Thursday, November 8, 2012

အစလာ့မ်သမိုင်းစုစည်းမှု ကဏ္ဍ(၁)ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )၏အုပ်ချုပ်မှု အပိုင်း(2)

,
ရောမ နှင့် ခေါမ (ကိုင်စရ် ၊ ကစ်ရာ (သို့ ) ရူးမ် နှင့် အီရာန်)

ရောမ(ရူးမ် ၊ကိုင်စွရ်) နှင့် ခေါမ(ကစ်ရာ ၊ အီရာန်)တို့ သည် အစဉ်အလာအရ အရဗ်တို့ ကို အထင်အမြင်သေးလာသောနိုင်ငံများဖြစ်သည် ။ ၎င်းတို့ သည် အရဗ်တို့ အားမိမိတို့ ၏ကျွန်များဟု မှတ်ယူထားကြပေသည် ။ တမန်တော်မြတ်(ဆွ)သည် အီရာန်၏ဘရင် ခုစ်ရူပရ်ဝေဇ် အား အစ္စလာမ်သာသနာဘက်သို့ ဒအ်ဝသ်ပေးဖိတ်ခေါ်ရန် စာလွှာပေးပို့ သည့်အခါ အီရာဘုရင်သည် တမန်တော်မြတ်(ဆွ)၏စာလွှာအား "အိုးးးဟ် ..ငါ့ကျွန်ကများ ငါ့ကိုဒီလိုမျိုးစာရေးရဲသေးတယ် "ဟု ပြောဆိုကာဖြဲစုပ်လိုက်ခဲ့ပေသည် ။ (နအူဇုဗိလ္လာဟ်) ။ ထိုသို့ ပြောပြီးနောက် အီရာန်ဘုရင်သည် မိမိ၏လက်အောက်ခံနိုင်ငံဖြစ်သော ယီမင်နိုင်ငံ၏ ကိုယ်စလည်အုပ်ချုပ်သူအား တမန်တော်မြတ်(ဆွ)ကိုဖန်းစည်းရန် အမိန့် ပေးခဲ့ပေသည် ။
ရောမသားတို့ သည် ကနဦးကပင် အရဗ်တို့ အားတိုက်ခိုက်ရန်ရည်ရွယ်ချက်ရှိပြီးသားဖြစ်သည် ။ ရောမမင်းစပ်သည်အရဗ်တို့ ကိုအထင်သေးရုံမျှမက မိမိတို့ လက်အောက်ငယ်သားများကိုလည်းအလွန် ငြင်းပန်းနိပ်ဆက်ကြသူများဖြစ်သည် ။ ၎င်းတို့ ၏ရက်စက်သော ညင်းပန်းမူများကိုကြားရသူတိုင်းသည် ယနေ့ တိုင် ကြက်သီမွှေးဖြန်းဖြန်းထပေသည် ။၎င်းတို့ ၏ရက်စက်မူများကြောင့် ၎င်းတို့ ၏လက်အောက်ငယ်သားတို့ သည် လွန်စွာစိုးထိပ်ပူပန်နေခဲ့ကြရပေသည် ။ တိုက်ဆိုင်စွာဖြင့် ထိုအချိန်ကာလအတွင်း အီရာန်နိုင်ငံတွင် ပြဿနာများအကြီးအကြယ်ပေါ်ပေါက်လာခဲ့ပေသည် ။ အရဗ်နှင့်အီရာန်နယ်ကြားရှိမျိုးနွယ်စုများသည် များသောအားဖြင့် အီရာနိုင်ငံ၏ ဖိနှိပ်ချုပ်ချယ်မူများ ၊ ရက်စက်မူများကို အမြဲမျိုသိပ်ခံစားလာခဲ့ရသည် ။ ယင်းမျိုးနွယ်စုများသည် ဒီအခြေအနေကိုသိရှိရသည့်အခါ အီရာန် နယ်စပ်အားတိုက်ခိုက်စပြုလာကြတော့သည် ။ ၎င်းနောက် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )သခင်အား မိမိတို့ ကိုကယ်တင်ရန်အကူညီတောင်းလာတော့သည် ။ ဟဇ်ရသ်အဗူကရ်(ရသွေ့ )သခင်၏ရည်ရွယ်ချက်မှာ တစ်ဘက်တွင် ဒုက္ခရောက်နေသော ဖိနှိပ်ခံလူသားများကိုကယ်တင်ရန်ဖြစ်၍ တခြားတစ်ဖတ်တွင် အိအ်လာအိကလိမသိလ္လာဟ် အလ္လာဟ်အသျှင်မြတ်၏အမိန့် တော်များအား ၎င်းတို့ ၏နားထဲသို့ ပို့ ချပေးရန်လည်းဖြစ်သည် ။ သို့ ဖြစ်သောကြောင့် ဒီတောင်းဆိုမူကိုလက်ခံခဲ့ပေသည် ။ ထို့ နောက် ဟဇ်ရသ် ခါလိဒ်ဘင်န်ဝလီးဒ် (ရသွေ့ )သခင်ကို စစ်ဦးစည်းချုပ်ခန့် ၍ အီရာန်နိုင်ငံသို့  စစ်တပ်(၁)တပ်အား ချည်တက်စေခဲ့သည် ။ ယင်းစစ်တပ်သည် တိုက်ပွဲအနည်းမျှသာပြုလုပ်၍ အီရာန်နိုင်ငံ၏ နယ်မြေများစွာကိုသိမ်းပိုက်နိုင်ခဲ့ပေသည် ။
                                                                         လေးစားစွာဖြင့်
                                                                                     ကိုသူ(နိုအိုင်းမ်)
http://www.mmolama.org/profiles/blogs/2-1

0 comments to “အစလာ့မ်သမိုင်းစုစည်းမှု ကဏ္ဍ(၁)ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )၏အုပ်ချုပ်မှု အပိုင်း(2)”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates