Thursday, May 3, 2012

အစ္စလာမ်အခြေခံသင်ခန်းစာ (၁) ပထမပိုင်း(لااله الا الله)

,
كلمة طيبة
ကလိမဟ် သွိုင်ယိဗဟ်


لااله الا الله محمد رسول الله

အလ္လာဟ်အသျှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟူ၍
မည်သူမျှအလျှင်းမရှိ ။မုဟမ္မဒ်(နဗီ)သခင်(ဆွ)သည် အလ္လာဟ်အသျှင်မြတ်၏ ရစူလ်
စေတမန်ဖြစ်တော်မူ၏ ။

မိတ်ဆွေသားချင်းအပေါင်းတို့ ခင်ဗျား .....

ဒီကလိမာဟ်တော်ဟာ အစ္စလာမ်၏ မုခ်ဦးဝဖြစ်သည် ။ဒီကလိမာဟ်တော်သည် သာသနာနှင့်အီမာန်၏ အခြေခံ အုတ်မြစ်လည်းဖြစ်ပေသည် ။ ဘဝသက်တမ်းတစ်လျှောက်လုံး ကုဖ်ရ် ၊ရှရ်က်(သွေဖီးမူ ၊တုဖတ်မှု)ထဲ၌ နစ်မွန်းလာခဲ့သူတစ်ဦးဟာ ဒီကလိမာဟ်တော်ကိုနားလည်းပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလျှက် နှုတ်မှမြွတ်ဟထွက်ဆိုခဲ့လျှင် ထိုပုဂ္ဂိုလ်သည် မုအ်မင်န် ၊ မုစ်လင်မ်ဖြစ်သွားပေသည် ။ထို့ အတူ၎င်းသည် လွတ်ငြိမ်းချမ်းသာခွင့်ထိုက်သူတစ်ဦးဖြစ်သွားလေတော့သည် ။ သို့ သော် အဓိကစည်းကမ်းချက်မှာ သောင်ဝ်ဟီးဒ် နှင့် ရိစာလသ် (တနည်း အလ္လာဟ်အသျှင်တပါးတည်းအား ယုံကြည်လက်ခံခြင်း နှင့် တမန်တော်သခင်(ဆွ)အား ရစူလ်အဖြင့်လက်ခံယုံကြည်ခြင်း ) ကို မြွတ်ဟထွက်ဆိုသည့်အခါ ယင်း သောင်ဟီးဒ် နှင့် ရိစာလသ် အားနားလည်သဘောပေါက်ကာ ယုံကြည်လက်ခံပြီး မြွတ်ဟထွက်ဆိုတာမျိုးဖြစ်ရမည်။

အကြင်မည်သူမဆို ယင်းကလိမာဟ်တော်၏ အဓိပ္ပါယ်ကိုနားမလည်ဘဲသော၎င်း(သို့ )
အဓိပ္ပါယ်အလိုသဘောကို သဘောမပေါက်ဘဲသောလည်းကောင်း ကလိမာဟ်တော်ကို မြွတ်ဟထွက်ဆိုခဲ့လျှင် ထိုသူ၏မြွတ်ဟထွက်ဆိုခြင်းသည် အလ္လာဟ်အသျှင်မြတ်ထံတော်ပါး၌ အတည်ပြုခြင်းခံရမည်မဟုတ်ပေ။ သို့ ဖြစ်သောကြောင့် ထိုကလိမာဟ်တော်၏ အဓိပ္ပါယ်အလိုဘောကို နားလည်သဘောပေါက်ရန် ကျွန်ုပ်အပေါ်အလွန်အရေးကြီးပေသည် ။

ကလိမာဟ်တော်၌ အပိုင်း (၂)ပိုင်းရှိပေသည် ။

၁။ لااله الا الله : အလ္လာဟ်အသျှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟူ၍မည်သူမျှအလျှင်းမရှိ
(သောင်ဝ်ဟီးဒ် အလ္လာဟ်အသျှင်တပါးတည်းအား ယုံကြည်လက်ခံခြင်း)


၂။ محمد رسول الله : မုဟမ္မဒ်(နဗီ)သခင်(ဆွ့ )သည် အလ္လာဟ်အသျှင်မြတ်၏    ရစူလ် စေတမန်ဖြစ်တော်မူ၏
(ရိစာလသ် တမန်တော်သခင်(ဆွ)အား ရစူလ်အဖြင့်လက်ခံယုံကြည်ခြင်း)


ပထမပိုင်း

(သောင်ဝ်ဟီးဒ် အလ္လာဟ်အသျှင်တပါးတည်းအား ယုံကြည်လက်ခံခြင်း)

لااله الا الله  ၏အလိုသဘောမှာ
( အလ္လာဟ်အသျှင်မြတ်မှအပ ခပ်ဝပ်ကိုးကွယ်ခြင်းခံထိုက်သူ ၊ဆည်းကပ်ကိုးကွယ်ထိုက်သူဟူ၍ မည်သူမှအလျှင်းမရှိ ။ ကိုးကွယ်ဆည်းကပ်ခြင်းခံထိုက်သူဟူ၍ အလ္လာဟ်အသျှင်တပါးသာရှိ၏။ )
အဘယ်ကြောင့်ဆိုသော အရာခပ်သိမ်းတို့ ကိုဖန်ဆင်းမွေးမြူသောအသျှင်သည် ထိုအသျှင်သာဖြစ်၏ ။
အရာခပ်သိမ်းအား ထိုအသျှင်မြတ်သာလျှင် ပိုင်စိုးစံတော်မူ၏ ။
ရိက္ခာအသီးသီအား ချီးမြင့်သောမူသောအသျှင်သည် အလ္လာဟ်အသျှင်မြတ်သာဖြစ်၏။
သေစေ ၊ရှင်စေတော်မူသောအသျှင်သည် ထိုအသျှင်မြတ်သာဖြစ်၏။
ရောဂါရစေသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏ ။
ပျောက်ဆုံးစေတော်မူသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏။
အကောင်း ၊ အဆိုးကိုဖြစ်စေတော်မူသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏ ။
ဖြစ်စေ ၊ပျက်စေတော်မူသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏။
ချမ်းသာစေသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏ ။
ဆင်းရဲစေသောအသျှင်မှာ ထိုအသျှင်သာဖြစ်၏။
ကောင်းကျိုး ၊ ဆိုးကျိုးဟူသ၍တို့ သည် ထို့ သျှင်၏ တန်ခိုးတော်အာဏာစက်ထဲ၌သာရှိ၏။
ထိုအသျှင်မှအပ လောကရှိအရာခပ်သိမ်းတို့ သည် ထို့ အသျှင်မြတ်၏ အဖန်ဆင်းခံများ ၊ကျေးကျွန်များသာဖြစ်၏။
ဖရိရှ်သာများ ၊နဗီများ ၊ဝလီသူတော်စင်များအားလုံးတို့ သည်ထို အသျှင်မြတ်၏ ကျေးကျွန်များသာဖြစ်၏ ။
ထိုအသျှင်မြတ်နှင့်တကွ တွဲဖက်သူ (သို့ ) တုဖတ်သူ ဟူ၍ မည်သူမှအလျှင်းမရှိ ။
ထိုအသျှင်မြတ်၏အမိန့် ပညတ်ချက်များအား မည်သူမျှ အပြောင်းအလွဲလုပ်ခွင့်မရှိ ။
ထိုအသျှင်၏လုပ်ရပ်များ၌ မည်သူမျှ စွက်ဖက်မူ ၊အငြင်းဝင်မူ မပြုနိုင်ပေ ။
သို့ ဖြစ်ပေရာထိုအသျှင်တစ်ဦးတည်း သာလျှင် အိဗာဒသ် ခပ်ဝပ်ကိုးကွယ်ခြင်းခံထိုက်သူဖြစ်သည် ။ ထိုအသျှင်တစ်ဦးတည်း သာလျှင်
လိုအပ်ချက်အသီးသီးအား ဖြည့်ဆည်းပေးနိုင်တော်မူသည် ။ထိုအသျှင်တစ်ဦးတည်းသာလျှင် ပိုင်စိုးစံတော်မူသောအသျှင်ဖြစ်၏ ။
စုမွန်ဒိုအာပြုထိုက်သောအသျှင်ဖြစ်၏။ ဘုရင့်တကာဘုရင့်တို့ အား လွှမ်းမိုးအုပ်ချုပ်တော်မူသောအသျှင်ဖြစ်၏။ သို့ဖြစ်ပေရာထိုအသျှင်၏ အမိန့် များကိုသာ နာခံ၍ ထိုအသျှင့်အမိန့် များအပြင် ကျန်အမိန့် များအား လုံးဝလက်မခံရပေ။ ထိုအသျှင်၏အမိန့် တော်များနှင့် ယှဉ်လာပါက မိဘ၏ အမိန့်  ၊ဘုရင်၏အမိန့်  ၊သခင်၏အမိန့် စသည့် အမိန့် ပေါင်းစုံအား မိမိနှစ်သက်သည်ဖြစ်စေ မနစ်သက်သည်ဖြစ်စေ စွန့် လွှတ်ရမည်ဖြစ်သည်။
ကျွနုပ်တို့ သည်ထိုအသျှင်၏ ကျေးကျွန်များသောကြောင့် ကျွန်ုပ်တို့ ၏ အပြောအဆို ၊ အနေအထိုင်၊ အသွားအလာ စသည့် လှုပ်ရှားမူမှန်သမျှတို့ သည် အမြဲတစေ ထိုအသျှင့်၏လမ်းညွန် မိန့် ကြားမူနဲ့ အညီဖြစ်နေရမည်။
ကျွန်ုပ်တို့ အားမြင်တဲ့သူတိုင်း ကျွန်ုပ်တို့ သည် အလ္လာဟ်၏ ကျေးကျွန်များဖြစ်သည်ဟု မြင်သာသွားစေရမည်ဖြစ်သည်။

ကျွနုပ်တို့ မြွတ်ဟထွက်ဆိုသည့်ဆောင်ပုဒ်ဟာ لااله الا الله ဖြစ်ရမည်။
ကျွန်ုပ်တို့ ယုံကြည်လက်ခံတဲ့အီမာန်ဟာ لااله الا الله ဖြစ်ရမည်။
ကျွန်ုပ်တို့ လုပ်ဆောင်ပြုမူတဲ့ အပြုအမူ ကိုယ်ကျင့်တရားအားလုံးတို့ သည်လည်းلااله الا الله   ဖြစ်ရမည်။

ဒီ لااله الا الله  ဟာသာသနာရဲ့ ပထမဆုံးအခြေခံအုပ်မြစ်ဖြစ်သလို ယင်း لااله الا الله ကို နဗီတမန်တော်(အ.စ) အားလုံးအားချီးမြင့်ခြင်းခံရပေသည်။ သာသနာတော် ၏ အမြင့်မာဆုံးသော ကဏ္ဍမှာلااله الا الله ပဲဖြစ်၏။
တမန်တော်မြတ်(ဆွ)ကမိန်တော်မူသည် ။
အီမာန်၏ ကဏ္ဍပေါင်း (၇၀) ကြော်ရှိ၏။ ယင်ကဏ္ဍများအနက်အမွန်မြတ်ဆုံးသောအပိုင်းကဏ္ဍမှာ لااله الا الله ကို မြွတ်ဟထွက်ဆို ရည်ရွတ်ခြင်း ဖြစ်သည်။
(ပုခါရီ ၊မုစ်လင်မ်)
တခြားဟဒီးစ်တော်တပုဒ်၌လာသည်မှာ ...
အမွန်မြတ်ဆုံးသော ဇိကိရ်သည် لااله الا الله ဖြစ်သည်။
(အိဗ်နုမာဂျာ ၊နစာအီ)
တခြားဟဒီးစ်တော်တပုဒ်မှာလာသည်မှာ...
အလ္လာဟ်အသျင်မြတ်သည် တမန်တော်မူစာ(အ.စ)အာ ဤသို့ မိန့် တော်မူလေ၏ "အို .....မူစာ ..အသင်သည်  မိုး (၇)ထက် မြေ (၇)ထက်နှင့် ယင်းမိုးနဲ့ မြေရှိ အရာခပ်သိမ်းတို့ ကို ချိန်ခွင်လျှာတစ်ဖတ်၌ထားပြီး لااله الا اللهကိုတခြားချိန်ခွင်လျှာတဖတ်၌ထားမည်ဆိုလျှင် မုချဧကန် لااله الا الله ၏ချိန်ခွန်လျှာသည် သာ၍အလေးအချိန်စီးမည်ဖြစ်သည်"
(ရှရ်ဟုစ္စုန္နဟ်)
                                                   
အဘယ်ကြောင့် لااله الا الله အလေးအချိန်စီးရပါသနည်း ???

ယ္ခုကဲ့သို့ لااله الا الله ၏အလေးအချိန်စီးရခြင်း၊ အကြိုးကျေးဇူးရရှိခြင်းအကြောင်းကတော့ ဒီကလိမဟ်တော်၌ သောင်ဟီးဒ်အားဝင်ခံခြင်း ပါရှိသည့်အတွက်ဖြစ်သည်။
သောဟီးဒ်ကိုဝင်ခံခြင်းဆိုသည်မှာ
ဆိုလိုသည်မှာ ဒီကလိမာဟ်တော်ကိုဖတ်ရွက်ပြီးနောက် ကျွန်ုပ်တို့ သည် အလ္လာဟ်အသျှင်တပါးတည်းကို ခပ်ဝတ်ကိုးကွယ်ရန်ကိုသောလည်းကောင်း ၊ အလ္လာဟ်အသျှင်၏ အမိန့် တော်များနှင့်ကိုက်ညီစွာ ဘဝကိုလျှောက်လှမ်းရန် သောလည်းကောင်း ၊ အလ္လာဟ်အသျှင်တပါးတည်းကိုသာမိမိတို့ အားမွေးမြူဖန်ဆင်းအုပ်ချုပ်လွှမ်းမိုးသောအသျှင်သခင်အဖြစ်လက်ခံယုံကြည်ရန်ကိုသောလည်းကောင်း ကတိပြုဝင်ခံခဲ့ကြပေသည်။
ယ္ခုကဲ့သို့ ကတိပြုဝန်ခံခြင်းသည်သာလျှင် အီမာန်နှင့် အစ္စလာမ်၏ ဝညာန်အသက်သွေးကြောဖြစ်ပေသည်။ ဒီအတွက်ကြောင့်တမန်တော်မြတ်(ဆွ)သည် မွစလ်မာန်တို့ အား ဒီကလိမဟ်ကို ကြိမ်ဖန်များစွာ ထပ်ခါတလည်းလည်းဖတ်ရန် အမိန့် ပေးတိုက်တွန်းခဲ့တွော်မူခြင်းဖြစ်သည်။
ဟဒီးစ်တော်တွင် တမန်တော်သခင်(ဆွ)က ဤသို့ အမိန့် ရှိလေသည်။
"အိုး လူသားအပေါင်းတို့  ...မိမိတို့ ၏အီမာန်များအား အမြဲတစေသစ်လွှင်လန်းဆန်းအောင်ပြုလုပ်လျှက်နေကြလေကုန်" ထိုအခါ ဆွဟာဗာဟ်တချို့ ကပြန်လည်လျှောက်ထားလေ၏ ...'ကျွန်ုပ်တို့ သည်မိမိတို့ ၏ အီမာန်အား အဘယ်ပုံအဘယ်နည်းနဲ့ သစ်လွှင်လန်းဆန်းအောင်ပြုလုပ်ရမည်နည်း???'ထိုအခါတမန်တော်မြတ်(ဆွ)က အမိန့် ရှိတော်မူလေ၏ "လာအိလာဟအိလလ္လာဟ် ကိုများစွာ ဖတ်ရွှတ်ကြလေကုန်"
(မုစ်နဒ်အဟ်မဒ်၊ ဂျမ်အုလ်ဖဝါအိဒ်)

لااله الا الله ဖတ်ခြင်းဖြင့်အဘယ့်ကြောင့် အီးမာန်သစ်လွင်လန်းဆန်းရပါသနည်း???
لااله الا الله.ဖတ်ခြင်းကြောင့် အီမာန်လန်းဆန်းရခြင်းမှာလည်း ဒီ သောင်ဟီးဒ်၏ဝင်ခံချက် ပါဝင်သောကြောင့်သာဖြစ်သည်။
တနည်း
ဒီကလိမာဟ်တော်ကို ဖတ်ရွတ်ပြီးနောက် ကျွနုပ်တို့ သည် မိမိတို့ အလ္လာဟ်တပါးတည်းအားယုံကြည်သည်ကိုလည်းကောင်း
၊ခဝပ်ဆည်းကပ်သည်ကိုလည်းကောင်း ၊ချစ်ခင်မြတ်နိုးအထွတ်အထိတ်ထားသည်ကိုလည်းကောင်း ၊ထိုအသျှင်၏ အမိန့် 
့တော်အတိုင်းသာ မိမိတို့ ၏ ဘဝသက်တမ်းကိုလျှောက်လှမ်းမည်ကိုလည်းကောင်း၊ အစရှိသည့်အချက်များအား
ကတိပြုဝန်ခံလိုက်သည့်အတွက်ဖြစ်သည် ။
အထက်ပါသင်ခန်းစာကိုဖတ်ရွတ်ပြီးနောက် အီမာန်၏ အသက်သွေးကြောဟာသောင်ဟီးဒ်ဖြစ်ကြောင်း ထင်ရှားစွာသိမြင်သွားလောက်ပြီဟု ယူစမိပါသည်။ သို့ ဖြစ်ပေရာ သောဟီးဒ်သည် အီမာန်၏အသက်သွေးကြောဖြစ်သည့်
့အတွက် ကျွန်နုပ်တို့ သည် ကလိမဟ်တော်ကိုဖတ်သည့်အခါတိုင်း သောင်ဟီးဒ်နဲ့ပက်သက်ပြီးစဉ်းစားရမည် ။ ကျွန်ုပ်တို့ သည်သောင်ဟီးဒ်နဲ့ ပက်သက်ပြီးစဉ်းစားလာသည်နှင့်အမျှ ကျွန်ုပ်တို့ ၏  အီမာန်က လန်းဆန်းသစ်လွင်လာမည်ဖြစ်သည်။ ခိုင်မြဲလာမည် ။ အင်ရှာအလ္လာဟ် لااله الا الله .ဟာကျွန်ုပ်တို့ ရဲ့  ဘဝ ဖြစ်လာမည်။ ကျွန်ုပ်တို့ ရဲ့ ယုံကြည်မူဖြစ်လာမည်ဖြစ်သည် ။
မိတ်ဆွေသားချင်းများခင်ဗျာ .......
တမန်တော်မြတ်(ဆွ)၏အမိန့် တော်အတိုင်းကျွန်ုပ်တို့ ဟာ ဒီကလိမာဟ်ကို သေချာနားလည်ပြီး ၊ စဉ်းစားပြီး တစိတ်တလက်ဖြင့် များမြောင်စွာ ဖတ်နေမည်ဆိုလျှင် ကျွန်ုပ်တို့ ၏အီမာန်လန်းဆန်းလာမည်ဖြစ်သည်။ ၎င်းကျွန်ုပ်တို့ ၏ ဘဝတစ်ခုလုံးသည်လည်းلااله الا الله
၏ပုံစံခွက်နှင့်အညီဖြစ်သွားမည်သာဖြစ်သည်။
                                                                                    ရေးသားတင်ပြသူ  ........               
                                                                                                      ကိုသူရ(owaiseqarni@gmail.com)
                                  ဒုတိယပိုင်းကို  ဆက်လက်ဖတ်ရှု့ ရန် လင်ခ်ကိုနိပ်လိုက်ပါ။
                                                                                                        လေးစားစွာဖြင့်...................
                                   

0 comments to “အစ္စလာမ်အခြေခံသင်ခန်းစာ (၁) ပထမပိုင်း(لااله الا الله)”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates