Monday, June 25, 2012
အာရှုရာ ရိုဇာ
,
အလ္လာဟ်အသျှင်မြတ်သည် ကျွနုပ်တို့ အဖို့  ကောင်းမူကုသိုလ်၏လမ်းစဉ်အမြောင့်အများအား လွယ်ကူစွာပြုပေးထားသကဲ့သို့ 
ဂရုနာတော်၏ တခါးများကိုလည်းဖွင့်ပေးသနာတော်မူလေသည် ။ ထို့ အတူ အနည်းငယ်မျှသောအမလ်၏အစား မြောင့်များစွာသောအကြိုးကျေးဇူးကို မိမိအသနားဂရုနာတော်သက်သက်ဖြင့် ချီးမြင့်တော်မူလေသည် ။ သို့ ဖြစ်သောကြောင့် ကျွနုပ်တို့အဖို့ မိမိတို့ မကောင်းမူများကို ချေဖျက်၊ပလပ် စေမည့် ကာင်းမူများကို ရှာဖွေရန် အလွန်လွယ်ကူလှပေသည် ။ မိမိဆုံးရုံးသွားသော ကောင်းမူကုသိုဠ်များအစား ကောင်းမူကုသိုလ်ထက်ပြုကာ စဝါဗ်အကြိုးများ ရှာဖွေနိုင်ပေသည် ။
ထိုကောင်းမူရှာဖွေရာလမ်းစဉ်များအနက် အာရှူရာနေ့ မှာလည်း တစ်ခုအပါအဝင်ဖြစ်သည် ။
အာရှူရာနေ့ မှာ မုဟရ်ရမ်လ ၁၀ရက်နေ့ ဖြစ်သည် ။
မုဟရ်ရမ်လသည့်အလွန် ထူးမြတ်သောလများအနက် ၁ တစ်လဖြစ်ပေသည် ။ကျမ်းမြတ်ကုရ်အာန်၌လာရှိသည်မှာ ....
إِنَّ عِدَّةَ الشُّهُورِ عِندَ اللّهِ اثْنَا عَشَرَ شَهْرًا فِي كِتَابِ اللّهِ يَوْمَ خَلَقَ السَّمَاوَات وَالأَرْضَ مِنْهَا أَرْبَعَةٌ حُرُمٌ ذَلِكَ الدِّينُ الْقَيِّمُ فَلاَ تَظْلِمُواْ فِيهِنَّ أَنفُسَكُم..ْ } [التوبة/36]
ဧကန်စင်စစ် လများ၏ အရေအတွက်သည်အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အလ္လာဟ် အရှင်မြတ်၏ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့်ပထ၀ီမြေကို ထိုအရှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ)အနက်မှလေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော ဒီန်သာသနာတော်က(ညွှန်ကြားပြသသောလမ်းစဉ်)ပင်ဖြစ်လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ၎င်း (လများ)နှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုနှိပ်စက်ကလူ မပြုကြကုန်လင့်။
အကြိုးကျေးဇူး
 ကအ်ဗဟ်ကျောင်းတော် နှင့် ဗလီများကို အလ္လာဟ်အသျှင်မြတ်၏အိမ်လို့ ခေါ်သကဲ့သို့ မုဟရ်ရမ်လကိုလည်းအလ္လာဟ်အသျှင်မြတ်၏လ ဟု ခေါ်ပေသည် ။ အိမာမ် မုစ်လင်မ်သခင်သည် မိမိ၏ မုစ်လင်မ်ကျမ်း၌ ဟဇ်ရသ်အဗူဟုရိုင်ရဟ်(ရသွေ့ ) မှတဆင့် ဟဒီးစ်ဆင့်ပြန်ခဲ့သည် ။ တမန်တော်မြတ်(ဆွ)ကမိန့် တော်မူသည်မှာ أفضل الصيام بعد شهر رمضان شهر الله الذي تدعونه المحرم، وأفضل الصلاة بعد الفريضة قيام الليل"" ရမ်သွာန်လ၏နောက် အမွန်မြတ်ဆုံးသောလမှာ အသင်တို့ မုဟရ်ရမ်ဟုခေါ်ကြသော အလ္လာဟ်အသျှင်မြတ်၏လပင်ဖြစ်သည် ။ ဖရဇ်နမာများ၏နောက်အမွန်မြတ်ဆုံးသောနမာဇ်မှာ ည၌ဖတ်သောနမာဇ်(သဟ်ဂျွဒ်နမာဇ်)ပင်ဖြစ်သည်"" အာရှူရာရိုဇာနှင့်စက်လျှင်း၍ မြောင့်များစွာသောအကြိုးကျေးဇူများလာရှိပေသည်
အာရှူရာနေ့ သည် ဖရ်အောင် နှင့် ၎င်း၏နောက်လိုက်သားတို့ ရေနှစ်ခဲ့ပြီး တမန်တော်မူစာနှင့် အီမာရှင်တို့ အောင်မြင်ခဲ့သည့်နေဖြစ်သည်။
ထို့ အတူ တမန်တော် နူးဟ် (အ .စ) သင်္ဘော ဂျူဒီတောင်ပေါ်၌ စိုက်ခဲ့သောနေ့ ဖြစ်သည် ။
ဤနေ့ သည် အမှန်ထင်ရှားပြီးအမှားတိမ်ပါးတဲ့နေ့  ဖြစ်သည် ။အမှန်နှင့်အမှား ကွဲခြားတဲ့နေ ဖြစ်သည် ။
မုအ်မင်န်တို့ သည် မုဟရ်မ်(၁၀)ရက် အာရှူရာနေ့ ၌ ရိုဇာထားလေ့ထားထရှိကြသည် ။စဝါးဗ်ရှာဖွေလေ့ရှိကြပေသည် ။ အာရှူရာနှင့်စက်လျှင်း၍ ဟဒီးစ်တော်အမြောင့်အများလာရှိထားပေသည် ။အချိန်သိပ်မရသဖြင့်အတိုချုံးရေပေးလိုက်ခြင်းဖြစ်သည် ။အထက်မှရေထားသောအချက်အားလုံးသည် ဟဒီးစ်တော်၌လာရှိထားသောအကြောင်းအရာများပင်ဖြစ်သည် ။အောက် အာရှူရာ၏ အကြိုးကျေးဇူးနှင့်စက်လျှင်း၍ ဟဒီးစ်တော် တစ်ပုဒ်ကိုရေကာနိဂုံးချုပ်လိုက်ပါသည် ။
عن أبي قتادة رضي الله عنه قال : سُئل النبي صلى الله عليه وسلم عن صيام يوم عاشوراء ، فقال : "إني أحتسب على الله أن يكفر السنة التي قبله
ဟဇ်ရသ်အဗူကသာဒဟ် (ရသွေ့ )သခင်က ဆင့်ပြန်ခဲ့သည် နဗီတမန်တော်မြတ်(ဆွ)အား အာရှူရာရိုဇာနှင့်စက်လျှင်း၍မေးမြန်းလျှောက်ထားခြင်းခံခဲ့ရလေရာ ကိုယ်တော်သခင်က ဤသို့ မိန့် ရှိခဲ့လေသည် ။"ငါကိုယ်တော်သခင်သည်(ယင်းအာရှူရာရိုဇာကိုအကြောင်းပြု၍)လွန်ခဲ့သောနှစ်၏ ကဖ်ဖာရဟ် အား အလ္လာဟ်အသျှင့်ထံမှမျော်ကိုးလေသည် ။ သို့ ဖြစ်ပေရာ ကျွနုပ်တို့ သည်မိမိတို့ ကျုလွန်ခဲ့သောဂိုနာတွေရဲ့ အစား ကဖ္ဖာရဟ်ဖြစ်စေသော အာရှုရာရိုဇာကိုထားသင့်ပေသည် ။အထူးဖြင့်ယနေ့ လိုဂိုနာနှင့်ပြည့်နက်နေသည့် ခေတ်ကာလ၌မူပြောစရာပင်မလိုတော့ပေ ။
မှတ်ချက် ။ ။
အာရှူရာရိုဇာဟ်မှာ ၂ရက်ထားရပေသည် ။ ပုံစံနှစ်မျိုးဖြင့်ထားနိုင်သည် ။
 (၁)၉ရက် နှင့် ၁၀ ရက်
 (၂) ၁၀ ရက်နှင့် ၁၁ရက်
အာရှူရာရိုဇာသည် မုစ်သဟဗ်ရိုဇာများအနက်မှဖြစသည် ။ထားမည်ဆိုပါက စဝါးဗ်အမြောင့်အများရရှိမည် ။ နဗီတမန်တော်များထားခဲ့သောရိုဇာဟ်ဖြစသည် ။ တမန်တော်သခင်(ဆွ)နှင့်ဆွဟာဗာတို့ ထားခဲ့သောရိုဇာဖြစ်သည် ။ သုတော်ကောင်းများထားလေ့ထားထရှိသောရိုဇာဖြစ်သည် ။ အာရှူရာရိုဇာမထားသူကိုလည်း တစုံတရာမကောင်တဲ့ပုံစံနှင့်မရှု့ သင့်ပေ ။ လိုအပ်သည်များကိုမေးနိုင်ပါသည် ။အရေးသကြီးသိလိုပါက သက်ဆိုင်ရာအာလင်များကိုမေးနိုင်ပေသည်။ အေးစေးသိလိုသည့်အရာများကိုကွန်မန်းနှင့်မေးနိုင်ပေသည် ။အကြောင်းကကျွန်တော် အချိန်မပေးနိုင်ခြင်းပင်ဖြစ်သည် ။ ဖုတ်ပူမီးတိုက်ရေးလိုက်ရသည့်အတွက်စာလုံးပေါင်းသီးခံကြပါ ။
                                                                                                                စဝါးဗ်နှင့်ဒိုအာကိုမျော်ကိုးလျှက်                       
                                       ...သူရ ..
0 comments to “အာရှုရာ ရိုဇာ”
Post a Comment
အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates