလုနီးပါဖြစ်ခဲ့ရသလို ၊မျော်ပါးသွားသူများလည်းရှိကောင်းရှိနိုင်ပေသည် ။ ဤသည်ကို ထောက်ရှု့  အိုလာမာသာသနာ့  အဖွဲ့ ချုပ်မှဦးစီ၍ သာသနာ့ပညာရှင်များ တညီတညွတ်တည်း ထုပ်ဝေသော ဖသ်ဝါမှာ ကာဒီယာနီသည် မွစ်လင်မဟုတ် ကာဖိရ်ဖြစ်၏ . (အထက်တွင် အရေးကြီးပုံနဲ့ အထောက်အထားတချို့ ကို ရေးပေးထားပါသည် ) ရေးဝေကဗရ်စတာန်၌ မွစ်လင်သင်္ချိုင်း နဲ့  ကာဒီယာနီ သင်္ချိုင်း သက်သက်စီ ခွဲ၍ရှိနေခြင်းသည်ပင်လျှင် ကာဒီယာနီတို့ ကာဖိရ်ဖြစ်ကြောင်း သက်သေဖြစ်ပေသည် ။ (အကြယ်တဝန့် သိလို ပါက အိုလာမာများထံ မေးမြန်းပါ ။ ကျွန်တော်လည်းအားရင်အားသလိုဖြေပေးပါမယ် ။ အလ္လာဟ်အသျှင်ထံတွင်တရားခံ မဖြစ်လိုသည့်အတွက် ဒီစာကိုရေးလိုက်ရခြင်းဖြစ်သည် ။ မွစ်လင်မ်များနာလည်းမည်ဟု မျော်လင့်ပါသည် ။ ခသ်မိနဘဝ်ဝသ် (တမန်တော်မြတ် မုဟမ္မဒ် (ဆွ) ရဲ့ နောက်ဆုံးနဗီဖြစ်မူ)ကို လက်မခံသူ ၊ တမန်တော်မြတ်(ဆွ) နောက် တခြားသူအား နဗီဟု လက်ခံသူ ၊ ယုံကြည်သူ (သို့ ) တမန်တော်မြတ်(ဆွ)ရဲ့ နောက်ဆုံးနဗီဖြစ်မူအပေါ် သံသယ ဖြစ်သူ အားလုံးတို့ သည် ကာဖိရ်ဖြစ်၏ ။)
Tuesday, May 1, 2012
ကောင်းမွန်သောဇာရိတ္တ
,
 عَن جَابِرٍ رضي الله عنه: أَنَّ رَسُولَ اللّٰهِ صلى الله عليه وسلم قَالَ: "إِنَّ مِن أَحَبِّكُم إِلَيَّ وَأَقرَبِكُم مِنِّي مَجلِسًا يَومَ القِيامَةِ:أَحَاسِنَكُم أَخلَاقًا،وَإِنَّ أَبغَضَكُم إِلَيَّ وَأَبعَدَكُم مِنِّي مَجلِسًا يَومَ القِيَامَةِ:الثَّرثَارُونَ،وَالمُتَشَدِّقُونَ ،وَالمُتَفَيهِقُونَ"قَالُوا: يَا رَسُولَ اللّٰهِ، قَد عَلِمنَا الثَّرثَارُونَ وَالمُتَشَدِّقُونَ، فَمَا المُتَفَيهِقُونَ؟قَالَ: "المُتَكَبِّرُونَ"
     رواه الترمذي                      
  အသင်တို့ ထဲမှ ငါကိုယ်တော်(ဆွ)အနစ်သက်ဆုံးပုဂ္ဂိုလ် ထို့ အတူ ကိယာမသ်နေ့ တွင်ငါကိုယ်တော်(ဆွ)နှင့် အနီးကပ်ဆုံးသောပုဂ္ဂိုလ်မှာ ဇာရိတ္တအကောင်းဆုံးသောပုဂ္ဂိုလ်သာဖြစ်၏ ၊ အသင်တို့ ထဲမှ ငါကိုယ်တော်အမုံးဆုံးပုဂ္ဂိုလ်နှင့် ကိယာမသ်နေ့ တွင်ငါကိုယ်တော်နှင့် အဝေးဆုံးသော ပုဂ္ဂိုလ်မှာ (ဇာရိတ္တမကောင်းသော )သာသနာနှင့်မသက်ဆိုင်သော အကျိုးမဲ့သောစကားများကို လွန်စွာပြောဆိုသူ ၊ မောက်မာမော်ကြွား မာနကြီးစွာစကားပြောဆိုသူ ၊ မာနထောင်လွှားသူများသာဖြစ်လေ၏ ။ ဆွဟာဗာများက လျှောက်ထားကြသည်မှာ ကျွန်ုပ်တို့ သည် စရ်စာရူးန်နှင့် မုသရှဒ္ဒိကူးန်ကို မူသဘောပေါက်နာလည်ကြပါသည် ။ သို့ သော မုသဖိုင်(ယ်)ဟိကူးန်ဟူသည် အဘယ်သူများပါနည်း ?? ထို အခါတမန်တော်မြတ်(ဆွ)က မိန်တော်မူသည်မှာ မုသဖိုင်(ယ်)ဟိကူးန်ဟူသည် မာန်မာန ထောင်လွှားသူတို့ အားဆိုလိုပေသည် ။ (သိရ်မိဇီ ကျမ်း အဗ်ဝါးဗုလ်ဗိရ်ရိဝဆ်ွဆွိလဟ် )
..
ကျွန်တော်နှင့်တကွ မွစ်လင်မ်ညီနောင်အားလုံးတို့ အား အလ္လာဟ်အသျှင် ဇာရိတ္တအကောင်းဆုံးသူများအဖြစ်ပြုလုပ်ပေးသနားတော်မူပါစေ ။ ထို့ အတူ ကိယာမသ်နေ့ တွင် တမန်တော်မြတ်(ဆွ)နှင့် အနီးဆုံးနေရာ၌ ထားတော်မူပါစေ ။
                                                                                         အာမီးန် ..
                                                                                                  လေးစားစွာဖြင့်
                                                                                                                    ကိုသူ
အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates