ရဘီအုလ်အောင်ဝလ် ၁၂၌ကျင်းပသော တမန်တော်မြတ်(ဆွ) မေးနေ့ပွဲနှင့်စက်လျင်း၍ အရေးကြီသေးမှတ်ချက်တချို့အား သိစေလို့၍ ရေးသားလိုက်ရပါတယ်
(၁)တမန်တော်မြတ်(ဆွ)အား သတိရခြင်း ချီမွန်းခြင်း သည်
အလွန်ကောင်းမွန်သော အေဗါဒသ်တစ်ခုဖြစ်သည့်အပြင် အီမာန်၏တောင်းဆိုမူတစ်ခုလည်းဖြစ်ပေသည်။၎င်းနောက် တမန်တော်မြတ်(ဆွ) နေထိုင်သွားလာမူ ၊ လှပ်လျှားမူ ၊ ကျင့်စောင်မူ ၊ အပြုအမူ စသည့်အရာ တစ်ခုတိုင်း ၂ သည် ကျန်ုပ်တို့အဖို့ အလင်းပြမီရှုးတိုင်းများဖြစ်၍ ဘ၀၏စံနမူနာလည်းဖြစ်ပေသည်။ သို့ဖြစ်ပေရာ တမန်တော်မြတ်(ဆွ)၏( စီရသ် )ဘဝပုံရိပ်တစ်ခုတိုင်း၂ အား သင်ပေးသင်ယူပြုခြင်း ၊ ကျက်မှတ်ခြင်း ၊ စီရသ်တော်အား လေ့လာရန် သောလည်းကောင်း၊ ကျင့်သုန်းရန်သောလည်းကောင်းဖိတ်ခေါ်ခြင်း စသည့်အရာအလုံးတို့ သည် ကျန်ုပ် တို့ ၏တာဝန်ပင်ဖြစ်ပေသည်။
ဟဒီစ်တော်၌ လာသည်မှာ ..
အသင်တို့သည် ငါကိုတော်သခင်အား ..မိတို့၏ သားသမိး မိဘနှင့် လူခပ်သိမ်းတို့ထက် မချစ်သ၍ကာလပတ်လုံး အသင်တို့သည်ပြည့်ဝသည့်အီမာန်ရှင်ဖြစ်မည်မဟုတ်
(၂)တမန်တော်မြတ်(ဆ)ရဲ့အဘဝဇင်ဒဂီ၏ အပိုင်းနစ်ပိုင်းရှိပေသည်။
- မွေးဖွားချိန်မှ စ၍ နဗူဝသ်ရရှိသည့်အချိန်တိုင်
- နဘူဝသ်ရရှိသည့်အချိန်မှစ၍ ဝဖာသ်ဖြစ်သည့်အချိန်တိုင်
ရင်းအပိုင်းနှစ်ပိုင်းလုံးနှင့်စက်လျင်း၍ ဟဒီးစ်နှင့်စီရသ် စာအုပ်များ၌ အပြည့်အဝအသေးစိတ် အတိအကျ ရေးသားဖော်ပြချက်များ အတိအလင်းရှိနေပေသည်။
သို့ ဖြစ်ပေရာကျန်ုပ်တို့သည် တမန်တော်မြတ်(ဆွ)၏ ကျင့်စောင်မူ တစ်ခု (သို့) အမိန့်တစ်ခုနှင့် စက်လျှင်း၍ ပြောဆိုဆင့်ပြန်မည် ဆိုပါက ကျွန်နုပ်တို့ ၏ထိုသို့ ပြောဆိုဆင်ပြန်ချက်သည် မည်မျှ မှန်သည်/ မှားသည်နှင့်စက်လျှင်း၍ အတိအကျ ပြောဆိုနိုင်ပေ သည်။ ဤကဲ့သို့ခိုင်လုံသည့် ရီကောဒ် အား အစ်လာမ်မှအပ တခြားမည်သည့် ဘာသာမှာမျှလုံးဝရှာတွေ့ မည်မဟုတ်ကြောင်း ကျေငြှာပြောဆိုနိုင်ပေသည်။
(ဤအချက်နှင့်စက်လျင်း၍ အကျယ်ဖွင့်ဆိုပါက စာအုပ်တစ်အုပ်ပင်လုံလောက်နိုင်မည်မဟုတ်ပေ။ဒီပိုင့်ချက်လေးသည် အရေးကြီသောမှတ်ချက်တစ်ခုဖြစ်ပေသည်။)
(၃)ကျန်ုပ်တို့၏ အရင့်အရင်ရှိ သာသနာ့အကြီးအကဲများသည်
ကျန်ုပ်တို့၏ အရင့်အရင်ရှိ သာသနာ့အကြီးအကဲများသည် တမန်တော်မြတ်(ဆွ)၏ စီရသ်အား ပုံစံနှစ်မျိုးဖြစ်ကျင့်သုံး အကောင်အထည့်ဖော်လေ့ဖော်ထ ရှိပေသည်
- မိမိ၏နေအထိုင် အပြောအဆို အမူအရာ ကျင့်စောင်မူ စသည့် အရာဟူသမျှအား တမန်တော်မြန်(ဆွ)၏ နမူနာအတိုင်း အတွင်းရော အပြင်ပါ ကိုက်ညီအောင်ပြုလုပ်၍ အွမ္မသီ တစ်ယောက်တိုင်း တစ်ယောက်တိုင်း အား တမန်တော်မြတ်(ဆွ)၏ စွန္န၊စီရသ် အတိုင်းအကောင်အတည်ဖောတူများဖြစ်အောင်ဖိတ်ခေါ်ခြင်း
- တိုင်ဝိုင်းတိုင်၂ နေရာတိုင်း၂ ၌ အလျှင်းသင့်သလို့ အကြောင်းကျု့တိုင်း၂ တမန်တော်မြတ်(ဆွ)၏ အကြောင်းအားပြောကာ တုင်ဝိုင်းသူ တိုင်ဝိုင်းသားတို့ အား အမွေးရနံ့သင်းစေခြင်း
(၄)သို့သောကျန်ုပ်တို့၏ အရင့်အရင်သာသနအကြီးအကဲများ
သို့သောကျန်ုပ်တို့၏ အရင့်အရင်သာသနအကြီးအကဲများ ဆရာသမားများသည်မည်သည့်အခါမှ တမန်တော်မွေးနေ့ပွဲကို ကျင်းပခြင်းမရှိခဲ့ပေ။ စွဟာဗာများ ၊ သာဗေအီန်များ ၊ သဗအုသ်သာဗိအီးန်များ ၊ အီမားမ်များ အနက်မည့်သူကမှ တမန်တော်မွေးနေ့ပွဲမကျင်းပခဲ့ပေ.သို့သောအထက်ဖော်ပြပါနှစ်မျိုးဖြစ်သာ အကောင်အထည်ဖော်လေ့ရှိသည်။
ဥပမာ
ဟဇ်ရသ်အွမရ်(ရသွေ့)သခင်သည် မိမိကွယ်လွန်ခါနည်းအချိန်၌ မိမိ အားလူမမာလာမေးသော လူလင်ပျိုကို လူနာမေးပြီးအပြန်၌ ခြေမျက်စေ့ဖုံးနေသည့် အတွက် အောက်ပါအတိုင်းမိန်ဆိုကာ စွန္နသ်တော်ကိုလိုက်နာရန်ညွန်ကြားခဲ့လေသည်။
အိုနောင်တော် အသင်သည် မိမိ၏ မဆိုးအား ခြေမျက်စိအထက်သို့တင်ဝတ်ပါ ခြေမျက်စေ့ဖုံးခြင်းသည်စွန္နသ်နှင့်စန့်ကျင့်သည်။
ထို့ အတူ အေဗ်နို့အုမရ် (ရသွေ့)သခင်သည် ဟဂ်ျပြုသည့်အခါတိုင်း တမန်တော်မြတ်(ဆွ) စတည်ချခဲ့သည့်နေရာတိုင်း၌ စတဲချသည်။ တမန်တော်မြတ်(ဆွ) ဆင်းခဲ့သည့်နေရာတိုင်း၌ ဆင်းသည်။ ယုတ်စွအဆုံး တမန်တော်သခင်(ဆွ) အပေါ့အလေး စွန့်သည့်နေရာတိုင်း၌ အပေါ့အလေးသွားရန် ဆန္ဒမရှိလျှင်လည်း အပေါ့အလေးသွားဟန်ပြု ကာ တ္တေခနထိုင်ခဲ့ပေသည်။
အလားတူမြောက်များစွာ သောနမူနာများရှိပေသည် ။ သို့သော တမန်တော်မြတ်(ဆွ)မွေးနေ့ကျင်းပခြင်းနှင့်စက်လျင်း၍ကား မည်သည့်နမူနာတစ်ခုမျှပင် ရှာတွေ့မည်မဟုတ်ပေ။
(၅)တမန်တော်(ဆွ)မွေးနေ့ ပွဲ ဖြစ်ပေါ်လာပုံ
တမန်တော်သခင်(ဆွ)၏ မွေးနေ့ပွဲကျင်းပခြင်သည့် စွဟာဗာများ သာဗေအီန်များ သဗ်အွသ်သာဗေအီိးန်များ စသည့်ရှေးသူတော်စဉ်များ၏ လက်ခါသာမယ၌ လုံးဝမရှိခဲ့ပေ ။ဤထုံးလမ်းစဉ်လာသည် ဟိဂ်ျရီခြေက်ရာစုနှစ်ကျော်မှ စတင်ကာဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤထုံးလမ်းစဉ်လာသည် ဟဂ်ျရီ ၆၀၄ ခုနှစ်၌ စွလ်သွာန်အဗူစအီးဒ်မုဇွဖ္ဖရ် နှင့် အဗုလ်ခေသွာဗ် အေနုဒဟ်ယာဟ် တို့မှစတင် တီထွင်လိုခြင်းဖြစ်သည်။ရင်းတို့တီထွင်လိုက်သော မွေးနေ့ပွဲ တွင် အထုသဖြင့်အောက်ပါအချက်များ အား ဦတည်ချက်ထား ထားပေသည်။
- ရဗီအုလ်အောင်ဝလ် ၁၂ ရက်နေ့အားသက်မှတ်ခြင်း
- သာသနာ့ပညာရှင်များ သူတော်စဉ်များအားဖိတ်ခေါ်ခြင်း
- ထိုင်ဝိုင်းပြီးသည့်အခါ တမန်တော်သခင်(ဆွ) အပေါ် ဒုရူသ်မြေတ္တာပို့သခြင်း အီစွာလေစဝါဗ် ပို့သခြင်း
အထက်ဖေါ်ပြပါတီထွင်သူနှစ်ဦးနှင့်စက်လျင်း၍ သမိုင်ပညာရှင်တို့ ၏အမြင်
အထက်ဖေါ်ပြပါတီထွင်သူနှစ်ဦးနှင့်စက်လျင်း၍ သမိုင်ပညာရှင်တို့ထံအကွဲအလွဲရှိပေသည်။
- တချို့က ယင်းနှစ်ဥိးအား လူကေင်းများ ၊ တရာမျှတသူများဟုသက်မျက်ကြ၏။
- တချို့ယင်းတို့နှစ်ဦးအား လူဆိုးများ ငလိမ်များဟုသက်မှက်ကြသည်။
ယင်းတိုတီထွင်လိုက်သောကိစ္စရက်နှင့်စက်လျင်း၍ ထိုစဉ်အချိန်က သာသနာ့ပညာရှင်တို့ ၏အမြင်
ထို့အတူ ယင်းတိုတီထွင်လိုက်သောကိစ္စရက်နှင့်စက်လျင်း၍ တချိုအုလာမာများက အထက်ပါကန့်သက်ချက်များကိုထောက်ရှု့ ကာ ကိစ္စမရှကြောင်း ဖသ်ဝါပေးခဲ့ပေမဲ့ အုလာမာအကြီအကဲများကမူ ဗဒ်အသေစိုင်ယေအာ ဟု ဆိုခဲ့ကြပေသည်။
အလ္လာမာဟ်ဖာကေဟာနီ (ရဟ)သခင်က ယင်းကိစ္စရပ်အား ဗဒ်အသေစိုင်ယေအာဟ်ဟု အမိန့်ရှိလေသည်။ ဤသည်စတင်ဖြစ်ပေါ်လာသော အချိန်က ကိစ္စဖြစ်သည်။ သို့ သော ယနေ့ခေတ်၌မူ အထက်ဖေါ်ပြပါ ကန်သက်ချက်များ မကျန့်တော်သည့်အြုပင်မြောက်များစွာသော ဗေဒ်အသ်များ လည်း တက်တိုးတွင်ကျယ်လာသည့်အားတွေ့မြင်နေရပေသည်။
(၆) ရာစုနှစ်(၆)ခုတိုင်မရှိခဲ့သော မွေးနေ့ ပွဲ
စွဟာဗာများသာဗေအီးန်များ သဗအ်သာဗေအီးန်များ ထို့အတူအစ်လာမ် ရာစုနှစ်(၆)ခုတိုင်မရှိခဲ့သော အရာတစ်ခုအာယနေ့ တစ်ချို့က အစ်လာမ်၏အထိန်းအမှတ်တစ်ခုအလား အရေပေးကာ ယင်းမွေးနေ့ပွဲအားမကျင်ပသူတို့အား အစ်လာမ်ရန်သူများပမာမြင်လာကြပေသည်။ အန္နာလလ္လာဟေ့ဝအန္နာအေလိုင်ဟေ့ရာဂျေအူးန်.....
ထို့ သို့ ဆိုလျှင် ၎င်းမွေးနေ့ ပွဲကြင်းပသူတို့ သည် လွန်လေးပြီသော (၆)ရာစုနှစ်ရှိ မွစ်လင်များ ၊ အိမာန်ရှင်များနှင့်စက်လျင်း၍ မည်သို့ဆိုကြမည်နည်း ???
နအူဇုဗေလ္လာ ထိုသူတို့ကိုလည်းအစ်လာမ်ရန်သူများဟုမြင်ကြဦမာလား???
နအူးဇုဗေလ္လာဟိမိန်ဇာလိက်
(၇)အစ္စလာမ်အပြင်အရင့်အရင်ရှိ အခြားသောဘာသာများ၌ မွေးနေ့ ပွဲထုံးလမ်းစဉ်လာ
အစ်လာမ်အပြင်အရင့်အရင်ရှိ အခြားသောဘာသာများ၌ နှစ်စဉ်မွေးနေ့ပွဲကျင်းပလေ့ရှိသည်။
ဥပမာ။ ။ ခရေယာန်များသည် ရေးရှူမွေးနေ့ပွဲကျင်းပလေ့ရှိသည်။ သို့သော အစ်လာမ်သာသနာတော်သည် ယင်းကဲ့သို့ နှစ်စဉ်မွေးနေ့ပွဲကျင်းပခြင်းအား လုံးဝဆန့်ကျင်လိုက်ပေသည်။ယင်းကဲ့သို့စန့်ကျင်ရခြင်း၏ ဟက်မသ်နှစ်ခုရှိပေသည်။
အစ္စလာမ်က မွေးနေ့ ပွဲကိုတားမြစ်ရခြင်း၏ ဟိက်မသ်
- အပြင်ပိုင်း ပြစားမူများသည် အစ်လာမ်သာသနာတော်၌လုံးဝတန်ဖိုးမရှိပေ။ထိုသို့နှစ်စဉ်မွေးနေ့ပွဲကျင်းပခြင်းသည် အစ်လာမ်သာသနာတော်၏ ဒအ်ဝသ် ၊ ဝိညင်သွေးကြော ၊ ဘီဇ စသည့် အစ္စလာမ်၏ မိန်းကျသောအချက်များနှင့် ဆန့် ကျင်ပေသည်။အဘယ်ကြောင့်ဆိုသော အစ်လာမ်သည် ယင်းကဲ့သို့ အပေါ်ရံ အဆောင်အရောင်များ ၊ အပြောနင့်အလုပ် ဆန့် ကျင်မူများ ၊ စူပူမူများ ၊ ဟားဟူးလုပ်မူများ ၊ စသည့်ဝေးလားဝါးလား ၊ အလာပ သလာပ အလုပ်များအား အရေးမပေးပေ။ အားမပေးပေ ။ မတိုက်တွန်းပေ ။ သို့သာမက အစ္စလာမ်သာသနာတော်သည် ဒအ်ဝသ်၏အစအား စစ်မှန်သော အကီဒဟ် ၊ မွန်မြတ်သော စာရိတ္တ၊ ကောင်းမွန်သော အအ်မာလ်များ ကို လေ့ကျင့်သင်ပေးခြင်းဖြစ်အစပြုခဲ့ ပေသည်။
အစ်လာမ်သာသနာတော်သည်တခြားဘာများကဲ့သို့ တနှစ်ပတ်လည်လုံးမှ တခေါက်မျှသာ သာယာလန်းစမ်းပြီး အသီးအပွင့်ပေးတက်တဲ့ ဘာသာမျိုးလုံးဝမဟုတ်ပေ ။ သို့သာမက အစ်လာမ်သာသနာတော်သည် အခြေအနေတိုင်း အချိန်တိုင်း၌ သိးပွင့်ဝေစာနေ့သာ စိုပြေသည့် ဘာသာတစ်ခုဖြစ်သည်။ အစ်လာမ် သာသနာတော် ၌ ဤကဲ့သို့ ပွဲထုပ်ရမည်ဆိုပါက တနှစ်ပတ်လုံးရှိ နေ့တိုင်းနေ့တိုင်း အချိန်တိုင်းအချိန်းတိုင်းကိုပွဲထုပ်နေရပေလိမ္မည်။ ပွဲထုပ်လို့ပင်ကုန်မည်မဟုတ်ပေ။
(၈)မွေးနေ့ ပွဲရဲ့ နောက်ခံပုံရိပ်
အကယ်၍ အစ်လာမ်သမိုင်းအားသေခြာစွာလေ့လာမည်ဆိုပါက ဟဂ်ျရီ(၆)ရာစုနှစ်သည် အစ်လာမ့်ကဘ္မာကို အီစာအီများလွမ်းမိုးကာ မွစ်လင်မ်တို့သည် ပြည့်တွင်းပြည်ပ၌ အီစာအီတို့၏လွမ်းမိုးမူကိုခံနေရသည့် အချိန်အခါမျိုးဖြစ်ပေသည်။
တိုသို့သောအချိန်အခါမျိုး၌ဖြစ်ပေါ်လာသော ဤကိစ္စသည် သူများဘာသာအားကျ အထင်ကြီးခြင်းမှလွဲ၍ဘာဖြစ်နိုင်အုံးမည်နည်း???
ထို့အတွက်ကြောင် ယင်မွေးနေ့ပွဲကျင်းပခြင်းနှင့်စက်လျှင်း၍ ဟဂ်ျရီ (၇)ရာစုနှစ်မှစ၍ရနေ့တိုင် သာပညာရှင်တိုက ဗေဒ်အသ်ဟုဆိုနေကြပေသည်။
(၉) 12 ရနေ့ ၌သာဘာကြောင့်မွေးနေ့ ပွဲကြင်းပရသနည်း???
တမန်တော်မြတ်(ဆွ)၏ မွေးသက်ရစ်နှင့်စက်လျင်း၍ (၈)ရက် ၊ (၉)ရက် ၊ (၁၂)ရက် ဟူ၍ အဆိုများကွဲလွဲစွာလာရှိထားပေသည်။
သို့သော တမန်တော်မြတ်(ဆွ)၏ဝဖာသ်ဖြစ်သည့်ရက်စွဲနှင့်စက်လျှင်း၍ကား ရဘီအွလ်အောင်ဝလ် (၁၂) ရက်ဖြစ်ကြောင်း မည်သူမျှအကွဲအလွဲမရှိပေ။
သို့ဖြစ်ပေရာ ရဘီအွလ်အောင်ဝလ် (၁၂) ရက်နေ့ကိုသာရွေးပြီး မွေးနေ့ပွဲကျင်းပကြသူတို့ အား အသင်တို့တမန်တော်(ဆွ)မွေးခြင်းအပေါ်ပျော်ရွှင်ကာ ပွဲကျင်းပနေသလော သို့တည်းမဟုတ် တမန်တော်မြတ်(ဆွ)ဝဖါသ်ဖြစ်ခြင်းအပေါ်ပျော်ရွှင်၍ပွဲကျင်းပနေကြသလော ???
ဟုမေးလိုက်မည်ဆိုပါက အလွန်ဖြေရခတ်သွားလိမ္မည်ဖြစ်သည်။
(၁၀)တမန်တော်သခင်(ဆွ)အစဉ့် အတန်း နှင့် မွေးနေ့ ပွဲ
သဘာဝအရပြောရလျှင် တမန်တော်မြတ်(ဆွ)မွေးနေ့ပွဲသည် ကိုတော်သခင်ရဲ့အစဥ့်အတန်းနှင့်လျှော်ညီစွာဖြစ်ရမည့်အစား သာသနာတော်နှင့်စန့်ကျင်သော ရှက်ဖွယ်လိလိ အရာမျောက်များစွာ ပါဝင်နေ့ပါသည်။
ထိုပွဲ၌ နမားဇ်များလွတ်ခြင်း ၊ အမျိုးသမီးများနှင့်ယောရှက်စွာနေခြင်း ၊ ရှရ်က်ဖြစ်စေသော ကဗျားများအားရွတ်ဖက်ခြင်း စသည့်မလိုးလားအပ်သော မှာယွင်းသည့် အချက်များပါဝင်နေကာ တမန်တော်မြတ်(ဆွ)ယူစောင်လာသော သာသနာတော်နှင့်လုံးလုံးကြီးစန့်ကျင်နေပေသည်။
ပို၍ဆိုးဝါးသည်ကား ထိုပွဲသို့ ကိုတော်မြတ်(ဆွ)ကိုယ်တော်တိုင် ကြွမြန်းလားသည်ဟု ယူစခြင်းပင်ဖြစ်သည့် ။
ထိုသို့ယူစခြင်းသည် မှားယွင်းရုံမျှမက ရှရ်က် ပါဖြစ်ပေသည်။ နအူဇုဗေလ္လာဟ်..
(၁၁)ယနေ့ ခေတ်တွင် ကျင်းပလေ့ရှိသော မွေးနေ့ ပွဲသို့ တချက်ငှဲ့ ကြည့်လျှင်
ထို့အတူ ယခုခေတ်အခါ၌ ကျင်းပလေ့ရှိသော တမန်တော်မြတ်(ဆွ)မွေးနေ့ပွဲတွင့်မြေက်များစွာသော အမှားများ ဘေဒ်အသ်များကိုတွေ့မြင်နိုင်သည်။
- ငွေကျေးဖြုံန်းတီးခြင်း
- အီစာအီများအား အတုခိုးခြင်း
- ရှိအာတို့၏သအ်ဇီယာပွဲအားအတိုခိုးခြင်း
- အမျိုးသမီးနှင့်အမျိုးသားရောပြွင်း၍နေခြင်း
- နမာဇ်များလွတ်ခြင်း
- ကလေကခြေများစုဝေသကဲ့သို့ ဖြစ်နေခြင်း
- တီချငိးဆိုးခြင်း
- တီးမုတ်ကခုန်ခြင်း
- ရှရ်က်ဖြစ်စေသော မှာယွင်းသည့်ကဗျာမျာအား ဖတ်ခြင်း
- ထိုင်းဝိုင်း၌မပါဝင်သော သူများ အား အစ်လာမ်ရန်သူ သို့ ကာဖိရ်ပမှာထင်မြင်ခြင်း
- စွဟာဗာများ သာဗေအီးန်များ သဗအ်သာဗေအီးန်များ စသည့် အကောင်းဆုံးသောခေတ်ကာလ၌ မရှိခဲ့သော အရာတစ်ခုအား သနာ၏မဖြစ်မနေလိုအပ်သော တာဝန်တစ်ခုပမာ ယူစကာတချားပွဲမထုပ်သူတို့ အားအပစ်ပြောဆိုခြင်း
ထို့အတူနောက်ထက်မြောက်များစွာသော ပျက်စီးယုယွင်းမူများပါဝင်နေပေသည်။
တို့အတွက်ကြောင့် သာသနာ့ပညာရှင်များသည် ယင်းကဲ့သို့မွေးနေ့ပွဲလုပ်ခြင်းအား ဗိဒ်အသ် ဟု ဆိုကြပေသည်။ ထိုအတူ တချို့အိုလာမာများကမူ ယင်းကဲ့သို့ မွေးနေ့ပွဲကျင်းပခြင်းကို သာသနာတော်အား အပြောင်းအလွဲပြုခြင်းဟုပင်ဆိုထားကြပေသည်။ အလ္လာမဟ်ယူစွဖ်လုဒ်ယာနဝီ (ရဟ) သခင် ကမူ ထိုအဆိုအတိုင်းဖသ်ဝါပေးထားပေသည်။ အကြယ်တ၀င့်တင်ပြမည်ဆိုပါက မြောက်များစွာ ရေးရမေလိမ္မည်။ သို့သောဤမျှနှင့်လုံလောက်မည်ဟု ယူစကာ ဤမျှနှင့်ပင် နီဂုံးချုပ်လိုက်ပါသည်။ ထက်မန်လေ့လာလိုသူများအဖို့ အလ္လာမဟ်ယူစွဖ်လုဒ်ယာနဝီစပ်၏ အစ်ခ်သေလာဖိအွမ္မသ်အောရ်ဆွေရာသွေမုစ်သကီးမ်း နှင့် မောင်လာနာအဗ်ဒုရ်ရှီးဒ် စွာဟေ့ဗ်၏ ဗေအသ်အောရ်ဗေဒ်အသီ ဟူ သောစာအုပ်များကိုလေ့လာသင့်ပေသည်။ နောက်ထက် မုသကဒ္ဒမီးန် ၏ စာအုပ်များလည်းရှိပေသေသည်။သို့သောဤမျှနှင့်ုပင်လုံလောက်သွာမည်ဟုယူစပေသည်။ အလ္လာဟ်အသျှင် ကျွန်နုပ်တို့အားလုံး အားတရားလမ်းမှန်ကိုပြသကာ ယင်းတရားလမ်းမှန်အပေါ် သေသဖန်သက်တဆုံး တတွေမသိမ်း လိုက်နာကျင့်သုံးနိုင်သည့်စွမ်းအားပေးသနားတော်မူပါစေ။ အာမီးန်.............စွမ္မအာမီးန်
ရေးသားသူ ...
ကိုသူ