Thursday, November 8, 2012

internet ပေါ်တွင်ကုရ်အာန် ကျမ်းတော်မြတ်အား အပြောင်းအလွဲလုပ်မှု

,
ဘဟာအုဒ္ဒီးန်ယာ ယူနီဗာစ်တီ (မုလ်တာန်)ရှိ ဒေါက်တာ နူရုဒ္ဒီးန်ဂျာမီကပြောကြားသည်မှာ ...
"အင်တာနတ် ပေါ်တွင် ကျမ်တော်မြတ်ကုရ်အာန်၏အာယသ်တော်များကို အပြောင်းအလွဲပြုနေလျှက်ရှိပေသည် ။ တခါတယံ စာလုံးတွေဖြုတ်ချထားသလို ၊ တခါတယံ ဇဗရ် ၊ဇိရ် အပြောင်းအလွဲလုပ်ထားတယ် ။ဒီလိုအပြောင်းအလွဲလုပ်ထားတဲ့ကျမ်တော်မြတ်ကုရ်အာန်စာအုပ်ကိုလည်း ဖြန်ချည်လျှက်ရှိတယ်။ အလွန်ဝမ်းနည်းဖွယ်ကိစ္စတစ်ခုမှာ စူရဟ်ဗကရဟ်၏ အာယတ်တော်တချို့ ကိုဖြောက်ထားသလို ၊ ဂျိဟားဒ်နှင့်ပက်သက်သည့်အာယသ်တော်များကိုလည်းဖြောက်ထားပေသည် ။ ဒီကိစ္စတွေအားလုံးဟာ စီမံကိန်းနဲ့ လုပ်နေခြင်းသာဖြစ်တယ်"
ဒီကိစ္စနဲ့ ပက်သက်ပြီး ပြန်လည်ချေသူများလည်းအမြောက်အများရှိသည် ။ အထက်တွင်ဖော်ပြခဲ့သော် ယူနီဗာစ်တီကလည်း ဒီကိစ္စကိုအဓိကထားပြီးချေပရန်ကြိုးစားနေလျှက်ရှိသလို ၊ တခြားအရဗ်တွေလည်း လုပ်နေလျှက်ရှိပေသည် ။ သတိထားရမည်မှာ အင်တာနက်ပေါ်က စာသားတစ်ခုကို မစီစစ်ပဲလက်မခံဖို့ ပဲ ။ ဂူဂဲလ်ကနေ အာယသ်ရှာဖတ်တာတို့  ၊ လေ့လာတာတို့  လုပ်သူများအနေနဲ့ အထူးသတိပြုသင့်တယ် ။ မိမိ တွေ့ သည်အာယသ်မှာ မှန်၊ မမှန်သတိပြုသင့်တယ် ။ အစ္စလာ့မ်ရန်သူတွေကိုခြေပနေတဲ့သူတွေကတော့ရှိစမြဲပဲ ။ ကုရ်အာန်ကိုတော့ဘယ်သူမှာအပြောင်းအလွဲလုပ်လို့ မရဘူး ။ ဒါဟာ ကုရ်အာန်ရဲ့ မုအ်ဂျိဇဟ်ပဲ ။ ဒါပေမဲ့ အဓိက ပိုစ်ရေးရခြင်း၏ရည်ရွယ်ချက်မှာ ဗဟုသုသ သက်သက်မဟုတ်ပဲ သတိထားမိစေရန် သတိပေးခြင်းလည်းဖြစ်သည် ။
                                                                                          လေးစားစွာဖြင့်
                                                                                                         ကိုသူ
http://www.mmolama.org/profiles/blogs/internet-3

0 comments to “internet ပေါ်တွင်ကုရ်အာန် ကျမ်းတော်မြတ်အား အပြောင်းအလွဲလုပ်မှု”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates