Thursday, November 8, 2012

အစလာ့မ်သမိုင်းစုစည်းမူ ကဏ္ဍ(၁)ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )၏အုပ်ချုပ်မှု အပိုင်း(၁)

,
ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်နှင့်ပက်သက်၍ မသိသည့်မုစ်လင်မဟူ၍မရှိနိုင်ပေ ။ တမန်တော်မြတ်(ဆွ)ဝဖါးသ်ဖြစ်ပြီးနောက် ဆွဟာဗာ(ရသွေ့ )သခင်တို့ သည် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်အား မိမိတို့ ၏ခေါင်းစောင်အဖြစ်ရွေးချယ်လိုက်ကြသည် ။ ထို့ အတူဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်အား တမန်တော်မြတ်(ဆွ)၏ခလီဖာအဖြစ်ရွေးချယ်လိုက်ကြပေသည် ။ ဟဇ်ရသ်အဗူဗကရ် (ရသွေ့ )သခင်သည် မုစ်လင်မ်တို့ ၏ ပထမဆုံးခလီဖာဖြစ်ပေသည် ။ ခလီဖာကြီး(၄)ပါးအနက်ပထမဆုံးခလီဖာဖြစ်ပေသည် ။

ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )ခလီဖာဖြစ်သည့်အချိန်တွင် နိုင်ငံ၏အခြေအနေမှာအလွန်ယိမ်းယိုင်လျှက်ရှိပေသည် ။ ပြည်တွင်းတွင် ပြည်ပအမျိုးပြသနာများရှိနေခဲ့ပေသည် ။ပြည်တွင်း၌ တစ်မှာ အရဗ်မျိုးနွယ်စုများမုရ်သဒ်ဖြစ်နေသလို တခြားတစ်ဖတ်မှာ မုစိုင်လမဟ်ကဇ်ဇားဗ် ၊ အစ္စအန်စီ အစရှိသည့်နေရာမက်သူအသီးသီးတို့ မှာ မိမိကိုမိမိ နဗီဟုကြွေးကြော်နေကြပေသည် ။ အစ္စလာမ်သာသနာကိုသက်ဝန်ယုံကြည်သူများအထဲတွင်လည်း လူအများစုတို့ မှာ ဇကားသ်မပေးတော့ဟုဆိုကာ ဇကားကိုငြင်းဆန်မူများပြုလုပ်လာကြပေသည်။ တခြားတစ်ဖတ်တွင် ပြည်ပမှ ဝင်ရောက်တိုက်ခိုက်ရန် အချိန်တိုင်းဆိုးရိမ်နေရပေသည် ။ ဟဇ်ရသ်အဗူဗကရ်သည် အခြေအနေတွေကိုသေခြားစမ်းစစ်ကာ အောက်ပါအတိုင်းဆုံးဖျက်ချက်ချမှတ်လေသည် ။
ပထမဦးစွာ ဟဇ်ရသ်အုစာမာ(ရသွေ့ )သခင်အား စီရီယားနိုင်ငံဘက်သို့ စစ်ချည်တပ်ရန်အမိန့် ထုပ်ပြန်ခဲ့လေသည် ။ အကြောင်းမှာ တမန်တော်မြတ်(ဆွ)သည် ဝဖားသ်မဖြစ်မည်အလျှင် ဟဇ်ရသ်အုစာမဟ်(ရသွေ့ )ကိုခေါင်းစောင်ခန့် ၍ စစ်တပ်တစ်ခုအားစီရီယားနိုင်ငံသို့ ချီတပ်ရန်အမိန့် ထုပ်ပြန်ခဲ့ပေသည် ။ စစ်တပ်မှ ချည်တက်ရန်အစဉ်သင့်ဖြစ်နေပြီးဖြစ်သော်ငြားလည်း တမန်တော်မြတ်(ဆွ)၏ကျမ်းမားရေးအခြေအနေကြောင့် ခေတ္တရပ်တန့် နေရခြင်းဖြစ်သည် ။ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် ခလီဖာဖြစ်သည်နှင့်တပြိုင်နက်တည်း ပမဦးစွာ ကိုယ်တော်မြတ်(ဆွ)၏ အစီစဉ်အား ကိုယ်တော်မြတ်(ဆွ)မိန့် တော်မူခဲ့သည့်အတိုင်းအကောင်အထည်ဖော်ခဲ့လေသည် ။ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်သည် ငယ်ရွယ်သော ဆွဟာဘီတစ်ပါးဖြစ်သည် ။ ဤသည်ပမဆုံးဦးစောင်မူဖြစ်သည် ။ ထို့ အပြင် ပြည်ပရှိ စူပါပါဝါနိုင်ငံတစ်ခုနှင့်ဆင်နွှဲရမည့်စစ်ပွဲလည်းဖြစ်သည် ။ တဖတ်ကပြည်တွင်းအခြေအနေမှာအလွန်းစိုးမတ်ဖွယ်ဖြစ်သည် ။ ထို့ အတွက် ယ္ခုကဲ့သို့ ပြည်ပရှိစူပါဝါနိုင်ငံတစ်ခုဖြင့် စစ်စင်နွဲရန် အချိန်အခါမသင့်ဟု တချို့ သောဆွဟာဗာများက ထင်မှတ်ခဲ့ကြသည် ။ ထို့ အတွက် ဟဇ်ရသ်အဗူဗကရ် (ရသွေ့ )သခင်အား အကြိမ်ကြိမ် မရှ်ဝရဟ်ပြုခဲ့ပေသည် ။  တချို့ သော် ဆွဟာဗာများမှာမူ စစ်တွက်မည်ဆိုပါကလဲ တခြားအတွေ့ အကြုံရင့်ကြပ်သည့်ဆွဟာဘာ(ရသွေ့ )သခင်တစ်ပါးအားခေါင်းစောင်အဖြစ်သတ်မှတ်ရန်မျော်လင့်ခဲ့ကြသည် ။သို့ သော် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် ကိုယ်တော်မြတ်(ဆွ)သက်မှတ်ခဲ့သည့်အတိုင်း ဟဇ်ရသ်အုစာမဟ်(ရသွေ့ )သခင်ကိုသာ ခေါင်းစောင်အဖြစ်သက်မှတ်ခဲ့သည်။ ၎င်းနောက်မိန့် တော်မူသည်မှာ .........
"တမန်တော်မြတ်(ဆွ)သည် ဟဇ်ရသ်အုစာမာ(ရသွေ့ )သခင်၏စစ်တပ်ကို စီရီယားနိုင်ငံသို့ ချီတပ်ရန်အမိန်ထုပ်ပြန်ခဲ့ပြီးပြီဖြစ်သည် ။ တမန်တော်မြတ်(ဆွ)ကိုအကြောင်းပြု၍ကျွန်ုပ်တို့ အားလမ်းမှန်တရားကိုပြပေးသနားခဲ့သော်မူသောအလ္လာဟ်အသျှင်မြတ်၏ကစမ်
တမန်တော်မြတ်(ဆွ)၏အမိန့် အတိုင်းသာမုချဥဿုံ ကျင့်သုံးကြရမည်ဖြစ်သည် "
ဤသည်ကား တမန်တော်မြတ်(ဆွ)ချစ်သည့်သခင်၏ ဂျဇ်ဘဟ်သာဖြစ်သည် ။သို့ ဖြစ်ပေရာ ဟဇ်ရသ်အုစာမဟ်ရသွေ့ သခင်သည် စစ်တပ်အားဦးစည်း၍ စစ်ချည်တပ်ခဲ့သည် ။ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် မြင်းဇတ်ကြိုးကိုကိုင်၍ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်အား မြို့ ပြင်ထိ လိုက်ပို့ ပေးခဲ့သည် ။ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်သည် အသက်ငယ်ရွယ်သော စွဟာဗီဖြစ်သည် ။ ထို့ အတွက်ကြောင့် ကြိမ်ဖန်များစွာ အောက်စင်းရန်တောင်းဆိုခဲ့သည် ။ ကြိုးစားခဲ့သည် ။ သို့ သော် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် လုံးဝလက်မခံခဲ့ပေ ။ ဤသည်ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်၏ တန်ဖိုးမဖြတ်နိုင်သည့် သဝါဇုအ်ဖြစ်သည် ။ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်သည် ရက်အနည်းငယ်အတွင်းမှာပင် ရန်သူအားအောင်နိုင်မူရယူလျှက် သုံးပန်းပစ္စည်းအမြောက်အများယူစောင်ကာ ပြန်လည်ရောက်ရှိလာခဲ့ပေသည်။
တဘက်မှာ ဟဇ်ရသ်အိုစာမဟ်(ရသွေ့ )သခင်၏စစ်တပ်အား ပြည်ပရှိရန်သူများနှင့်စစ် စင်နွှဲရန်စေလွှတ်ထားပေသည် ။ တခြားတစ်ဘက်တွင် ဟဇ်ရသ်ခါလိဒ်ဘင်န်ဝလီးဒ်(ရသွေ့ )သခင်အား မုစိုင်လမဟ်ကဇ်ဇားဘ်မည်သော်နဗီတုအား ခြေမုန်းရန် အလိုငှာ စစ်တပ်တစ်ခုပေးကာ စေလွှတ်ခဲ့ပေသည် ။ တဆက်တည်းမှာပဲ ဇကားသ်မပေးသော ၊ဇကားသ်ငြင်းဆန်သောသူများကို စစ်စင်နွှဲရန်အမိန့် ထုပ်ပြန်ခဲ့ပေသည် ။ ထို့ သို့ အမိန့် ထုပ်ပြန်သည့်အခါတွင်လည်း ဆွဟာဗာ(ရသွေ့ )သခင်တို့ သည် ဤသို့ မပြုရန်မရှ်ဝရဟ်ပြုခဲ့ကြပေသည် ။ ထိုသို့ မရှ်ဝရဟ်ပြုသည့်အခါ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် ဓါးကိုယူကာအမိန့် ရှိတော်မူသည်မှာ ...
"အလ္လာဟ်အသျှင်မြတ်၏ကစမ် ! ဤပုဂ္ဂိုလ်များသည် တမန်တော်မြတ်(ဆွ)ခေတ်ကာလတွင်ပေးလေ့ပေးထရှိသည့် (မပြောပလောက်သည့်)ကြိုးတစ်ပင်မျှကိုသာ "မပေးတော့" ဟုငြင်းလျှင်လည်း မုချဧကန်ထိုသူများနှင်စစ်စင်နွှဲမည်သာဖြစ်သည်" ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်၏ ဤပျက်သားသည့်ဆုံးဖျက်ချက်ကိုကြားရပြီးသည့်နောက် အားလုံးငြိမ်သက်သွားခဲ့လေသည် ။ ထို့ နောက် စစ်တပ်တွေချည်တပ်စပြုခဲ့ပေသည် ။
ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်သည် ရောဂါ၏ စစ်မြေ့ ကို သိရှိမူနှင့်စက်လျဉ်း၍ မည်သို့ မှအငြင်းဝင်ဖွယ်မရှိပေ ။ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်၏ ဤဆုံးဖျက်မူကိုအကြောင်းပြု၍ တစ်နိုင်ငံလုံး ညိမ်ဝတ်ပိပြားကာ ပြည်တွင်းတွင်အေးချမ်းမူများရရှိခဲ့ပေသည်။ ၎င်းနောက်လူတိုင်း၏ နှစ်လုံးသားထဲတွင် အစ္စလာမ်၏တောင်တန်းမူ ၊ အင်အားကြီးမာမူမှာ ကိန်းအောင်းသွားခဲ့လေသည် ။ အင်အားမတောင့်တင်းပါက ဤသို့ လုံးဝလုပ်နိုင်မည်မဟုတ်ဟုသုံးသက်ကြလေတော့သည် ။ ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်အထက်ပါလုပ်စောင်မူကြောင့် ရန်သူအားလုံး၏အန္ဒရယ်များ ချုပ်ငြိမ်းသွားခဲ့ပေသည် ။၎င်း နောက် တိုက်ခိုက်မူပြုရန်မလိုပဲ တောင်သောင်းချည်သည့်လူများသည် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်၏လက်အောက်သို့ ရောက်ရှိလာခဲ့ကြပေသည်။ တိုက်ခိုက်ရန်လာသည့်ရန်သူတို့ မှာလည်း တုန်လှုပ်ခြောက်ခြား ကြောက်လန့် ကာ စစ်အနည်းငယ်စင်နွှဲပြီသည်နှင့် လက်နှက်ချအရှုံးပေးလိုက်ကြတော့သည် ။ မုစိုင်လမဟ်နှင့်တခြားသောအပေါင်းအဖာတို့ မှာ သက်ဖျက်ခြင်းခံခဲ့ရပေသည် ။ ၎င်းနောက် နိုင်ငံ၏ (၄)ဘက် (၄)လျံတွင် အစ္စလာမ်၏အရှိန်အဝါထွန်းတောက်ခဲ့လေသည် ။
                                လေးစားစွာဖြင့်
                                              ကိုသူ(နိုအိုင်းမ်)
http://www.mmolama.org/profiles/blogs/6529452:BlogPost:17207

0 comments to “အစလာ့မ်သမိုင်းစုစည်းမူ ကဏ္ဍ(၁)ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )၏အုပ်ချုပ်မှု အပိုင်း(၁)”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates