عن أبي هريرة رضي الله عنه قال قال رسول الله صلى الله عليه وسلم
حجبت النار بالشهوات وحجبت الجنة بالمكاره
متفق عليه
ဟဇ်ရသ်အဗူဟုရိုင်ရဟ်(ရသွေ့ )သခင်က ဆင့်ပြန်ခဲ့သည် ။ တမန်တော်မြတ်(ဆွ)မိန့် တော်မူသည်မှာ ...
"ဂျဟန္နမ်ငရဲပုံသည် စိတ်အလိုယမတ်များဖြင့် ဝိုင်းရံ ၊လွှမ်းခြုံခြင်းခံထားရသည်။ ၎င်းနောက် ဂျန္နသ်သုခပုံနန်းသည် (စိတ်ခုံမင်မူမရှိသော)မနစ်မျို့ ဖွယ်ရာများဖြင့်လွှမ်းခြုံဝိုင်းရံခြင်းခံထားရပေသည် ။"
ပုခါရီး ၊မုစလင်မ်ကျမ်း
ရှဟ်ဝသ် (စိတ်အလိုယမတ်) ဆိုသည်မှာ ....စိတ်အားရိမ်းရိစေသော စွဲမက်ဖွယ်မှန်သမျှကိုခေါ်ဆိုသည် ။လူသားတို့ သည် ထိုးဆွဲမက်ဖွယ်များနှင့်ကြုံကြိုက်လာကြသည့်အခါ သာသနာ့ဘောင် ၊လူ့ ဘောင် စသည့်ဘောင်အသီးအသီးတို့ ကို မစဉ်းစားတော့ပဲ.ထိုစွဲမက်ဖွယ်ရာ ရမက်အဖျာဖျာများစံသို့ ရိုင်သွားတက်လေ့ရှိ၏ ။
ဥပမာ ။ ။
ဇိနာပြုခြင်း (မျက်လုံးနှင့်သောလည်းကောင်း ၊လက်ဖြင့်သောလည်းကောင်း၊ အတွေးအာရုံဖြင့်သောလည်းကောင်း ၊လက်တွေ့ အားဖြင့်သောလည်းကောင်း) မတရားကြင့်ခြင်း ။
အရက်သေစာသောက်သုံးခြင်း
အလောင်းကစားပြုခြင်း
အတင်းအဖြင်းပြောခြင်း
တစ်ဦးကို တစ်ဦးစဲရေးတိုင်းထွာပြုခြင်း
နမားဇ်ဝတ်မပြုခြင်း ၊ညင်းပန်းနိုပ်စက်ခြင်း
လိမ်လည်လှည့်ဖျားခြင်း
စသည့် ဒုစရိုက်ပေါင်းစုံတို့  အချိန်အခါမရွှေးလူအား စွဲစောင်လျှက်ရှိပေသည် ။ထို့ သို့ ဒုစရိုက်များကြူးလွန်ခြင်းအား လူ့ စိတ်ရိုင်းသည်အလွန်ခုံမင်လျှက်ရှိသည် ။ တကယ်ဆိုလျှင် ယင်းသုစရိုက်များပင်လျှင် လူသားအား ဂျဟန္နမ်လားစေရန်အကြောင်းအရင်းဖြစ်ပေလေ၏ ။
ယမတ်စိတ်အားဘယ်လိုကာကွယ်ရမည်နည်???
လူသားသည် အထက်တွင်ဖော်ပြခဲ့သော ခုံမင်သက်မတ်စေသည့် ဒုဇရိုက်များနှင်ရင်စိုင်လာသည့်အခါ ..မိမိကိုယ်ကို မိမိ ထိမ်းချုပ်ကာ မကားရိဟ်(စိတ်နှင့်မတိုက်စိုင်သောအရာများ) တရားတော်၏ဘောင်များ ၊လူ့ စည်းမျဉ်းများ ကို အလ္လဟ်နစ်သက်မူရရိုရန်လုလိုက်လျှင် ထိုသူ့ ယင်းလုပ်ရပ်သည် ထိုသူ့ အဖို့ ဂျန္နသ်ရစေရန်အကြောင်းခံဖြစ်သည် ။
ဥပမာ။ ။
ဇိနာလုပ်ချင်လာတယ် ..သို့ သောလည်းကိုယ့်ကိုထိမ်းလိုက်တယ် ....
အရက်သောက်ချင်လာတယ် ...သို့ သောလည်းကိုယ့်ကိုထိမ်းလိုက်တယ် ...
အတင်းပြောချင်လာတယ် ..သို့ သောလည်းကိုယ့်ကိုထိမ်းလိုက်တယ် ...
ထိုနည်းတူစွာ...
စောင်းရာသီရဲ့ အေးမျှတဲ့ရက်တွေမှာ မနက် "ဖဂျရ်နမားဇ်"ထဖတ်ဖို့ စိတ်က မနစ်သက်သောငြာလည်း ထဖတ်လိုက်တယ် ..ဈေးရောင်းကောင်းနေတဲ့အချိန် မှာ အဇာန်အသံကြားလာတဲ့အတွက် ဆိုင်ကိုမလွှတ်ချင်သောငြားလည်း အလ္လာရဲ့ အမိန့် တော်ကို နာခံလိုက်တယ် ။
ကိုယ့်ကို မကောင်းပြောသွားသူကို ပြန်လည်းစဲချင်သောငြားလည်း ...အလ္လာအတွက်ခွင့်လွတ်ကာစွဗရ်လုပ်လိုက်တယ် ...
စသည့် သောအရာများကို လူတစ်ယောက်အနေနဲ့ လုပ်မည်ဆိုပါက ထိုသူ့ ၏ယင်းလုပ်ရပ်များသည် ထို သူ့ ဖို့ ဂျန္နသ်ရရှိစေရန်အကြောင်းခံဖြစ်ပေသည် ။ ...
အလ္လာဟ်အသျှင်ကျွနုပ်တို့ အားလုံးအားလိုက်နာကြင့်သုံးနိုင်စွမ်းပေးသနားတော်မူပါစေ.....
အာမီးန် ....
