Monday, June 25, 2012

အိမ်သို့ ဝင်သည့်အခါ ...

,
ဟဇ်ရသ်အသွာအ် အိဗ်နု ယစားရ် (ရသွေ့ )သခင်က ဆင့်ပြန်ခဲ့သည် ။
ပုဂ္ဂိုလ်တစ်ယောက်သည် တမန်တော်မြတ်(ဆွ)ထံလာရောက်ခါ ဤသို့ မေးမြန်လျှောက်ထားခဲ့လေသည် ။
ယာရစူလလ္လာဟ် .. ကျွန်တော်မျိုးသည် မိမိ မိခင်နှင့်တွေ့ ရန် ခွင့်တောင်းဖို့ လိုပါသေးသလား ???
တမန်တော်မြန်(ဆွ)က "လိုအပ်ပါသေးကြောင်း " မိန့် ကြားလေ၏ ။
ထိုအခါ အထက်ပါပုဂ္ဂိုလ်က "ကျွန်တော်မျိုးသည် မိမိ မိခင်နှင့်တကွ အိမ်တစ်လုံးထဲမှာနေလျှက်ရှိပါသည် " ဟုထက်မံ၍ လျှောက်ထားလေသည် ။
(ဆိုလိုသည်မှာ ...မိမိ သည် မိခင်နှင့်တကွ တစ်အိမ်ထဲမှာနေလျှာက်ရှိကြောင်း ၊ သီးခြားစီ အိမ်ခွဲ၍ နေထိုင်နေခြင်းမဟုတ်ကြောင်း ...ထို့ သို့ တစ်အိမ်ထဲမှာ တူတူနေနေပါလျှက် မိခင်နှင့်တွေဖို့  ခွင့်တောင်းရန်လိုပါသေးသလော ?? ဟု မေးမြန်လို ခြင်းဖြစ်သည်)
ထို အခါ တမန်တော်မြတ်(ဆွ)က ..ထိုအခြေအနေ၌လည်း မိခင်နှင့်တွေ့ ရန်အလိုငှာ ခွင့်တောင်းပြီးမှာ သွားလော့ ဟု မိန့် ကြားပြန်၏ ။
ထိုအခါ ယင်းပုဂ္ဂိုလ်က ...ကျွန်တော်မျိုးသည် မိခင်တော်အား ပြုစုနေသူဖြစ်ပါသည်ဟုထက်မံလျှောက်ထားလေ၏ ။
(ဆိုလိုသည်မှာ ..မိမိသည် မိခင်အားပြုစုနေရသဖြင့် မိခင်ထံ ခဏ ခဏ ဝင် ၊ထွက် ၊သွား ၊လာ ပြုနေရပါသည် ။ထို့ သို့ ဝင်ထွက်သွားလာ လုပ်နေရပါလျှက် ခွင့်တောင်းနေရန် လိုအပ်ပါသေးသလော ?? ဟုမေးမြန်းလို ခြင်းဖြစ်သည်။ )
ထိုအခါ တမန်တော်မြတ်(ဆွ)ကမိန့် တော်မူသည် ..အသင်သည် ယင်းမိခင်နှင့်တွေရန်အလိုငှာခွင့်တောင်းပြီးမှာ သွားလော့ ။ အသင်သည် မိမိ၏ မိခင်အား ဝတ်လစ်စလစ် အဖြစ်မျိုး ဖြင့် တွေ့ မြင်ချင်ပါသလော ??
ထိုအခါ ယင်းပုဂ္ဂိုလ်က ပြန်လည်ဖြေကြားလေသည်... (ထိုကဲ့သို့ အခြေအနေမျိုးဖြင့်) မမြင်ချင်ပါ ။
ထိုအခါ တမန်တော်မြတ်(ဆွ)ကမိန်တော်မူသည် ...သို့ ဖြစ်လျှင်အသင်သည် မိမိ မခင်နှင့်တွေရန် ခစားသည့်အခါ ခွင့်တောင်းပြီးမှ သွားလေကုန် ..
(မုအဿွာအိမာမ်မာလိက်)
ကျမ်းတော်မြတ်ကုရ်အာန် ၌ လည်း ခွင့်တောင်းပြီး ဝင်ရန် အမိန့် လာရှိထားပေသည် ။
သူတစ်ပါးအိမ်သို့ သွားသည့်အခါ (၃) ကြိမ်ခွင့်တောင်းလို့  အဖြေပြန်မလာပါက အိမ်ရှင်တွေအား အကောင်းအမြင်နှင့် မြင်ကာ လှည့်ပြန်သင့်ပေသည် ။
သို့ ဖြစ်ပေရာ ကျွန်ုပ်တို့ သည် မိမိ အိမ်သို့ ဝင်သည်ဖြစ်စေ ..တခြားသူအိမ်သို့ သွားသည်ဖြစ်စေ ..ခွင့်တောင်ပြီးမှ ဝင်ရန်လိုအပ်ပေသည် ။ ခွင့်မတောင်းပဲစွပ်တရွတ်ဝင်ပါက မမြင်သင့်မမြင်အပ်တာတွေမြင်ခြင်း ၊ သူများ မမြင်စေချင်တဲ့အရာတွေကို မြင်သွားခြင်း ၊ မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်ခါ အချင်းချင်း စိတ်ဝမ်းကွဲခြင်း စသည့် ပြသနာပေါင်းသောင်းခြောက်ထောင်ဖြစ်လာနိုင်ပေသည် ။ သို့ ဖြစ်ပေရာ အစ္စလာမ်က သင်ပေးထားသော ဒီစီကမ်းလေးကို လိုက်နာရန် ကျွန်ုပ်တို့ အားလုံးအပေါ် တာဝန်ရှိပေသည် ။

0 comments to “အိမ်သို့ ဝင်သည့်အခါ ...”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates