Friday, June 1, 2012

ကျန်တဲ့ တစ်ပြား အသင့်အဖို့ သာ

,
ဝကီးအ်အိဗ်နုလ် ဂျရ်ရားဟ် (ရဟေ့)သခင်က ဆင့်ပြန်ခဲ့သည် ။ ကျွန်တော်တို့  အီမာမ် အဗူဟနီးဖာ(ရဟေ့)သခင်၏ ထိုင်ဝိုင်းတွင် ထိုင်နေစဉ် အခိုက် အမျိုးသမီးတစ်ဦး သည် အိမာမ် အဗူဟနီဖာထံသို့ ရောက်ရှိလာခဲ့လေသည် ။ ထို့ နောက် အိမားမ် ဆွဟိဗ်အား မေးမြန်လေသည် ။
အမျိုးသမီး ။ ။ ကျွန်မအကိုသေသွားပြီ ။ အကိုက ရွှေဒင်္ဂါး ၆၀၀ အမွေချန်ထားခဲ့တယ် ။ဒါပေမဲ့ ကျွန်မ အဲဒီရွှေဒင်္ဂါးတွေထဲက ရွှေဒင်္ဂါး တစ်ပြားပဲရတယ် ။
အိမားမ်ဆွာဟိင်္ဗ ။ ။ အမွှေဘယ်သူခွဲပေးတာလဲ ??
အမျိုးသမီး ။ ။ ဒါဝူးဒ် သွာအီ(ရဟေ့ ) ။ (မှတ်ချက် ။ ။ ဒါဝူးဒ် သွာအီ သည်အိမာမ်ဆွာဟိဗ်ရဲ့ တပည့်ကျော်များအနက်မှ အလွန်အိဗာဒသ်လုပ်ပြီး ဒွန္နယာကိုစိတ်မဝင်စားတဲ့ ဇာဟိဒ်သူတော်စဉ် တစ်ဦးဖြစ်သည် ။)
အိမားမ် ဆွာဟိဗ် ။ ။ ဤသည်သာလျှင်(ရွေးဒင်္ဂါးတစ်ပြားသာလျှင်) အသင်၏ဝေစုဖြစ်၏ ။
ထိုနောက်အိမားမ်ဆွာဟိဗ်က လာရောက်မေးမြန်းသူအမျိုးသမီးအား မေးခွန်းတချို့ စမေးလေတော့သည် ။
အိမားမ်ဆွာဟိဗ် ။ ။ ကောင်းပြီး .အသင့်ရဲ့ အကိုကသမီး(၂)ယောက်ချန်ခဲ့တယ်မဟုတ်လား ??
အမျိုးသမီး ။ ။ဟုတ်ကဲ့
အိမားမ်ဆွာဟိဗ် ။ ။ သေသူရဲ့ အမေ ရှိသေးတယ်မဟုတ်လား??
အမျိုးသမီး ။ ။ဟုတ်ကဲ့
အိမားမ်ဆွာဟိဗ် ။ ။ သေသူရဲ့  မိန်းမရှိသေးတယ်မဟုတ်လား ??
အမျိုးသမီး ။ ။ ဟုတ်ကဲ့
အိမားမ်ဆွာဟိဗ် ။ ။ ညီကို(၁၁)ယောက် ။ နှမတစ်ယောက် ချန်ခဲ့တယ်မဟုတ်လား ??
အမျိုးသမီး ။ ။ ဟုတ်ကဲ့
ထိုအခါ အိမားစွာဟိဗ်က အောက်ပါအတိုင်း စတင်ဖြေရှင်းလေတော့သည် ။
သမီး(၂) ယောက် အဖို့  သုံးပုံ နှစ်ပုံ = ၄၀၀(ရွှေဒင်္ဂါး)
အမေ .........အဖို့  ချောက်ပုံတစ်ပုံ =၁၀၀  (     ။     )
မိန်းမ..............အဖို့  ရှစ်ပုံတစ်ပုံ    =၇၅   (     ။    )
ညီကို (၁၂) အဖို့   = ၂၄ (ရွေဒင်္ဂါး တစ်ယောက် ရွှေဒဂါင်္း (၂)ပြားကျစီ ။
ကျန်တဲ့ ရွှေဒင်္ဂါတစ်ပြားမှာ အသင့်အဖို့  အဖြစ်သည် ။

0 comments to “ကျန်တဲ့ တစ်ပြား အသင့်အဖို့ သာ”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates