Thursday, May 3, 2012
အစ္စလာမ်အခြေခံသင်ခန်းစာ (၁) ဒုတိယပိုင်း(محمد رسول الله )
,
ပထမပိုင်(لااله الا الله) ကိုဖတ်ရန် လင်ခ်လေးကိုနိပ်လိုက်ပါ
................................................................................................
ဒုတိယအပိုင်း( محمد رسول الله)
(ရိစာလသ် တမန်တော်သခင်(ဆွ)အား ရစူလ်အဖြင့်လက်ခံယုံကြည်ခြင်း)
ဤအပိုင်းတွင် တမန်တော်မြတ်(ဆွ)အား အလ္လာဟ်အသျှင်၏ရစူလ်စေတမန်ဖြစ်ကြောင်းကို လက်ခံယုံကြည်လျှက် ခံဝန်ကတိပြုထားပေသည်။
တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင်မြတ်၏ ရစူလ်ဖြစ်သည့်အလိုသဘော
ဥပမာ။ ။ တမန်တော်(ဆွ)ယူဆောင်လာသော ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အသျှင်မြတ်ဖတ်တော်မှဖြစ်ကြောင်းကိုလက်ခံခြင်း ၊ ဖရိရှ်သာများရှိကြောင်းကိုလက်ခံခြင်း၊ ကိယာမသ် ရောက်ရှိလာမည်အားလက်ခံခြင်း ၊သေပြီနောက် ပြန်လည် ရှင်ပြန်ထရမည်ကိုလက်ခံခြင်း ၊မိမိတို့ လုပ်ရပ်များနဲ့ အညီ ဂျန္နသ်(သို့ ) ဂျဟန္နမ်အား သွားကြရမည်ကို လက်ခံခြင်း စသည့် တမန်တော်သခင်(ဆွ)ယူဆောင်လာသောအရာဟူသ၍တို့ ကိုလက်ခံခြင်း။
အထက်ပါအချက်အားလုံးသည် တမန်တော်မြတ်(ဆွ)ယူဆောင်လာသော ဝဟီ(ကုရ်အာန် ၊ဟဒီးစ်)ဖြင့် သိရှိရသောအချက်များဖြစ်သည် ။ ကျွနုပ်တို့ သည် တမန်တော်မြတ်(ဆွ)ကို ရစူလ်ဖြစ်သည်ဟုယုံကြည်လက်ခံသည့်အတွက် တမန်တော်သခင်ယူစောင်လာသောအရာများ ၊မိန့် ဆိုသောအမိန့် များ ၊ဟဒီးစ်တော်များအားလုံးကို လက်ခံယုံကြည်ကြပေသည်။
အချုပ်ပြောရလျှင်
တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင်မြတ်၏ရစူလ်ဖြစ်သည့်အလိုသဘောမှာ တမန်တော်မြတ်(ဆွ) ပြောဆိုသောအမိန့် မှန်သမျှသည် အလ္လာဟ်အသျှင်မြတ်၏လမ်းညွန်မိန်ကြားမူများ၊ ဝဟီများကြောင့် ဖြစ်သည်ကိုလက်ခံခြင်း ၊ထိုသတင်းပေးပို့ ချက်များကို ဒွိဟသံသယမဲ့ယုံကြည်ကြောင်း ဝင်ခံကတိပြုခြင်း၊ တမန်တော်မြတ်(ဆွ)မိန့် ဆိုသော အမိန့် မှန်သမျှသည် အလ္လာဟ်အသျှင်မြတ်၏ လမ်းညွန်ချက် အမိန့် တော်များသာဖြစ်ကြောင်း ..တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင်မြတ်၏လမ်းညွန်ချက်များကို ပို့ ချနေသည်ဖြစ်ကြောင်းကို ဒွိဟသံသယမဲ့ ယုံကြည်လက်ခံခြင်းဖြစ်သည်။
အထက်ဖော်ပြပါများကို ဖတ်ရွတ်ပြီးနောက် တမန်တော်မြတ်(ဆွ)ကို ရစူလ်အဖြစ်လက်ခံခြင်း၏ အလိုသဘောကို ကောင်းနားလည်သွားလောက်ပြီလို့ မျော်လင့်ပါတယ် ။ထို့ အတူ တမန်တော်မြတ်(ဆွ)ကို ရစူလ်အဖြစ်လက်ခံခြင်းအားဖြင့် တမန်တော်၏ အမိန့် တော်များ ၊ဟဒီးစ်တော်များကို လက်ခံရန် မဖြစ်မနေ အရေးကြီးကြောင်းကိုလည်းကောင်း ၊ တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင်မြတ် နှင့် ဗန်ဒါကျေးကျွန်တို့ ၏ အကြား စက်သွက်ပေးသော အစက်အသွယ်တစ်ခုဖြစ်ကြောင်းကိုလည်းကောင်း ကောင်းစွာနာလည်သဘောပေါက်ပြီး ထင်ရှားစွာသိမြင်နိုင်ပေသည်။
ကျမ်းတော်မြတ်ကုရ်အာန်၌ အလ္လာဟ်အသျှင်မြတ်က မိန့် သည်မှာ
و ما ارسلنا من رسول الاليطاع باذن الله
အမှန်စင်စစ် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပါင်းတို့အား စေလွှတ်တော်မူခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (လူခပ်သိမ်းတို့သည်) ထိုရစူလ်တမန်တော်များ၏ သြ၀ါဒများကို နာခံကြရန်အတွက်သာလျှင်ဖြစ်ပေသည်။
من يطع الرسول فقد اطاع الله
မည်သူမဆို ရစူလ်တမန်တော်၏အမိန့်တော်များကို လိုက်နာပါလျှင်၊ ထိုသူသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို လိုက်နာသည်မည်၏။
ဆိုလိုသည်မှာ
တမန်တော်(ဆွ)ကိုအီမာယုံကြည့်ခြင်း၏အလိုသဘောသည် တမန်တော်သခင်(ဆွ)၏ မိန့် ခွန်းတော်တိုင်း ၊လမ်းညွန်မူတိုင်းကို အလ္လာဟ်အသျှင်မြတ်၏လမ်းညွန်ချက်များဖြစ်ကြောင်း ၊ဝဟီဗျာဒိတ်တော်များဖြစ်ကြောင်းလက်ခံခြင်း။ထိုအမိန့် တော်များနှင့်အညီ ဘဝကို အကောင်အထည်ဖော် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုခြင်းပင်ဖြစ်သည်။
သို့ဖြစ်ပေရာ ပုဂ္ဂိုလ်တစ်ဦးသည် ကလိမာဟ်ဖတ်သောညားလည်း တမန်တော်မြတ်(ဆွ)၏အမိန့်တော်များကို အပြည့်အဝလက်မခံလျှင်သောလည်းကောင်း ၊ တမန်တော်မြတ်(ဆွ)၏ အမိန့် တော်များနှင့်ဟဒီးစ်တော်များကို ငြင်းပယ်လျှင်သောလည်းကောင်း ထိုပုဂ္ဂိုလ်သည် မုအ်မင်န်၊မုစ်လင်မ်မဖြစ်နိုင်ပေ ။ ထိုပုဂ္ဂိုလ်သည်မုအ်မင်န်၊မုစ်လင်မ်ဖြစ်ခြင်း၏အလိုသဘောကို မသိနားမလည်သေးသူပင်ဖြစ်၏။ ဒါဟာအလွန်ရှင်းလင်းထင်ရှားသည့်အချက်တစ်ချက်ပင်ဖြစ်သည် ..
အမှန်စင်စစ်ကလိမာဟ်ဖတ်ခြင်းသည် ဝန်ခံကတိပြခြင်းတစ်ခုပင်ဖြစ်သည်။
အထက်တွင် ကလိမာဟ်တော်၏အပိုင်း(၂)ပိုင်းစလုံးရဲ့ အလိုသဘောကိုရှင်းလင်းခဲ့ပြီးပြီဖြစ်သည်။
အထက်ပါရှင်းလင်းမူများရဲ့ အချုပ်မှာ ကလိမာဟ်သည်ဝန်ခံကတိပြုချက်တစ်ခုဖြစ်သည်။ယင်းဝင်ခံချက်တွင် ယ္ခုကဲ့သို့ ဝန်ခံထားပေသည်။
(ကျွနုပ်တို့ သည် အလ္လာဟ်အသျှင်တပါးတည်ကိုသာခဝပ်ကိုးကွယ်မည်ကိုလည်းကောင်း၊အလ္လာဟ်အသျှင်းတပါးတည်းသာ ဖန်ဆင်း၊မွေမြူ၊အုပ်ချုပ်သော အသျှင်သခင်ဖြစ်သည်ကိုလည်းကောင်း၊ ဒွန်ယာ၊အာခိရသ်ရှိ အရာခပ်သိမ်းအပေါင်းတို့ သည် အလ္လာအသျှင်မြတ်၏ ပိုင်စိုးစံမူ၊အုပ်ချုပ်မူအောက်တွင်ရှသည်ကိုလည်းကောင်း ဝင်ခံကတိပြုပါသည်။ ထိုသို့ တကိပြုထားသည့်အတွက် ကျွန်ုပ်တို့ သည် ထိုအသျှင်မြတ်ကိုသာ ကိုးကိုယ်မည်ဖြစ်သည် ။ ထိုအသျှင်မြတ်၏အမိန့် ကိုသာ အရာရာထက်ဦးထိပ်ပံဆင်ကာ အထွတ်အမြတ်ထားကာ လိုက်နာမည်ဖြစ်သည်။ ထို့ အတူ ကျွန်ုပ်တို့ သည် တမန်တ်ာမြတ်(ဆွ)အား အလ္လာဟ်အသျှင်မြတ်၏ စစ်မှန်သောရစူလ်စေတမန်ဖြစ်ကြောင်းကို လည်း ဝန်ခံကတိပြုပါသည် ။၎င်းနောက် ကျွနုပ်တို့ သည် တမန်တော်သခင်(ဆွ)၏ အမိန့် တော်တိုင်း အမိန့် တော်တိုင်း(ဟဒီးစ်တိုင်း ဟဒီးစ်တိုင်း)ကို  အွမ္မသ်နောက်လိုက်သားပီသစွာ တသွေမသိမ်း လိုက်နာကြင့်သုံးသွာပါမည်။)
ယ္ခုကဲ့သို့ ယုံကြည်စွာနဲ့ ဝန်ခံကတိပြုခြင်းကို အီမာန်လို့ ခေါ်ဆိုပါသည် ။ ဤသည်သာလျှင် သောင်ဟီးဒ် နှင့် ရိစာလသ် ၏ လိုရင်းဖြစ်သည်။ ထို့ အတွက် ကလိမာဟ်ဖတ်သူတိုင်းသည် ဒီကတိပြုဝန်ခံချက်ကို စွဲမြဲစွာမှတ်သားထားသင့်ပေသည်။ ထို့ အတူ စစ်မှန်သည့် မုအ်မင်န် တစ်ဦးဖြစ်လာရန်အလို့ ငှာ အထက်ပါ ဝင်ခံချက်နှင့်အညီ မိမိဘဝကို အကောင်အတည်ဖော်လိုက်နာကျင့်သုံးရမည်ဖြစ်သည်။
အကြင်မည်သူမဆို ကလိမာဟ်တော်၏ အပိုင်း (၂)စလုံးအား တစိတ်တလတ် ဖြင့် နှလုံးသားမှယုံကြည့်လက်ခံမည် ၊ ၎င်းနောက် ယင်းယုံကြည်လက်ခံမူကို နုပ်မှမြွတ်ဟထွက်ဆိုမည် ၊ ထို့ အတူ ယင်းထွက်ဆိုမူနှင့်အညီ လက်တွေ့ ကျင့်ဆောင်ကာ ဘဝကိုအကောင်အထည်ဖော်မည်ဆိုပါက ထို သို့ သော ဖူးစာရှင်များအဖို့  ဟဒီးစ်တော်၌ မဟာသတင်းကောင်းများလာရှိထားပေသည်။
ဟဒီးစ်တော်၌လာရှိသည် ...
အိုမုအားဇ် ...အကြင်မည်သူမဆို لااله الا الله محمد رسول الله ကို စိတ်စေတနာဖြူစင်စွာနှင့် သက်သေထွက်ဆိုပါမူ အလ္လာဟ်အသျှင်မြတ်သည် ထို သို့ သောပုဂ္ဂိုလ်အဖို့  ဂျဟန္နမ် ငရဲမီးအား ဟရာမ်အဖြစ်သက်မှတ်ထား၏။
(ဗုခါရီမုစ်လင်မ်)
မိတ်ဆွေသာားချင်းအပေါင်းတို့ ခင်ဗျာ ....
 ကျွန်ုပ်တို့ ၏ ယုံကြည်မူ၊အီမာန် သည် لااله الا الله محمد رسول الله ပဲဖြစ်ရမည်။
 ကျွနုပ်တို့ ၏ဝင်ခံကတိပြုမူ၊မြွတ်ဟထွက်ဆိုမူသည်လည်း لااله الا الله محمد رسول الله ပဲဖြစ်ရမည်။
 လောကတစ်ခုလုံးအဖို့ ပိုချမည့် ကျွန်ုပ်တို့ ၏ ဆောင်ပုဒ်မှာလည်း لااله الا الله محمد رسول الله ပဲဖြစ်ရမည် ။
                                                                                                      ရေးသားသူ ......
                                                                                                                   ကိုသူ(owaiseqarni@gmail.com)
0 comments to “အစ္စလာမ်အခြေခံသင်ခန်းစာ (၁) ဒုတိယပိုင်း(محمد رسول الله )”
Post a Comment
အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates