Thursday, November 8, 2012

internet ပေါ်တွင်ကုရ်အာန် ကျမ်းတော်မြတ်အား အပြောင်းအလွဲလုပ်မှု

,
ဘဟာအုဒ္ဒီးန်ယာ ယူနီဗာစ်တီ (မုလ်တာန်)ရှိ ဒေါက်တာ နူရုဒ္ဒီးန်ဂျာမီကပြောကြားသည်မှာ ...
"အင်တာနတ် ပေါ်တွင် ကျမ်တော်မြတ်ကုရ်အာန်၏အာယသ်တော်များကို အပြောင်းအလွဲပြုနေလျှက်ရှိပေသည် ။ တခါတယံ စာလုံးတွေဖြုတ်ချထားသလို ၊ တခါတယံ ဇဗရ် ၊ဇိရ် အပြောင်းအလွဲလုပ်ထားတယ် ။ဒီလိုအပြောင်းအလွဲလုပ်ထားတဲ့ကျမ်တော်မြတ်ကုရ်အာန်စာအုပ်ကိုလည်း ဖြန်ချည်လျှက်ရှိတယ်။ အလွန်ဝမ်းနည်းဖွယ်ကိစ္စတစ်ခုမှာ စူရဟ်ဗကရဟ်၏ အာယတ်တော်တချို့ ကိုဖြောက်ထားသလို ၊ ဂျိဟားဒ်နှင့်ပက်သက်သည့်အာယသ်တော်များကိုလည်းဖြောက်ထားပေသည် ။ ဒီကိစ္စတွေအားလုံးဟာ စီမံကိန်းနဲ့ လုပ်နေခြင်းသာဖြစ်တယ်"
ဒီကိစ္စနဲ့ ပက်သက်ပြီး ပြန်လည်ချေသူများလည်းအမြောက်အများရှိသည် ။ အထက်တွင်ဖော်ပြခဲ့သော် ယူနီဗာစ်တီကလည်း ဒီကိစ္စကိုအဓိကထားပြီးချေပရန်ကြိုးစားနေလျှက်ရှိသလို ၊ တခြားအရဗ်တွေလည်း လုပ်နေလျှက်ရှိပေသည် ။ သတိထားရမည်မှာ အင်တာနက်ပေါ်က စာသားတစ်ခုကို မစီစစ်ပဲလက်မခံဖို့ ပဲ ။ ဂူဂဲလ်ကနေ အာယသ်ရှာဖတ်တာတို့  ၊ လေ့လာတာတို့  လုပ်သူများအနေနဲ့ အထူးသတိပြုသင့်တယ် ။ မိမိ တွေ့ သည်အာယသ်မှာ မှန်၊ မမှန်သတိပြုသင့်တယ် ။ အစ္စလာ့မ်ရန်သူတွေကိုခြေပနေတဲ့သူတွေကတော့ရှိစမြဲပဲ ။ ကုရ်အာန်ကိုတော့ဘယ်သူမှာအပြောင်းအလွဲလုပ်လို့ မရဘူး ။ ဒါဟာ ကုရ်အာန်ရဲ့ မုအ်ဂျိဇဟ်ပဲ ။ ဒါပေမဲ့ အဓိက ပိုစ်ရေးရခြင်း၏ရည်ရွယ်ချက်မှာ ဗဟုသုသ သက်သက်မဟုတ်ပဲ သတိထားမိစေရန် သတိပေးခြင်းလည်းဖြစ်သည် ။
                                                                                          လေးစားစွာဖြင့်
                                                                                                         ကိုသူ
http://www.mmolama.org/profiles/blogs/internet-3

facebook သုံးစွဲခြင်း ။

,
facebook သုံးစွဲခြင်းသည် သာသနာ့ချစ်စိတ် ၊ ဘာသာရေခံစားချက်မရှိခြင်းသာဖြစ်သည် ။ အဆိုးဆုံးချက်မှ faceebook သုံးစွဲခြင်းဖြင့် တမန်တော်မြတ်(ဆွ)ကို လှောင်ပြောင်သူတို့ အား အကျိုးဖြစ်စေသည် ။ ထို့ အတွက် ဤလုပ်ရပ်မှလျှောင်ရှားသင့်သည် ။ facebook သည် အရှက်မဲ့မူများ ၊ မကောင်းမူများဖြစ်ထွန်းသည့် ဒုစရိုက်ပေါင်းစုတို့ ၏စုံစည်းရာဖြစ်သည် ။သို့ သော် အကယ်၍ ပုဂ္ဂိုလ်တစ်ဦး(ဘာသာရေးပညာတက်ကျွမ်းနားလည်သူ)သည် facebook မှတဆင့် ယဟူးဒ် ၊ နဆွာရာ(ဂျူး ၊ခရိစ်ရှာန်)တို့ ၏ လှော်င်ပြောင်မူများကို တိုက်ဖျက်ရန်သော်လည်းကောင်း  (သို့ ) အစ္စလာမ်သာနာတော်ကို ကုရ်အာန် ၊ စွန္နသ်နှင့်အညီ စစ်မှန်စွာဖြန့် ချည်ရန်သော်လည်းကောင်း သုံစွဲပါက ၊ ထို့ အတူယင်းသို့ သုံစွဲသူသည် အထက်ပါအချက်များအား ကျွမ်းကျင်ပိုင်နိုင်စွာပြုလုပ်စောင်နိုင်သူဖြစ်ပါက ထိုသို့ သုံးစွဲခြင်းနှင့်စက်လျှက်လျှင်း၍ အခွင့်ရှိယုံမျှမက စဝါးဗ်ပါရရှီလတံ့ ။
         မှတ်ချက် ။ ။ ဤဖသ်ဝါအာ မုသီအဗ်ဒွရ်ရအူးဖ် စခ်ရဝီ၏ http://deeneislam.com/ မှာ ကူးယူကာ ဘာသာပြန်ပေးလိုက်ရခြင်းဖြစ်သည် ။
                                                                                                                     ကိုသူ
http://www.mmolama.org/profiles/blogs/6529452:BlogPost:16285

ကိယာမသ်၏ နမိတ်လက္ခနာများ

,
ဟဒီးစ်တ်ေများတွင် ကိယာမသ်၏ နမိတ်လက္ခနာများနှင့်စက်လျဉ်း၍ အမြောင့်အများလာရှိထားပေသည် ။ အကျဉ်းချုံးပြောရလျှင် အလာမသ် (၃) မျိုးရှိသည် ။
(က) လက္ခနာအသေးများ
(ခ) လက္ခနာအလယ်အလက်များ
(ဂ) လက္ခနာအကြီးများ
(က) လက္ခနာအသေးများ အနက်တချို့ မှာ
လက္ခဏာအသေးဆိုသည်မှာ ကိယာမသက် လက္ခနာများဖြစ်သောလည်း ယင်းလက္ခနာများဖြစ်ပေါ်သည့်အချိန်နှင့်ကိယာမသက်ဖြစ်မည့်အချိန်သည်အလွန်ဝေးပေသည် ။ ယင်းအလာမသ်များသည် ဖြစ်ပေါ်ပြီးခဲ့လေပြီ ။
ဥပမာ ။ ။
၁ ။ ။ တမန်တော်မြတ်(ဆွ)စေလွတ်ခြင်းခံရမူ
၂ ။ ။ လကို ၂ ခြမ်းခွဲခြင်း (ရှက္ကုလ်ကမရ်)
၃ ။ ။ တမန်တော်မြတ်(ဆွ) ၏ ဝဖားသ်ဖြစ်ခြင်း
၎ ။ ။ ဘိုသုလ်မုကဒ္ဒစ်ကိုအောင်နိုင်ခြင်း
၅ ။ ။ ဆွေဖ်ဖီးန် စစ်ပွဲဖြစ်ခြင်း
၆ ။ ။ သာသာရီပြသနာ
ရ ။ ။ ဟေဂျားဇ်ဒေသမှထွက်ပေါ်သောမီး စသည်ဖြင့်

(ခ) လက္ခနာအလယ်အလက်များ အနက်တချို့ မှာ ....
အလယ်အလက်လက္ခဏာဆိုသည်မှာ ယင်းလက္ခနာများအနက်တချို့ မှာ လွန်ခဲ့သောရာစုနှစ်များတွင်စတင်ပေါ်ပေါက်ခဲ့ပြီးခဲ့ပြီး ယနေ့ တိုက်တိုးပွားလျှက်ရှိပေသည် ။ ဒီလိုပဲတိုးပွားလျှက်နဲ့  နောက်ဆုံး လက္ခဏာကြီးများပေါ်ထွက်လာသည့်အထိတိုးပွားလျှက်ရှိလိမ့်မည် ။ ဒီလက္ခနာများမှာ အမြောက်အများရှိပေသည် ။ ယင်းတို့ အနက်တချို့ မှာ ............
၁ ။ ။ သာသနာပေါ်ရက်တည်ခြင်းသည် လက်ထဲတွင်မီးခဲကိုင်ထားရသည်ထက်ပင်ပို၍ ခက်ခဲလာခြင်း
၂ ။ ။ မုနာဖိက်များ ၊ အောက်တန်းကျသူများ ၊ ဖာစိက်များသည် ခေါင်းစောင်ဖြစ်လာခြင်း
၃ ။ ။ ကလေးများအုပ်ဆိုးလာခြင်း
၎ ။ ။ စီပွာရေးကြယ်ပြန့် လာခြင်း
၅ ။ ။ အလေး ၊ တင်း ၊တောင်း ချိန်တွယ် ၊ ချင်တွယ်ရာတွင် အလေးအချိန်ခိုးလာခြင်း
၆ ။ ။ သက်ဖျက်မူများ များပြားလားခြင်း
ရ ။ ။ မိန်းမအမိန့် နာခံကာ မိဘအမိန်ဖီဆံလာခြင်း
၈ ။ ။ အတိုး ၊ လောင်းကစား ၊ တီးမုတ်ကခုန်ခြင်း ၊ ဇိနာ ၊တီးမုတ်သည့်ကရိယာများ စသည်တို့ များပြာလာခြင်း
၉ ။ ။ ရုပ်တရက်သေသည့်အဖြစ်အဖျက်များ များပြားလာခြင်း

(ဂ) လက္ခနာအကြီးများ အနက်တချို့ မှာ.....
ကယာမသ်နီးရင်ဖြစ်မည့်လက္ခနာများဖြစ်သည် ။
ဟဇ်ရသ်အိမာမ်မဟ်ဒီ သခင်ပွင့်ပေါ်လာမည် ။ ထိုခေတ်မှာတွင် ဒဂ်ျဂျားလ်ပေူလာမယ် ။  မနက်ခင်းတစ်ခုမှာ ဟဇ်ရသ်အီစာ (အ .စ)ဆင်းသက်လာမယ် ။  ထိုအချိန်မှာ အိမာမ်မဟ်ဒီဟာ ရှေ့ ဆောင်အဖြစ်နမားဇ်ဖတ်ရန် အသင့်ရှိလျှက်ဖြစ်ပြီး အိကာမသ်ဆိုပြီးသည့်အချိန်ဖြစ်မယ် ။ အိမာမ် မဟ်ဒီသည် ဟဇ်ရသ်အီစာ(အ .စ)လာမ်ကို ရှေ့ ဆောင်ပြုရန်တောင်းဆိုလိမ္မည်။ သို့ သော် ဟဇ်ရသ် အီစာ(အ .စ)သခင်ကငြင်းလိမ္မည် ။ ထိုအခါ အိမာမ်မဟ်ဒီက ဖဂျရ်နမားဇ်ကို ဂျမာအသ်နဲ့ ရှေ့ ဆောင်အဖြစ် ဝတ်ပြုလိမ္မည် ။
နမားဇ်အပြီးတွင် တမန်တော် အီစာဟာ စစ်တပ်ကိုဦးစည်းလိမ္မည် ။ နောက်ပိုင်း နမားဇ်တွေမှာလဲ တမန်တော်အီစာ(အ.စ)သခင်သာ ရှေ့ ဆောင်အဖြစ်နမားဇ်ဖတ်လိမ္မည် ။ ဒဂ်ျဂျားလ်ဟာ တမန်တော်အီစာ(အ.စ)ကိုတွေ့ သည့်အခါ ဆားအရည်ပျော်သလို အရည်ပျော်လိမ္မည် ။ နောက်ဆုံးတမန်တော်အီစာနှင့် စစ်ဖြစ်လိမ္မည် ။ တမန်တော်အီစာ(အ.စ)သည် ဒဂ်ျဂျားလ်အား လုဒ် မည်သော တံခါးတွင် သက်လိုက်လိမ္မည် ။(လုဒ် တံခါးသည် လက်ရှိ အစ္စရေးတွင်ရှိသည် ။ ထိုနေရာတွင် လေစိတ်လဲရှီပေသည်) မုစ်လင်မ်တို့ သည် ဒဂ်ျဂျားလ်ရဲ့  ယဟူဒီးအပေါင်းအဖော်များကို ရွေးရွေးပြီးသက်လိမ္မည် ။ ကျန်တဲ့ အဟ်လိကသားဘ် (ခရိယာန်)အားလုံး အိမာန်လက္ခံလာလိမ္မည် ။ ထို့ နောက်အေးခြမ်းသွားလိမ္မည် ။ ထိုအခိုက် ယအ်ဂျူးဂ်ျ မအ်ဂျူးဂ်ျ များထွက်ပေါ်လာလိမ္မည် ။ တမန်တော်အီစာသည် မုစ်လင်မ်တို့ အား သူးရ် မည်သောတောင်ပေါ်သို့ ခေါ်သွားလိမ္မည် ။  ယအ်ဂျူးဂ်ျ မအ်ဂျူးဂ်ျ သည် မြို့ တွေကိုနင်းချေဖျက်စည်းပစ်မည် ။ တမန်တော်အီစာ(အ.စ)သခင်နဲ့ နောက်လိုက်များ အဝိုင်းခံရမည် ။ အစာရည်စာနည်းပါးမူကြောင့် ဒုက္ခနဲ့ ယဉ်ဆိုင်ရမည် ။ ထိုအခါ ဟဇ်ရသ်အီစာ(အ.စ)သည် ယအ်ဂျူးဂ်ျ မအ်ဂျူးဂ်ျ  အပေါ် ဘဒ်ဒိုအာလုပ်လိမ္မည် ။ ထိုအခါ ၎င်းတို့ ၏လယ်ပင်းမှာတွင်း အဖုများပေါက်လာလိမ္မည် ။ ထိုအဖုများကိုအကြောင်းပြုပြီးသူတို့ အားလုံးသေသွားလိမ္မည် ။
ထို့ နောက်မြေပြင်ပေါ်တွင် အေးချမ်းသာယာလာမည် ။ စိမ်းလမ်းဆိုပြေလာမည် ။ လူတွေအားလုံး တမန်တော်မြတ်(ဆွ)၏သာသနာတော်အတိုင်းလိုက်နာကျင့်သုံးလိမ္မည် ။ တိုအခါတွင်ကမ္ဘာတစ်ခုလုံးတွင် အစ္စလာမ်ဘာသာတစ်ခုတည်းသာရှိတော့မည် ။ နောက်ဆုံးမှာ တမန်တော်အီစာ ကွယ်လွန်သွားလိမ္မည် ။ ထို့ နောက် ခိလာဖတ်ရဲ့ အုပ်ချုပ်မူဖြစ်လိမ္မည် ။ တဖြေးဖြေး ဖိစ်က် ၊ ဖုဂျူးရ်ဖြစ်လာမည် ။ ပျက်စည်းလာမည် ။ ထို့ နောက် ကိယာမသ်ရဲ့  အလာမသ်ကြီးတစ်ခုထက်ပေါ်လာမည် ။ နေမင်းသည် အနောက်အရက်မှထွက်လာမည် ။ ထိုအခါ သောင်ဘဟ် တံခါးပိတ်သွားလိမ္မည် ။ ထို့ နောက်ပိုင်းမှာ အီမာလက္ခံလာသူတို့ ၏အီမာန်မှာ တရားမဝင်တော့ပေ ။ အရင်ကတည်းကသောင်ဘဟ်မလုပ်ခဲ့သူများရဲ့ သောင်ဘဟ်လည်း လက္ခံခြင်းခံရမည်မဟုတ်ပေ ။
ဒီအဖြစ်မဖြစ်မှီ တရက်အလို (သို့ ) တရက်နောက်တွင် ဒါးဘ္ဘသုလ်အရ်သွ် (ထူးဆမ်းသည့်တရိစ္ဆာန်တစ်ကောင်)ထွက်လာလိမ္မည် ။

နောက်ဆုံးတွင် လေနုအေးတစ်ခု ယမန်နိုင်ငံဘက်မှတိုက်ခိုက်လာလိမ္မည် ။ ယင်းလေနုအေးသည် မုအ်မင်အားလုံး၏ ဇီဝန်အာချုပ်ငြိမ်းပြစ်မည် ။ ထို့ နောက် လောကမှာ အလ္လာဟ် အလ္လာဟ် ဟုသသမည့်သူရှိတော့မည်မဟုတ်ပေ ။ ထို့ နောက် ကယာမသ်ဆိုက်ရောက်လာမည်ဖြစ်သည် ။
                             ဤသည်မှာ ဟဒီးစ်တော်များတွင်လာသည်တို့ အား အကျဉ်ချုံးရေးပေးလိုက်ခြင်းဖြစ်သည် ။ အကြယ်တဝန့် လေလာရန်သီးသန့် စာအုပ်များရေးသားထားလျှက်လည်းရှိပေသည် ။
                                       ကြည့် ဒရ်စေ့မုစ်လင်မ် စာမျက်နှာ ၄၈၅ ၊၄၈၆ ၊ ၄၈၇
                                                                         လေးစားစွာဖြင့်
                                                                                         ကိုသူhttp://www.mmolama.org/profiles/blogs/6529452:BlogPost:16802

အစလာ့မ်သမိုင်းစုစည်းမှု ကဏ္ဍ(၁)ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )၏အုပ်ချုပ်မှု အပိုင်း(2)

,
ရောမ နှင့် ခေါမ (ကိုင်စရ် ၊ ကစ်ရာ (သို့ ) ရူးမ် နှင့် အီရာန်)

ရောမ(ရူးမ် ၊ကိုင်စွရ်) နှင့် ခေါမ(ကစ်ရာ ၊ အီရာန်)တို့ သည် အစဉ်အလာအရ အရဗ်တို့ ကို အထင်အမြင်သေးလာသောနိုင်ငံများဖြစ်သည် ။ ၎င်းတို့ သည် အရဗ်တို့ အားမိမိတို့ ၏ကျွန်များဟု မှတ်ယူထားကြပေသည် ။ တမန်တော်မြတ်(ဆွ)သည် အီရာန်၏ဘရင် ခုစ်ရူပရ်ဝေဇ် အား အစ္စလာမ်သာသနာဘက်သို့ ဒအ်ဝသ်ပေးဖိတ်ခေါ်ရန် စာလွှာပေးပို့ သည့်အခါ အီရာဘုရင်သည် တမန်တော်မြတ်(ဆွ)၏စာလွှာအား "အိုးးးဟ် ..ငါ့ကျွန်ကများ ငါ့ကိုဒီလိုမျိုးစာရေးရဲသေးတယ် "ဟု ပြောဆိုကာဖြဲစုပ်လိုက်ခဲ့ပေသည် ။ (နအူဇုဗိလ္လာဟ်) ။ ထိုသို့ ပြောပြီးနောက် အီရာန်ဘုရင်သည် မိမိ၏လက်အောက်ခံနိုင်ငံဖြစ်သော ယီမင်နိုင်ငံ၏ ကိုယ်စလည်အုပ်ချုပ်သူအား တမန်တော်မြတ်(ဆွ)ကိုဖန်းစည်းရန် အမိန့် ပေးခဲ့ပေသည် ။
ရောမသားတို့ သည် ကနဦးကပင် အရဗ်တို့ အားတိုက်ခိုက်ရန်ရည်ရွယ်ချက်ရှိပြီးသားဖြစ်သည် ။ ရောမမင်းစပ်သည်အရဗ်တို့ ကိုအထင်သေးရုံမျှမက မိမိတို့ လက်အောက်ငယ်သားများကိုလည်းအလွန် ငြင်းပန်းနိပ်ဆက်ကြသူများဖြစ်သည် ။ ၎င်းတို့ ၏ရက်စက်သော ညင်းပန်းမူများကိုကြားရသူတိုင်းသည် ယနေ့ တိုင် ကြက်သီမွှေးဖြန်းဖြန်းထပေသည် ။၎င်းတို့ ၏ရက်စက်မူများကြောင့် ၎င်းတို့ ၏လက်အောက်ငယ်သားတို့ သည် လွန်စွာစိုးထိပ်ပူပန်နေခဲ့ကြရပေသည် ။ တိုက်ဆိုင်စွာဖြင့် ထိုအချိန်ကာလအတွင်း အီရာန်နိုင်ငံတွင် ပြဿနာများအကြီးအကြယ်ပေါ်ပေါက်လာခဲ့ပေသည် ။ အရဗ်နှင့်အီရာန်နယ်ကြားရှိမျိုးနွယ်စုများသည် များသောအားဖြင့် အီရာနိုင်ငံ၏ ဖိနှိပ်ချုပ်ချယ်မူများ ၊ ရက်စက်မူများကို အမြဲမျိုသိပ်ခံစားလာခဲ့ရသည် ။ ယင်းမျိုးနွယ်စုများသည် ဒီအခြေအနေကိုသိရှိရသည့်အခါ အီရာန် နယ်စပ်အားတိုက်ခိုက်စပြုလာကြတော့သည် ။ ၎င်းနောက် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်အား မိမိတို့ ကိုကယ်တင်ရန်အကူညီတောင်းလာတော့သည် ။ ဟဇ်ရသ်အဗူကရ်(ရသွေ့ )သခင်၏ရည်ရွယ်ချက်မှာ တစ်ဘက်တွင် ဒုက္ခရောက်နေသော ဖိနှိပ်ခံလူသားများကိုကယ်တင်ရန်ဖြစ်၍ တခြားတစ်ဖတ်တွင် အိအ်လာအိကလိမသိလ္လာဟ် အလ္လာဟ်အသျှင်မြတ်၏အမိန့် တော်များအား ၎င်းတို့ ၏နားထဲသို့ ပို့ ချပေးရန်လည်းဖြစ်သည် ။ သို့ ဖြစ်သောကြောင့် ဒီတောင်းဆိုမူကိုလက်ခံခဲ့ပေသည် ။ ထို့ နောက် ဟဇ်ရသ် ခါလိဒ်ဘင်န်ဝလီးဒ် (ရသွေ့ )သခင်ကို စစ်ဦးစည်းချုပ်ခန့် ၍ အီရာန်နိုင်ငံသို့  စစ်တပ်(၁)တပ်အား ချည်တက်စေခဲ့သည် ။ ယင်းစစ်တပ်သည် တိုက်ပွဲအနည်းမျှသာပြုလုပ်၍ အီရာန်နိုင်ငံ၏ နယ်မြေများစွာကိုသိမ်းပိုက်နိုင်ခဲ့ပေသည် ။
                                                                         လေးစားစွာဖြင့်
                                                                                     ကိုသူ(နိုအိုင်းမ်)
http://www.mmolama.org/profiles/blogs/2-1

အစလာ့မ်သမိုင်းစုစည်းမူ ကဏ္ဍ(၁)ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )၏အုပ်ချုပ်မှု အပိုင်း(၁)

,
ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်နှင့်ပက်သက်၍ မသိသည့်မုစ်လင်မဟူ၍မရှိနိုင်ပေ ။ တမန်တော်မြတ်(ဆွ)ဝဖါးသ်ဖြစ်ပြီးနောက် ဆွဟာဗာ(ရသွေ့ )သခင်တို့ သည် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်အား မိမိတို့ ၏ခေါင်းစောင်အဖြစ်ရွေးချယ်လိုက်ကြသည် ။ ထို့ အတူဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်အား တမန်တော်မြတ်(ဆွ)၏ခလီဖာအဖြစ်ရွေးချယ်လိုက်ကြပေသည် ။ ဟဇ်ရသ်အဗူဗကရ် (ရသွေ့ )သခင်သည် မုစ်လင်မ်တို့ ၏ ပထမဆုံးခလီဖာဖြစ်ပေသည် ။ ခလီဖာကြီး(၄)ပါးအနက်ပထမဆုံးခလီဖာဖြစ်ပေသည် ။

ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )ခလီဖာဖြစ်သည့်အချိန်တွင် နိုင်ငံ၏အခြေအနေမှာအလွန်ယိမ်းယိုင်လျှက်ရှိပေသည် ။ ပြည်တွင်းတွင် ပြည်ပအမျိုးပြသနာများရှိနေခဲ့ပေသည် ။ပြည်တွင်း၌ တစ်မှာ အရဗ်မျိုးနွယ်စုများမုရ်သဒ်ဖြစ်နေသလို တခြားတစ်ဖတ်မှာ မုစိုင်လမဟ်ကဇ်ဇားဗ် ၊ အစ္စအန်စီ အစရှိသည့်နေရာမက်သူအသီးသီးတို့ မှာ မိမိကိုမိမိ နဗီဟုကြွေးကြော်နေကြပေသည် ။ အစ္စလာမ်သာသနာကိုသက်ဝန်ယုံကြည်သူများအထဲတွင်လည်း လူအများစုတို့ မှာ ဇကားသ်မပေးတော့ဟုဆိုကာ ဇကားကိုငြင်းဆန်မူများပြုလုပ်လာကြပေသည်။ တခြားတစ်ဖတ်တွင် ပြည်ပမှ ဝင်ရောက်တိုက်ခိုက်ရန် အချိန်တိုင်းဆိုးရိမ်နေရပေသည် ။ ဟဇ်ရသ်အဗူဗကရ်သည် အခြေအနေတွေကိုသေခြားစမ်းစစ်ကာ အောက်ပါအတိုင်းဆုံးဖျက်ချက်ချမှတ်လေသည် ။
ပထမဦးစွာ ဟဇ်ရသ်အုစာမာ(ရသွေ့ )သခင်အား စီရီယားနိုင်ငံဘက်သို့ စစ်ချည်တပ်ရန်အမိန့် ထုပ်ပြန်ခဲ့လေသည် ။ အကြောင်းမှာ တမန်တော်မြတ်(ဆွ)သည် ဝဖားသ်မဖြစ်မည်အလျှင် ဟဇ်ရသ်အုစာမဟ်(ရသွေ့ )ကိုခေါင်းစောင်ခန့် ၍ စစ်တပ်တစ်ခုအားစီရီယားနိုင်ငံသို့ ချီတပ်ရန်အမိန့် ထုပ်ပြန်ခဲ့ပေသည် ။ စစ်တပ်မှ ချည်တက်ရန်အစဉ်သင့်ဖြစ်နေပြီးဖြစ်သော်ငြားလည်း တမန်တော်မြတ်(ဆွ)၏ကျမ်းမားရေးအခြေအနေကြောင့် ခေတ္တရပ်တန့် နေရခြင်းဖြစ်သည် ။ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် ခလီဖာဖြစ်သည်နှင့်တပြိုင်နက်တည်း ပမဦးစွာ ကိုယ်တော်မြတ်(ဆွ)၏ အစီစဉ်အား ကိုယ်တော်မြတ်(ဆွ)မိန့် တော်မူခဲ့သည့်အတိုင်းအကောင်အထည်ဖော်ခဲ့လေသည် ။ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်သည် ငယ်ရွယ်သော ဆွဟာဘီတစ်ပါးဖြစ်သည် ။ ဤသည်ပမဆုံးဦးစောင်မူဖြစ်သည် ။ ထို့ အပြင် ပြည်ပရှိ စူပါပါဝါနိုင်ငံတစ်ခုနှင့်ဆင်နွှဲရမည့်စစ်ပွဲလည်းဖြစ်သည် ။ တဖတ်ကပြည်တွင်းအခြေအနေမှာအလွန်းစိုးမတ်ဖွယ်ဖြစ်သည် ။ ထို့ အတွက် ယ္ခုကဲ့သို့ ပြည်ပရှိစူပါဝါနိုင်ငံတစ်ခုဖြင့် စစ်စင်နွဲရန် အချိန်အခါမသင့်ဟု တချို့ သောဆွဟာဗာများက ထင်မှတ်ခဲ့ကြသည် ။ ထို့ အတွက် ဟဇ်ရသ်အဗူဗကရ် (ရသွေ့ )သခင်အား အကြိမ်ကြိမ် မရှ်ဝရဟ်ပြုခဲ့ပေသည် ။  တချို့ သော် ဆွဟာဗာများမှာမူ စစ်တွက်မည်ဆိုပါကလဲ တခြားအတွေ့ အကြုံရင့်ကြပ်သည့်ဆွဟာဘာ(ရသွေ့ )သခင်တစ်ပါးအားခေါင်းစောင်အဖြစ်သတ်မှတ်ရန်မျော်လင့်ခဲ့ကြသည် ။သို့ သော် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် ကိုယ်တော်မြတ်(ဆွ)သက်မှတ်ခဲ့သည့်အတိုင်း ဟဇ်ရသ်အုစာမဟ်(ရသွေ့ )သခင်ကိုသာ ခေါင်းစောင်အဖြစ်သက်မှတ်ခဲ့သည်။ ၎င်းနောက်မိန့် တော်မူသည်မှာ .........
"တမန်တော်မြတ်(ဆွ)သည် ဟဇ်ရသ်အုစာမာ(ရသွေ့ )သခင်၏စစ်တပ်ကို စီရီယားနိုင်ငံသို့ ချီတပ်ရန်အမိန်ထုပ်ပြန်ခဲ့ပြီးပြီဖြစ်သည် ။ တမန်တော်မြတ်(ဆွ)ကိုအကြောင်းပြု၍ကျွန်ုပ်တို့ အားလမ်းမှန်တရားကိုပြပေးသနားခဲ့သော်မူသောအလ္လာဟ်အသျှင်မြတ်၏ကစမ်
တမန်တော်မြတ်(ဆွ)၏အမိန့် အတိုင်းသာမုချဥဿုံ ကျင့်သုံးကြရမည်ဖြစ်သည် "
ဤသည်ကား တမန်တော်မြတ်(ဆွ)ချစ်သည့်သခင်၏ ဂျဇ်ဘဟ်သာဖြစ်သည် ။သို့ ဖြစ်ပေရာ ဟဇ်ရသ်အုစာမဟ်ရသွေ့ သခင်သည် စစ်တပ်အားဦးစည်း၍ စစ်ချည်တပ်ခဲ့သည် ။ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် မြင်းဇတ်ကြိုးကိုကိုင်၍ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်အား မြို့ ပြင်ထိ လိုက်ပို့ ပေးခဲ့သည် ။ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်သည် အသက်ငယ်ရွယ်သော စွဟာဗီဖြစ်သည် ။ ထို့ အတွက်ကြောင့် ကြိမ်ဖန်များစွာ အောက်စင်းရန်တောင်းဆိုခဲ့သည် ။ ကြိုးစားခဲ့သည် ။ သို့ သော် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် လုံးဝလက်မခံခဲ့ပေ ။ ဤသည်ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်၏ တန်ဖိုးမဖြတ်နိုင်သည့် သဝါဇုအ်ဖြစ်သည် ။ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်သည် ရက်အနည်းငယ်အတွင်းမှာပင် ရန်သူအားအောင်နိုင်မူရယူလျှက် သုံးပန်းပစ္စည်းအမြောက်အများယူစောင်ကာ ပြန်လည်ရောက်ရှိလာခဲ့ပေသည်။
တဘက်မှာ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်၏စစ်တပ်အား ပြည်ပရှိရန်သူများနှင့်စစ် စင်နွှဲရန်စေလွှတ်ထားပေသည် ။ တခြားတစ်ဘက်တွင် ဟဇ်ရသ်ခါလိဒ်ဘင်န်ဝလီးဒ်(ရသွေ့ )သခင်အား မုစိုင်လမဟ်ကဇ်ဇားဘ်မည်သော်နဗီတုအား ခြေမုန်းရန် အလိုငှာ စစ်တပ်တစ်ခုပေးကာ စေလွှတ်ခဲ့ပေသည် ။ တဆက်တည်းမှာပဲ ဇကားသ်မပေးသော ၊ဇကားသ်ငြင်းဆန်သောသူများကို စစ်စင်နွှဲရန်အမိန့် ထုပ်ပြန်ခဲ့ပေသည် ။ ထို့ သို့ အမိန့် ထုပ်ပြန်သည့်အခါတွင်လည်း ဆွဟာဗာ(ရသွေ့ )သခင်တို့ သည် ဤသို့ မပြုရန်မရှ်ဝရဟ်ပြုခဲ့ကြပေသည် ။ ထိုသို့ မရှ်ဝရဟ်ပြုသည့်အခါ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် ဓါးကိုယူကာအမိန့် ရှိတော်မူသည်မှာ ...
"အလ္လာဟ်အသျှင်မြတ်၏ကစမ် ! ဤပုဂ္ဂိုလ်များသည် တမန်တော်မြတ်(ဆွ)ခေတ်ကာလတွင်ပေးလေ့ပေးထရှိသည့် (မပြောပလောက်သည့်)ကြိုးတစ်ပင်မျှကိုသာ "မပေးတော့" ဟုငြင်းလျှင်လည်း မုချဧကန်ထိုသူများနှင်စစ်စင်နွှဲမည်သာဖြစ်သည်" ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်၏ ဤပျက်သားသည့်ဆုံးဖျက်ချက်ကိုကြားရပြီးသည့်နောက် အားလုံးငြိမ်သက်သွားခဲ့လေသည် ။ ထို့ နောက် စစ်တပ်တွေချည်တပ်စပြုခဲ့ပေသည် ။
ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် ရောဂါ၏ စစ်မြေ့ ကို သိရှိမူနှင့်စက်လျဉ်း၍ မည်သို့ မှအငြင်းဝင်ဖွယ်မရှိပေ ။ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်၏ ဤဆုံးဖျက်မူကိုအကြောင်းပြု၍ တစ်နိုင်ငံလုံး ညိမ်ဝတ်ပိပြားကာ ပြည်တွင်းတွင်အေးချမ်းမူများရရှိခဲ့ပေသည်။ ၎င်းနောက်လူတိုင်း၏ နှစ်လုံးသားထဲတွင် အစ္စလာမ်၏တောင်တန်းမူ ၊ အင်အားကြီးမာမူမှာ ကိန်းအောင်းသွားခဲ့လေသည် ။ အင်အားမတောင့်တင်းပါက ဤသို့ လုံးဝလုပ်နိုင်မည်မဟုတ်ဟုသုံးသက်ကြလေတော့သည် ။ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်အထက်ပါလုပ်စောင်မူကြောင့် ရန်သူအားလုံး၏အန္ဒရယ်များ ချုပ်ငြိမ်းသွားခဲ့ပေသည် ။၎င်း နောက် တိုက်ခိုက်မူပြုရန်မလိုပဲ တောင်သောင်းချည်သည့်လူများသည် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်၏လက်အောက်သို့ ရောက်ရှိလာခဲ့ကြပေသည်။ တိုက်ခိုက်ရန်လာသည့်ရန်သူတို့ မှာလည်း တုန်လှုပ်ခြောက်ခြား ကြောက်လန့် ကာ စစ်အနည်းငယ်စင်နွှဲပြီသည်နှင့် လက်နှက်ချအရှုံးပေးလိုက်ကြတော့သည် ။ မုစိုင်လမဟ်နှင့်တခြားသောအပေါင်းအဖာတို့ မှာ သက်ဖျက်ခြင်းခံခဲ့ရပေသည် ။ ၎င်းနောက် နိုင်ငံ၏ (၄)ဘက် (၄)လျံတွင် အစ္စလာမ်၏အရှိန်အဝါထွန်းတောက်ခဲ့လေသည် ။
                                လေးစားစွာဖြင့်
                                              ကိုသူ(နိုအိုင်းမ်)
http://www.mmolama.org/profiles/blogs/6529452:BlogPost:17207
 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates