Monday, June 25, 2012

တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ)၏ အထ္ထုပတ္တိအကျဉ်း (ပထမပိုင်း)

,
မွေးနေ့ 
ရဘီအုလ်အဝ်ဝလ်လ ( ၈ ) ရက်နေ့  ၊ ဧပရဲလ် လ ( ၂၀ ) ရက်နေ့  ခရိစ်နှစ်( ၅၇၀ ) ခုနှစ်ဖြစ်သည် ။(စီရသွလ်မုဆ်ွသွဖာ တွဲ ၁/၇၈ )
သို့ သော် ရဘီအုလ်အဝ်ဝလ် (၁၂ )ရက်၊ ( ၅၇၁ )
ဆိုတဲ့အဆိုလဲရှိပေသည် ။ ဒုတိအဆိုမှာ ကြော်ကြားပေသည်။
ပထမအဆိုကပိုခိုင်လုံပေသည် ။
မွေးပြီးနောက် ၇ ရက်မြောက်နေ့ 
မွေးပြီးနောက် ၇ ရက်မြောက်နေ့ မှာ အဖိုးဖြစ်သူက တမန်တော်မြတ်(ဆွ)အဖို့  အကီကာလုပ်ကာ
ကိုယ်တော်သခင်(ဆွ)၏ အမည်ကို မုဟမ္မဒ်ဟု အမည်မှဲ့ ခဲ့ပေသည် ။ (စီရသွလ်မုဆ်ွသွဖာ တွဲ ၁/၇၈ )
မွေးပြီးနောက် ၄ နှစ်မြောက်
ဘနူစအဒ်မျိုးနွယ်မှာ ရှက္ကုဆ်ွဆွဒ်ရ် (ရင်ဘက်ခွဲ)တဲ့ အဖြစ်အဖျက် ပထမဆုံးအကြိမ်ဖြစ်ခဲ့ပေသည်။(အရ်ဟီကုလ်မခ်သူးမ် တွဲ ၊ ၈၆)
(ရှက္ကုဆ်ွဆွဒ်ရ် ဟူသည်မှာ ။ ။ ဖရိရှ်သာများသည် အလ္လာဟ်အသျှင်မြတ်၏အမိန့် တော်ဖြင့် တမန်တော်မြတ်(ဆွ)၏ ရင်ကိုခွဲကာ ကိုတော်သခင်၏နှစ်လုံးသားအား ဆေးကြောပေးခဲ့ခြင်းကိုခေါ်ပေသည် ။)
မွေးပြီးနောက် ၆ နှစ်မြောက်
ကိုယ်တော်သခင်(ဆွ) သည် မိမိ ရဲ့ မိခင်ဖြစ်သူ အာမိနာသခင်မ နှင့်အတူ မဒီနာရွှေမြို့ တော်သို့ ခရီးထွက်ခဲ့ပေသည်။(အဆွဟ်ဟုစ္စိယရ် တွဲ ၁ ၊ ၁၅)
မဒီနာမှပြန်လာသည့်အခါ မက္ကဟ်နှင့်မဒီနာမြို့ ကြားရှိ အဘ်ဝါးအ်မည်သောနေရာမှာ မိခင်ဖြစ်သူ အာမိနာသခင်သည် ကွယ်လွန်သွားရှာသည် ။(စီရသွလ်မုဆ်ွသွဖာ တွဲ ၁ ၊၆၆)
မိခင်တော်ကွယ်လွန်ပြီးနောက် အဖိုးဖြစ်သူ အဗ်ဒွလ်မုသ်ွသလိဗ်သည် မြေးတော်ကို ဆက်လက် ထိမ်ကြောင်းမွေမြူခဲ့တယ်။ (အရ်ရဟီးကုလ်မခ်သူးမ် တွဲ ၁ ၊ ၇၈)
မွေပြီးနောက် ၈ နှစ်မြောက်
မွေးပြီး ၈နှစ်ကြာသောအခါ အဖိုးဖြစ်သူကွယ်လွန်သွားရှာပေသည်။
ထိုအခါကိုယ်တော်သခင်(ဆွ)၏အသက်မှာ (၈)နှစ်အရွယ်ဖြစ်ပေသည် (အရ်ရဟီးကုလ်မခ်သူးမ် တွဲ ၁ ၊ ၇၈)
အဖိုးတော်ကွယ်လွန်ပြီးသည့်နောက် ကိုယ်တော်သခင်(ဆွ)အား ဦလေးဖြစ်သူ အဗူသွာလိဗ်က ဆက်လက် မွေမြူထိမ်းကြောင်းတာဝန်ယူခဲ့ပေသည်။ (ဆီရသုဗ်နုဟိရှားမ် တွဲ ၁ ၊ ၁၈၉)
မွေးပြီးနောက် ၁၂ နှစ်မြောက်
၁၂ သာအရွယ်တွင် ကိုယ်တော်သခင်(ဆွ)သည် မိမိ ဦးလေးတော်နှင့်အတူ
ဆီရီယားနိုင်ငံသို့  ပထမဆုံးအကြိမ် စည်းပွားရှာခရီးထွက်ခဲ့ပေသည် ။(စီရသုဗ်နုဟိရှားမ် တွဲ ၁ ၊၁၉၁)
ခရီး၌ ကိုယ်တော်သခင်(ဆွ)ကို ဗိုဟိုင်ရား မည်သော ခရိယာန် ဘုန်းတော်ကြီးက တွေ့ မြင်သွားသည့်အခါ ယင်းဘုန်းတော်ကြီးက တမန်တော်မြတ်(ဆွ)သည် နောက်ဆုံးပွင့်ပေါ်မည့်နဗီဖြစ်ကြောင်း ကြိုတင် ဟောကိန်းထုပ်ခဲ့လေသည် ။(စီရသ်အိဗ်နိဟိရှားမ် တွဲ ၁ ၊ ၁၉၄)
ဆက်လက်ရေးသားဖော်ပြသွားမည် ။ အင်န် ရှာအလ္လာဟ် ..
  ဒုတိယပိုင်းသို့ >>>>>>
                                                             ရေးသားသူ .... ကိုသူ (နိုအိုင်းမ်)

0 comments to “တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ)၏ အထ္ထုပတ္တိအကျဉ်း (ပထမပိုင်း)”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates