စွလာသွသ်သစ်ဘီးဟ် ဖတ်ပုံ(၂)မျိုးရှိသည်။ လွယ်ကူသည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ။စွလာသွသ်သစ်ဘီးဟ် (၄) ရကအသ်ဖတ်ရန် နိယသ်ပြုကာ နမားဇ်အားအစပြုရမည်။၂။ ။သက်ဘီးရ်သဟ်ရီမာဟ်(ပထမဦးဆုံးအလ္လာဟ်ဟုအက်ဗရ်) နှင့် စနာ(စွဗ်ဟာနကလ္လာဟ်ဟွမ္မ)ဆိုပြီးနောက် အလ်ဟမ်ဒုစူရဟ် မဖတ်မည် ဦးစွာ ဆွလာသွသ်သစ်ဘီဟ် ၌ ဖတ်ရသည့်သစ်ဗီဟ် အား ၁၅ကြိမ်ဖတ်ပါ။
ဆွလာသွသ်သစ်ဘီးဟ်၌ဖတ်ရသည့် သစ်ဗီဟ်မှာ
(စွဗ်ဟာနလ္လာဟေ့ ဝလ်ဟမ်ဒုလိလ္လာဟေ့ ဝလာအိလာဟ အိလလ္လာဟု ဝလ္လာဟု အက်ဗရ်)
၃။ ။စူရဟ်တွဲပြီးသည့်နောက် ရကူအ် မသွားမည်အလျှင် အထက်ပါသစ်ဗီဟ်ကို ၁၀ ကြိမ်ဖတ်ပါ။
၎။ ။ထို့နောက် ရုကူးအ်ပြုသည့်အခါ ရုကူအ်၌ ဖတ်ရသည့် သစ်ဘီးဟ်များဖတ်ပြီးနော် ကောဝ်မာဟ် ပြန်မထမှီ အထက်ပါသစ်ပီဟ် အား (၁၀)ကြိမ်ဖတ်ပါ။
၅။ ။ထို့ နောက် ကောဝ်မာဟ်မှ စဂ်ျဒါဟ်သို့ မသွားမီ မက်တပ်ရပ်လျှက် အထက်ပါသစ်ဗီဟ်ကို (၁၀)ကြိမ်ဖတ်ရွတ်ရမည်။
၆။ ။ထို့နောက်ပထမ စဂ်ျဒါဟ်တွင် စွဗ်ဟာနရဗ်ဗိရလ်အအ်လာ ဖတ်ပြီးနောက် စဂ်ျဒဟ်မှ နဖူးကိုမကျွမှီ အထက်ပါသစ်ဗီဟ်ကို (၁၀)ကြိမ်ဖတ်ပါ။
၇။ ။ထို့ နောက် စဂ်ျဒဟ်(၂)ခုကြား၌ အထက်ပါသစ်ဗီဟ်ကို (၁၀)ကြိမ်ဖတ်ရမည်။
၈။ ။ထို့ နောက်ဒုတိယ စဂ်ျဒဟ်တွင် စွဗ်ဟာနရဗ်ဗိရလ်အအ်လာ ဖတ်ပြီးနောက် ကေယာမ် ပြန်မထမှီအလျှင် (၁၀)ကြိမ်ဖတ်ရမည်။
ဤသို့ ဖြင့် (၁)ရကအသ်တွင် သစ်ဗီဟ် အကြိမ်အရည် (၇၅)ကြိမ်ဖြစ်သွားပေလိမ္မည်။ ကျန် (၃)ရကအသ်တွင်လည်း ဤအတိုင်းပင် စက်လက်ဖတ်သွားရမည်။ ထိုသို့ ဖြင့် (၄)ရကအသ်တွင် သစ်ဗီဟ် အကြိမ်အရည် စုစုပေါင်း (၃၀၀)ဖြစ်သွားပါလိမ္မည်။သစ်ဗီဟ်ဖတ်သည့်အခါ
လက်ချောင်းများချိုးကာရည်တွက်ခြင်းမပြုရပေ။လက်ပိုက်ထားလျှက်ပင် ယာလက်ချောင်းလေးများကို အားပြုကာ စိတ်မှရည်တွက်မူပြုရမည်။
ဒိုအာလိုလားသူ....
ကိုသူရ