ဘိစ်မိလ္လာဟိ ဝလ်ဟမ်ဒုလိလ္လာဟိအလာကုလ္လိဟားလ်
အစ်လာမ်နှင့် science and technology ဟူသော ခေါင်းစဉ်အောက်တွင် မြောက်များစွာသောသူတို့ သည်မိမိတို့ရဲ့အမြင်များကိုရေးလေ့ရှိကြပေသည်။
တချို့ကလည်း science and technology အား အလွန်အထင်ကြီးကာ science and technology ရဲ့ စမ်းစစ်ချက်များကို ကျမ်းစာတစ်ခုအလား မှတ်ယူပြီး မိမိအမြင်၌ science and technologyနှင့်ဆန့်ကြင်သည်ဟုထင်သော အာယသ်တော်များ ၊ ဟဒီးစ်တော်များကိုပါ ၎င်းနှင့် ကိုက်ညီလာအောင် ဝေ့ပတ်ဖွင့်ဆိုမူများပြုလုပ်လာကြသည်။
တချို့ကမူ ထိုဝေပတ်မူများကို ကြည့်ကာ science and technology သည် အစ်လာမ်နဲ့မအပ်စပ်ဘူးဟုယူစကြပေသည်။
ဒီကိစ္စနဲ့ပက်သက်၍သာသနာ့ပညာရှင်အကြီးအကဲမျာထံ မေးခွမ်းများမေးလာကြသည့်အခါ သာသနာ့ပညာရှင်တို့က မည်ကဲ့သို့ဖြေကြလည်းဆိုသည့်အချက်ကို အားလုံးသိချင်နေကြမည်လို့ထင်ပါသည်။
ယခုကျွန်ုပ်သည် ညီနောင်များ အဖို့  အကျိုးရှိစေရန်အလို့ ငှာ သာသနာ့ပညာရှင်တို့ရဲ့ ဖြေကြားချက်များမှ ကောက်နုတ်ထားသော အဓိကကြသည့် မိန်းအချက် သုံးချက်ကို အတိုချုံးပြီးရေးသွားမည် ဟု ရည်စူးထားပါသည်။
ယင်းအချက်လေးများ ကို သိရှိထားပါက science and technology ရဲ့ စမ်းစစ်ချက်တွေဟာ islam နှင့်ဆန့်ကျင်သလား ၊ ကိုက်ညီသလား ဆိုတာကို အလွယ်တကူနားလည်းလာနိုင်မှာပါ

ပထမအချက်
အဓိကသိထားရမည့်အချက်မှာ science and technology ရဲ့အဓိကရည်ရွယ်ချက်သည် စကြာဝဠာ ၌ အလ္လာဟ်အသျှင်မြတ်ဖန်ဆင်းထားသော အင်အားစုများကိုလေ့လာရန်ဖြစ်သည်။ စမ်းစစ်တွေ့ ရှိသောယင်းအင်အားစုများအား လူသားများအဖို့အကျိုးရှိသည့် နေရာများ၌အသုံးချပါမူ science and technology ကို အစ်လာမ်သာသနာတော်က ခွင့်ပြုရုံပင်မက တိုက်တွမ်းအားပေးထားပေသည်။ ဤနေရာ၌ အဓိကကျသည့်အချက်မှာscience and technology ကြောင့်ရှာဖွေရရှိလာသောအင်အားများအား သာသနာ၏လမ်းညွန်မူအတိုင်းအသုံးပြုရန် အရေးကြီးပေသည်။
တနည်းပြောရလျှင် science and technology ရဲ့အဓိကရည်ရွယ်ချက်မှာ စကြာဝဠာရှိ ဖုံးကွယ်နေသောအင်အားများကို လေ့လာခြင်းပင်ဖြစ်သည် ။ ထို့ သို့ လေ့လာရှိလာသောအင်အားစုများအား အသုံးချမည့်နေရာများကိုမူ သာသနာကလမ်ညွန်မူပြုပေသည် ။ သာသနာကသာလျှင် ယင်းစမ်းစစ်တွေ့ ရှိချက်များ၏ စစ်မှန်သည့် အသုံးချနည်းအားလမ်းညွန်သွားမည်ဖြစ်သည် ။ science and technology သည် အစ္စလာမ်က ချပြထားသော လမ်းညွန်းချက်နှင့်အညီသွားမှသာလျှင်အကြိုးဖြစ်နိုင်ပေမည် ။ သို့ မဟုတ်ပါက အားလုံးသိရှိပြီးသည့်အတိုင်း
science and technology ကို လူတို့ရဲ့စိတ်စေသည့်အတိုင်း အသုံးပြုပါမူ science and technology သည် တစ်ဖက်ကလူများအဖို့အကျိုးဖြစ်လာနိုင်ဖွယ်ရှိသလို ၊ အခြားတစ်ဖက်မှ လူသားများအဖို့ မပြောပြနိုင်လောက်သော ဆိုးကျိုးများလည်းသက်ရောက်နိုင်ကြောင်းသမိုင်းကမီးမောင်းထိုပြနေပေသည်။ သာဓကအားလုံးမှာ ကျွန်တော်တို့ ၏ မျက်မြင်ကိုယ်တွေ့ ပင်ဖြစ်သည် ။ အတိတ်ကာလ၌ science and technology သည် တဖက်၌ လူသားများအဖို့  အကြိုးဖြစ်ထွန်းစေမည့်အရာများကို တီထွန်နိုင်ခဲ့သလို တခြားတဖတ်၌ science and technology ကို တလွဲအသုံးချမူသည် ကမ္ဘာတခွင်အား မငြိမ်းခြမ်းမူနဲ့ အတိပြီးသော ငရဲပုံသဖွယ်လည်း ပြုလုပ်ခဲ့ပေသည် ။
science and technology ဖြင့် မြန်ဆန်လွယ်ကူစွာ ခရီးထွက်သွားလာနိုင်သည့် အစီးအနင်းများကို တီထွင်နိုင်ခဲ့သလို ယင်း science and technology ဖြင့်သာ အတမ်ပုံး ၊ ဟဒ်ရိုဂျင်ပုံး များကိုလည်းတီထွင်ခဲ့ပေသည် ။
သို့ ဖြစ်သောကြောင့် science and technology အား အလ္လာဟ်အသျှင်မြတ် ပြဌာန်းထားသော လမ်းညွန်းမူများနှင့်အညီးသုံးစွဲမှသာ ယင်း science and technology သည် လူသားများအဖို့  စစ်မှန်သည့်အကျိုးရလာဒ်အား ရရှိစေနိုင်မည်ဖြစ်သည် ။
စက်လက်၍ တင်ပြသွားမည် ။
(ရေးသားသူ ....ကိုသူ