Thursday, November 8, 2012

ကိယာမသ်၏ နမိတ်လက္ခနာများ

,
ဟဒီးစ်တ်ေများတွင် ကိယာမသ်၏ နမိတ်လက္ခနာများနှင့်စက်လျဉ်း၍ အမြောင့်အများလာရှိထားပေသည် ။ အကျဉ်းချုံးပြောရလျှင် အလာမသ် (၃) မျိုးရှိသည် ။
(က) လက္ခနာအသေးများ
(ခ) လက္ခနာအလယ်အလက်များ
(ဂ) လက္ခနာအကြီးများ
(က) လက္ခနာအသေးများ အနက်တချို့ မှာ
လက္ခဏာအသေးဆိုသည်မှာ ကိယာမသက် လက္ခနာများဖြစ်သောလည်း ယင်းလက္ခနာများဖြစ်ပေါ်သည့်အချိန်နှင့်ကိယာမသက်ဖြစ်မည့်အချိန်သည်အလွန်ဝေးပေသည် ။ ယင်းအလာမသ်များသည် ဖြစ်ပေါ်ပြီးခဲ့လေပြီ ။
ဥပမာ ။ ။
၁ ။ ။ တမန်တော်မြတ်(ဆွ)စေလွတ်ခြင်းခံရမူ
၂ ။ ။ လကို ၂ ခြမ်းခွဲခြင်း (ရှက္ကုလ်ကမရ်)
၃ ။ ။ တမန်တော်မြတ်(ဆွ) ၏ ဝဖားသ်ဖြစ်ခြင်း
၎ ။ ။ ဘိုသုလ်မုကဒ္ဒစ်ကိုအောင်နိုင်ခြင်း
၅ ။ ။ ဆွေဖ်ဖီးန် စစ်ပွဲဖြစ်ခြင်း
၆ ။ ။ သာသာရီပြသနာ
ရ ။ ။ ဟေဂျားဇ်ဒေသမှထွက်ပေါ်သောမီး စသည်ဖြင့်

(ခ) လက္ခနာအလယ်အလက်များ အနက်တချို့ မှာ ....
အလယ်အလက်လက္ခဏာဆိုသည်မှာ ယင်းလက္ခနာများအနက်တချို့ မှာ လွန်ခဲ့သောရာစုနှစ်များတွင်စတင်ပေါ်ပေါက်ခဲ့ပြီးခဲ့ပြီး ယနေ့ တိုက်တိုးပွားလျှက်ရှိပေသည် ။ ဒီလိုပဲတိုးပွားလျှက်နဲ့  နောက်ဆုံး လက္ခဏာကြီးများပေါ်ထွက်လာသည့်အထိတိုးပွားလျှက်ရှိလိမ့်မည် ။ ဒီလက္ခနာများမှာ အမြောက်အများရှိပေသည် ။ ယင်းတို့ အနက်တချို့ မှာ ............
၁ ။ ။ သာသနာပေါ်ရက်တည်ခြင်းသည် လက်ထဲတွင်မီးခဲကိုင်ထားရသည်ထက်ပင်ပို၍ ခက်ခဲလာခြင်း
၂ ။ ။ မုနာဖိက်များ ၊ အောက်တန်းကျသူများ ၊ ဖာစိက်များသည် ခေါင်းစောင်ဖြစ်လာခြင်း
၃ ။ ။ ကလေးများအုပ်ဆိုးလာခြင်း
၎ ။ ။ စီပွာရေးကြယ်ပြန့် လာခြင်း
၅ ။ ။ အလေး ၊ တင်း ၊တောင်း ချိန်တွယ် ၊ ချင်တွယ်ရာတွင် အလေးအချိန်ခိုးလာခြင်း
၆ ။ ။ သက်ဖျက်မူများ များပြားလားခြင်း
ရ ။ ။ မိန်းမအမိန့် နာခံကာ မိဘအမိန်ဖီဆံလာခြင်း
၈ ။ ။ အတိုး ၊ လောင်းကစား ၊ တီးမုတ်ကခုန်ခြင်း ၊ ဇိနာ ၊တီးမုတ်သည့်ကရိယာများ စသည်တို့ များပြာလာခြင်း
၉ ။ ။ ရုပ်တရက်သေသည့်အဖြစ်အဖျက်များ များပြားလာခြင်း

(ဂ) လက္ခနာအကြီးများ အနက်တချို့ မှာ.....
ကယာမသ်နီးရင်ဖြစ်မည့်လက္ခနာများဖြစ်သည် ။
ဟဇ်ရသ်အိမာမ်မဟ်ဒီ သခင်ပွင့်ပေါ်လာမည် ။ ထိုခေတ်မှာတွင် ဒဂ်ျဂျားလ်ပေူလာမယ် ။  မနက်ခင်းတစ်ခုမှာ ဟဇ်ရသ်အီစာ (အ .စ)ဆင်းသက်လာမယ် ။  ထိုအချိန်မှာ အိမာမ်မဟ်ဒီဟာ ရှေ့ ဆောင်အဖြစ်နမားဇ်ဖတ်ရန် အသင့်ရှိလျှက်ဖြစ်ပြီး အိကာမသ်ဆိုပြီးသည့်အချိန်ဖြစ်မယ် ။ အိမာမ် မဟ်ဒီသည် ဟဇ်ရသ်အီစာ(အ .စ)လာမ်ကို ရှေ့ ဆောင်ပြုရန်တောင်းဆိုလိမ္မည်။ သို့ သော် ဟဇ်ရသ် အီစာ(အ .စ)သခင်ကငြင်းလိမ္မည် ။ ထိုအခါ အိမာမ်မဟ်ဒီက ဖဂျရ်နမားဇ်ကို ဂျမာအသ်နဲ့ ရှေ့ ဆောင်အဖြစ် ဝတ်ပြုလိမ္မည် ။
နမားဇ်အပြီးတွင် တမန်တော် အီစာဟာ စစ်တပ်ကိုဦးစည်းလိမ္မည် ။ နောက်ပိုင်း နမားဇ်တွေမှာလဲ တမန်တော်အီစာ(အ.စ)သခင်သာ ရှေ့ ဆောင်အဖြစ်နမားဇ်ဖတ်လိမ္မည် ။ ဒဂ်ျဂျားလ်ဟာ တမန်တော်အီစာ(အ.စ)ကိုတွေ့ သည့်အခါ ဆားအရည်ပျော်သလို အရည်ပျော်လိမ္မည် ။ နောက်ဆုံးတမန်တော်အီစာနှင့် စစ်ဖြစ်လိမ္မည် ။ တမန်တော်အီစာ(အ.စ)သည် ဒဂ်ျဂျားလ်အား လုဒ် မည်သော တံခါးတွင် သက်လိုက်လိမ္မည် ။(လုဒ် တံခါးသည် လက်ရှိ အစ္စရေးတွင်ရှိသည် ။ ထိုနေရာတွင် လေစိတ်လဲရှီပေသည်) မုစ်လင်မ်တို့ သည် ဒဂ်ျဂျားလ်ရဲ့  ယဟူဒီးအပေါင်းအဖော်များကို ရွေးရွေးပြီးသက်လိမ္မည် ။ ကျန်တဲ့ အဟ်လိကသားဘ် (ခရိယာန်)အားလုံး အိမာန်လက္ခံလာလိမ္မည် ။ ထို့ နောက်အေးခြမ်းသွားလိမ္မည် ။ ထိုအခိုက် ယအ်ဂျူးဂ်ျ မအ်ဂျူးဂ်ျ များထွက်ပေါ်လာလိမ္မည် ။ တမန်တော်အီစာသည် မုစ်လင်မ်တို့ အား သူးရ် မည်သောတောင်ပေါ်သို့ ခေါ်သွားလိမ္မည် ။  ယအ်ဂျူးဂ်ျ မအ်ဂျူးဂ်ျ သည် မြို့ တွေကိုနင်းချေဖျက်စည်းပစ်မည် ။ တမန်တော်အီစာ(အ.စ)သခင်နဲ့ နောက်လိုက်များ အဝိုင်းခံရမည် ။ အစာရည်စာနည်းပါးမူကြောင့် ဒုက္ခနဲ့ ယဉ်ဆိုင်ရမည် ။ ထိုအခါ ဟဇ်ရသ်အီစာ(အ.စ)သည် ယအ်ဂျူးဂ်ျ မအ်ဂျူးဂ်ျ  အပေါ် ဘဒ်ဒိုအာလုပ်လိမ္မည် ။ ထိုအခါ ၎င်းတို့ ၏လယ်ပင်းမှာတွင်း အဖုများပေါက်လာလိမ္မည် ။ ထိုအဖုများကိုအကြောင်းပြုပြီးသူတို့ အားလုံးသေသွားလိမ္မည် ။
ထို့ နောက်မြေပြင်ပေါ်တွင် အေးချမ်းသာယာလာမည် ။ စိမ်းလမ်းဆိုပြေလာမည် ။ လူတွေအားလုံး တမန်တော်မြတ်(ဆွ)၏သာသနာတော်အတိုင်းလိုက်နာကျင့်သုံးလိမ္မည် ။ တိုအခါတွင်ကမ္ဘာတစ်ခုလုံးတွင် အစ္စလာမ်ဘာသာတစ်ခုတည်းသာရှိတော့မည် ။ နောက်ဆုံးမှာ တမန်တော်အီစာ ကွယ်လွန်သွားလိမ္မည် ။ ထို့ နောက် ခိလာဖတ်ရဲ့ အုပ်ချုပ်မူဖြစ်လိမ္မည် ။ တဖြေးဖြေး ဖိစ်က် ၊ ဖုဂျူးရ်ဖြစ်လာမည် ။ ပျက်စည်းလာမည် ။ ထို့ နောက် ကိယာမသ်ရဲ့  အလာမသ်ကြီးတစ်ခုထက်ပေါ်လာမည် ။ နေမင်းသည် အနောက်အရက်မှထွက်လာမည် ။ ထိုအခါ သောင်ဘဟ် တံခါးပိတ်သွားလိမ္မည် ။ ထို့ နောက်ပိုင်းမှာ အီမာလက္ခံလာသူတို့ ၏အီမာန်မှာ တရားမဝင်တော့ပေ ။ အရင်ကတည်းကသောင်ဘဟ်မလုပ်ခဲ့သူများရဲ့ သောင်ဘဟ်လည်း လက္ခံခြင်းခံရမည်မဟုတ်ပေ ။
ဒီအဖြစ်မဖြစ်မှီ တရက်အလို (သို့ ) တရက်နောက်တွင် ဒါးဘ္ဘသုလ်အရ်သွ် (ထူးဆမ်းသည့်တရိစ္ဆာန်တစ်ကောင်)ထွက်လာလိမ္မည် ။

နောက်ဆုံးတွင် လေနုအေးတစ်ခု ယမန်နိုင်ငံဘက်မှတိုက်ခိုက်လာလိမ္မည် ။ ယင်းလေနုအေးသည် မုအ်မင်အားလုံး၏ ဇီဝန်အာချုပ်ငြိမ်းပြစ်မည် ။ ထို့ နောက် လောကမှာ အလ္လာဟ် အလ္လာဟ် ဟုသသမည့်သူရှိတော့မည်မဟုတ်ပေ ။ ထို့ နောက် ကယာမသ်ဆိုက်ရောက်လာမည်ဖြစ်သည် ။
                             ဤသည်မှာ ဟဒီးစ်တော်များတွင်လာသည်တို့ အား အကျဉ်ချုံးရေးပေးလိုက်ခြင်းဖြစ်သည် ။ အကြယ်တဝန့် လေလာရန်သီးသန့် စာအုပ်များရေးသားထားလျှက်လည်းရှိပေသည် ။
                                       ကြည့် ဒရ်စေ့မုစ်လင်မ် စာမျက်နှာ ၄၈၅ ၊၄၈၆ ၊ ၄၈၇
                                                                         လေးစားစွာဖြင့်
                                                                                         ကိုသူhttp://www.mmolama.org/profiles/blogs/6529452:BlogPost:16802

0 comments to “ကိယာမသ်၏ နမိတ်လက္ခနာများ”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates