مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٍ مِّن رِّجَالِكُمْ وَلَـٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّينَ وَكَانَ ٱللَّهُ بِكُلِّ شَيْءٍ عَلِيماً
အာယသ်တော်၏အဓိပ္ပါယ် ။ ။
"မဟမ္မဒ်"သည် အသင်တို့ ယောက်ကျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ ဖခင်မျှမဟုတ်ပေ ။
စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း ၊
နဗီတမန်တော်အပေါင်းတို့ (၏ နုဗုဝါတ် )ကို အဆုံးသက်သူသည် လည်းကောင်း ၊ဖြစ်ပေသည် ။ အမှန်စင်စစ် အလ္လဟ်အသျှင်မြတ်သည် အရာခပ်သိမ်းတို့ ကို ကြွေင်းမဲ့ သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည် ။
(၃၃.၄၀)စူရစ်အဟ်ဇာဗ်
(ဒီအာယသ်တော်နှင့်ဆက်လျှင်း၍ ဆက်လက်လေ့လာလို့ ပါမူ ဒီမှာ နိပ်လိုက်ပါ ။)
အထက်ပါအယသ်တော်အရ တမန်တော်မြတ်(ဆွ)၏ နောက်ဆုံးနဗီဖြစ်ခြင်းမှာ နေ့ ခင်းနေ့ လည်မှာ နေထွက်နေသည်ထက်ပင် ပို၍ရှင်းလင်းပေသည်။ လပြည့်ညမှာလသာနေသည်ထက်ပို၍ ထင်ရှားပေသည် ။ အသိကလက်ခံပေမဲ့  မျက်စိနဲ့ မြင်ချင်သေးတယ်ဆိုရင် ခေါင်းကိုမော့လိုက်ရုံပဲလိုတော့တယ် ။ မျက်နှာလွဲထားလို့ ကတော့ ဘာမှထူးလာမှာမဟုတ်ပါ ။
ဒီယုံကြည်အား အွမ္မသ်သူ အွမ္မသ်သားများအားလုံး တမန်တော်မြတ်(ဆွ)ခေတ်မှ ယနေ့ တိုင် တညီတညွတ်တည်း လက်ခံထားပေသည် ။ ခသ်မုန္နဘုဝါသ် ကို ယုံကြည်ခြင်းနှင့်ဆက်လျှင်း၍ မြောက်များစွာသော အာယသ်တော်များ ၊ ဟဒီးစ်တော်များက ရှင်းလင်းစွာညွန်ကြားထောက်ပြလျှက်ရှိပေသည် ။ ဒီယုံကြည်ချက်သည် ဇရူရိယားသိဒီးန် ထဲတွင်ပါဝင်ပေသည် ။ ဒီယုံကြည်ချက်ကိုလက်မခံသူ ၊ ဝေ့လယ်ကြောင်ပတ်လုပ်ခါ ငြင်းပယ်သူသည် ကာဖိရ်ဖြစ်၏ ..ဆွဟာဗာ(ရသွေ့ )သခင်များခေတ်၌သောလည်းကောင်း ၊ ၎င်းတို့ ၏နောက်ပိုင်းခေတ်များတွင်လည်းကောင်း ခသ်မုန္နဘုဝါသ်(တမန်တော်မြတ်(ဆွ)နဗီချုပ်ဖြစ်ခြင်း ၊နောက်ဆုံးနဗီဖြစ်ခြင်း )ကို ငြင်းပယ်သူအား (စစ်မှန်သည့်သောင်ဘဟ်မလုပ်လျှင်) ကာဖိရ်ဟုသက်မှတ်ကာ တညီတညွတ်တည်းသေဒါန် ချမှတ်လျှက်ရှိခဲ့ပေသည် ။
သို့ သောငြာလည်း ...
တမန်တော်မြတ်(ဆွ)မိန့် တော်မူသည်မှာ
"ဒီအုမ္မသ်တွင် ဒဂ်ျဂျားလ် (၃၀)ပေါ်လာလိမ့်မည် ။ ဒါဂ်ျဂျာလ်တစ်ကောင်တိုင်းသည် မိမိကိုမိမိ နဗီဟုကြွေကြော်လိမ့်မည်" ...
တမန်တော်မြတ်(ဆွ)၏အထက်ပါအမိန့် အတိုင်း ခေတ်အဆက်ဆက်၌ မိမိကိုမိမိ နဗီဟုကြွေးကြော်သော ဒဂ်ျဂျားလ်များပေါ်ထွက်ခဲ့ပေသည် ။
တမန်တော်မြတ်(ဆွ)ခေတ်တွင်
ပအစ်ဝဒ် အန်စီနှင့် မုစိုင်လမဟ် ကဇ်ဇားဗ် တို့ သည် မိမိကိုမိမိ နဗီဟုကြွေးကြော်ခဲ့ပေရာ ၎င်းတို့ အား နဗီတမန်တော်မြတ်(ဆွ)၏ အမန့် တော်ဖြင့် ဆွဟာဗာ(ရသွေ့ )သခင်များက သုပ်သင်ရှင်းလင်းခဲ့ပေသည် ။ အစ်ဝဒ်အန်စီကတော့ တမန်တော်မြတ်(ဆွ) ဝဖါးသ် မဖြစ်မည် ဟဇ်ရသ်ဖိုင်ရိုးဇ် ဒိုင်လမီ(ရသွေ့ )သုပ်သင်မူကြောင့် ဂျဟန္နမ်ရောက်ခဲ့လေသည် ။ မုစိုင်လမဟ်ကတော့ တမန်တော်မြတ်(ဆွ)ရှိစဉ်အခိုက် အဆုံးမသက်ခဲ့ပေမဲ့ ဟဇ်ရသ်အဗူဗကရ်လက်ထက်တွင် ယမာမဟ်စစ်ပွဲ၌ ဆွဟာဘာ(ရသွေ့ )တို့ သည် ၎င်းအား သေဒါန် ခတ်ခဲ့ပေသည် ။
ဟဇ်ရသ်အဗူဘကရ်(ရတွေ့ )ခေတ်တွင်
မုစိုင်လမဟ်အကြေင်းကတော့ အထက်မှာရေးခဲ့ပြီးပြီး ..
နောက်တစ်ယောက်မှာတော့ သုလိုင်ဟဟ် အစဒီပင်ဖြစ်သည် ။ ၎င်းသည် မိမိကိုမိမိ နဗီဟုကြွေးကြော်ခဲ့လေရာ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သည် ၎င်းအား အဆုံးသက်ပေးရန် ဟဇ်ရသ် ခါလိဒ် ဘင်န် ဝလီးဒ် (ရသွေ့ )သခင်အား စေလွတ်ခဲ့ပေသည် ။ သုလိုင်ဟသည် ရှားမ်နယ်မြေသို့  သိမ်းရှောင်ထွက်ပြေးခဲ့လေသည် ။ ထို့ နောက် ဟဇ်ရသ်အဗူဗကရ် (ရသွေ့ ) ဝဖားသ်ဖြစ်ပြီးနောက် မုစ်လင်မ် ပြန်ဖြစ်သွားလေသည် ။
အဗ်ဒုလ်မလိက် ဘင်န် မရ်ဝါးန် ခေတ်တွင်
အဗ်ဒုလ်မလိက် ဘင်န် မရ်ဝါးန် ခေတ်တွင် ဟာရိစ်လို့ မည်သည့် ပုဂ္ဂိုလ် တစ်ဦးသည် မိမိကိုမိမိ နဗီဟုကြွေးကြော်လာသောအခါ အဗ်ဒုလ်မလိက်ဘင်န်မရ်ဝါးန်သည် သာသနာ့ပညာရှင်အားလုံးထံမှ တညီတညွတ်တည်းဆုံးဖျက်သည့်ဖသ်ဝါကိုရရှိပြီးနောက် ၎င်းကြိုးစဉ်တင်ကား သေဒါန် ချမှတ်ခဲ့လေသည် ။
ဟာရူးန် ရရှီးဒ် ၏ခေတ်တွင်
ဟာရူးန် ရရှီးဒ် ၏ခေတ်တွင် လူတစ်ယောက်သည် မိမိကိုမိမိ တမန်တော်နူးဟ် (အ.စ)သခင်ဖြစ်ပါသည်ဟု ကြွေးကြော်လာခဲ့လေည် ။ ၎င်း၏ ကြွေးကြော်မူအရ "တမန်တော်နူးဟ်အသက်မှာ ၁၀၀၀ တစ်ထောင်အပြည့်ဖြစ်သည် ။ တမန်တော်နူးဟ်သည် နှစ်ပေါင်း ၉၅၀ လောက၌နေသွားခဲ့လေသည် ။ သို့ ဖြစ်ပေရာ ကျန်သည့် နှစ်ငါးဆယ်ကိုဖြည့်ရန် ၎င်းသည် တမန်တော်နူးဟ်အဖြစ်ပြန်လာရခြင်းဖြစ်သည်"
သို့ ဖြစ်ပေရာ ဟာရူးန် ရရှီးဒ် သည် မိမိခေတ်ရှိအိုလာမဟ်များထံမှာ တညီတညွတ်တည်းဆုံဖျက်သည့်ဖသ်ဝါကိုရပြီးနောက် ၎င်းအား သေဒါန် ချမှတ်ခဲ့ပေသည် ။
ကျွန်ုပ်တို့ ၏ခေတ်တွင်
မုစိုင်လမဟ် ပန်ဂျားဗ် မည်သော မိရ်ဇာဂုလားမ်အဟ်မဒ် ကာဒီယာနီ သည်မိမိ ကိုမိမိ နဗီဟုကြွေးကြော်လာခဲ့သည် ။ ထိုသို့ ကြွေးကြော်ယုံပင်မက ၎င်းသည် ကုရ်အားန် ၊ ဟဒီးစ် အမြောက်အများကို ကပြောင်းကပြန်ပြုလုပ်ခဲ့သည် ။ ယနေ့ ခေတ်တွင် ယင်းနဗီတုအား နောက်လိုက်သူများလည်းရှိပေသည် ။ ၎င်းတို့ အား ကာဒီယာနီ ဟု မည့်ခေါ်ခြင်းခံရပေသည် ။ ၎င်းတို့ သည် မိမိကိုမိမိ မုစ်လင်မ် ဟုကြွေးကြော်သောငြားလည်း မည်သည်မုစ်လင်မ်ကမှ ၎င်းတို့ အား မုစ်လင်မ်ဟု မသက်မှတ်ပါ ။ အမှန်စဉ်စစ်၎င်းတို့ မှာ ဗြိတိသျှလက်ပွားစေများဖြစ်ကြပေသည် ။ ဗြိတိသျှတို့ သည် ၎င်းတို့ အား အစ္စလာမ်သာနာကို ချစားစေရန်အလို့ ငှာ မွေးလိုက်ခြင်းဖြစ်ပေသည် ။ (လက်ပွားစေဖြစ်ကြောင်းနှင့်စက်လျှင်း၍... အင်ရှာအလ္လာဟ် ...သက်သက် ပို့ စ် တစ်ခုရေးပါပါမည်) အစ္စလာမ်အားလုံးသည် တမန်တော်ခတ်မှာ ယနေ့ တိုင် နဗီတုကြေညာသူနှင့် ၎င်းအား ယုံကြည်လက်ခံသူ ၊နောက်လိုက်သူတို့ ကို ကာဖိရ်ဟုသက်မှတ်ခဲ့သေည် ။သေဒါန် ချမှတ်ခဲ့လေသည် ။ သေဒါန်သည် သာလျှုင် ၎င်းဒဂ်ျဂျားလ်တို့ အဖို့  ထိုက်တန်သည့် အပြစ်ဖြစ်ပေသည် ။ ကာဒီယာနီနှင့်ဆက်လျှင်း၍ ယနေ့ ခေတ်ဖသ်ဝါတချို့ ကို ကျွန်တော် အရင်က တင်ပြဖူးပါသည် ။