တနေ့  အဖေဖြစ်သူက သားရှိရာ မြို့ ကို အလည်ရောက်လာတယ် ။
သားက မြို့ မှာခြမ်းသာတစ်ဦးလည်းဖြစ်တယ် ။ မိဘကိုလည်း ဂရုစိုက်တယ် ။
အဖေဖြစ်သူက ဈေးသွားချင်လို့ သားကို လိုက်ပို့ ခိုင်းတယ် ။
သားက အဖေ့ကို ကားနဲ့  ဈေးကိုခေါ်သွားတယ် ။
ဈေးရောက်တော့ ။
အဖေ ။ ။ သား မင်းပြန်နှင့်ကွာ ငါနောက်မှ တက်စီနဲ့ လိုက်ခဲ့မယ် ။
သား ။ ။ ဟုတ်ကဲ့ အဖေ
.................အချိန်အတန်ကြာပြီးနော် .................
အဖေဖြစ်သူက အိမ်ပြန်ရောက်လာတယ် ...........။
သားက အိမ်ရှေ့ ကနေအဖေကို ကြိုဆိုနေတယ်........... ။
အဖေ ။ ။ တော့က် ...ကွာ ...တွေးရင်း တွေးရင်း မောလိုက်တာ ။ လိုကိုချိသွားတာပဲ........။
သား ။ ။ အဖေ ဘာပြောတာလည်း သားနားမလည်လို ပါ ။
အဖ ။ ။ ငါဈေးထဲသွားတော့ ဆိုင်အဝမှာ အိုးတစ်ခုတွေ့ တယ် ..........။ အပေါ်မှာရေးထားတယ် .."သံတွေးထွေးပါ" ....
အတာနဲ့ ငါ သံတွေးထွေးလိုက်တယ် ။
ရှေ့ ကို ဆက်သွားတော့ လှေကားနားမှာ နောက်အိုးတစ်လုံးထက်တွေ့ တယ်.....။ "သံတွေးထွေးပါ" ...
အဒါနဲ့  ငါလည်း သံတွေးထက်ထွေးလိုက်တယ် ။
အလိုပဲ ရှေ့ ဆက်သွားတယ်..... ဆက်တွေ့ တယ်...ငါလည်းလိုက်ထွေးတာပေါ့ ..နောက်ဆုံးကွာ လူကို မောချိသွားတာပဲ ...
အတော်ကို အလုပ်ရှုပ်တယ်ကွာ ...
မှတ်သားရန်။ ။
ဒီအကြောင်းအရာလေးက ဟာသလိုလိုပဲ ။
ဒါပေမဲ့ ကျွန်တော်တို့ ကိုပေးလိုက်တဲ့သင်ခန်းစားတစ်ခုရှိတယ် ။
အတာက ကျွန်တော်တို့  ရဲ့ သာသနာမှာ အမိန့် တွေအများကြီးရှိတယ် ။ တချို့ အမိန့် တွေက ဖရဇ် အဆင့်မှာ ရှိတယ် ။
တချို့ က ဝါဂျိဗ်အဆင့်မှာရှိတယ် ...တချို့ က စွန္နသ်အဆင့်မှာရှိတယ် ...တချို့ က မုစ်သဟဗ်အဆင့်မှာ ရှိတယ် ... ကုရ်အာန်နဲ့ ဟဒီးစ်ကို ကျွမ်းကျင်တဲ့ ဖိကဟ်သာနာ့ပညာရှင်တွေက အတာတွေအားလုံးကို အသေးစိတ် ပြသထားပါတယ် ။ ကျွန်တော်တို့ ရဲ့ တာဝန်က အရာရာကို သူ့ အစဉ့် နဲ့ သူထားဖို့ ပါ ။ အားလုံး တစ်သမှတ်တည်း မှတ်ရင် ကိုပဲပန်းသွားမယ် ။အရာရောက်မှာမဟုတ်ဘူး ။
ဟာကွာ ...သာနာ့ကရှုပ်လိုက်တာကွာ ..တော်ကြာနေပိုင်တယ်ပြောလိုက် ..မပိုင်ဘူးပြောလိုက် ...လုပ်လို့ ညွန်လိုက် ..မလုပ်နဲ့ လို တားလိုက် ရှုပ်လိုက်တာကွာ အလိုမျိုးမစဉ်းစားပါနဲ့  ။ အရာကို သူ့ နေရာနဲ့ သူထားပါ ။ လိုအပ်တာကိုလုပ်ပါ ။ လုပ်တဲ့အလုပ်ကို စနစ်သကျ သူ့ အစဥ့်နဲ့ သူ့ ထားပါ ။ သားသနာကလွယ်ပါတယ် ။ ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စတွေကို ဝင်ရောက်လုံးပန်းပြီး ဝေဖန်လေကန်နေရင် ဒီလို အဖြစ်မျိုးတွေဖြစ်တက်ပါတယ် ။ မလိုအပ်တာတွေကို တာဝန်တစ်ခုလို့ မှတ်ရင်လည်း ပန်းပါတယ် ။ လိုအပ်တာကိုလုပ်ပါ ။ သူ့ အစဉ့် နဲ့ သူ ထားပါ ။
ရေးသားသူ ..
ကိုသူ