Monday, June 25, 2012

,
ပြီးခဲ့သော ပို့ စ်များတွင် တမန်တော်မြတ်(ဆွ)မွေးသည့်အချိန်မှစ၍ နဗုဝါတ်ရချိန်ထိဘဝပုံရိပ်အကျဉ်းနှင့် နဗုဝါတ် ရချိန်မှ ဟိဂ်ျရသ်လုပ်ချိန်ထိ ဘဝပုံရိပ်အကျဉ်းအား တင်ပြခဲ့ပြီးပါပြီး (ကြည့် အပိုင်း(၁) ၊ (၂) (၃) (၄) (၅) ...).ယ္ခုချိန်မှစ၍ဟိဂ်ျရသ်ပြုချိန်မှ ဝဖားသ်ဖြစ်ချိန်ထိဆိုင်ရာ ဘဝပုံရိပ်အကျဉ်းအား ဆက်လက်ရေးသားသွားပါတော့မည် ။
(ဟိဂ်ျရသ်စလုပ်သည့်နစ်)ဟဂ်ျရီ(၁)ခုနှစ်
တမန်တော်မြတ်(ဆွ)သည် ဟဇ်ရသ်အဗူဗကရ်(ရသွေ့ )နှင့်အတူ မဒီနာရွှေမြို့ တော်သို့ ဟိဂ်ျရသ်ပြုခဲ့လေသည် ။ ၎င်းနောက် (၃)ရက်တိုင် ဂါရိစောင်ရ် (ခ)စောင်ရ် လိုင်ဂူ၌ ပုံးခိုခဲ့လေသည် ။(အဆွဟ်ဟုစ္စိယရ် ၁၀၇ )


တမန်တော်မြတ်(ဆွ)သည် ဟဇ်ရသ်အဗူကရ်(ရသွေ့ )နှင့်တကွ ကုဗာမည်သောနေရာ၌ (၄)တာနေပြီးသည့်နောက် တနင်္လာနေ့  ရဘီအုလ်အင်ဝလ်လ ၁၂ ရက်နေ့ တွင် ကုဗာမည်သောနေရာ၌ မစ်ဂျိဒိကုဗာ အား အုတ်မြစ်ချခဲ့လေသည် ။ ဤသည်မှာ (တမန်တော်မြတ်(ဆွ)ပွင့်ပြီးနောက်)အစ္စလာမ်သမိုင်း၏ ပထမဆုံးဗလီဖြစ်ခဲ့လေသည် ။ (စီရသုန္နဗီ တွဲ၁ ၊၁၇၄ )


(တမန်တော်မြတ်(ဆွ)ပွင့်ပေါ်ပြီးနောက်)အစ္စလာမ်သမိုင်း၌ ပထမဆုံးသော ဂျိုမုအဟ် ဆွလာသ်အား ဗနူစာလင်မ်ရက်ကွက်၌ ဝတ်ပြုခဲ့လေသည် ။ (စီရသုန္နဗီ တွဲ ၁ ၊၁၇၆ )


မဒီနာမြို့ သားတို့ သည် တမန်တော်မြတ်(ဆွ)အား ကြိုဆိုခဲ့လေသည် ။တမန်တော်မြတ်(ဆွ)၏ ကြွမြန်လာမူအပေါ် ပျော်ရွှင်စွာ ကြိုခဲ့လေသည် ။ (စီရသုန္နဗီ တွဲ ၁ ၊ ၁၇၉ )


မစ်ဂျိဒိနဗဝီ(မဒီနာဗလီဝတ်ကျောင်းတော်)အား စတင်ဆောက်လုပ်ခဲ့လေသည် (စီရသုန္နဗီ တွဲ ၁ ၊၁၇၆ )


အန်ဆွာရီးများနှင့် မုဟာဂျိရ်တို့ ၏ အကြား ညီနောင်ဖွဲ့ ပေးခဲ့လေသည် ။ အရ်ဗီ၌ယင်းညီနောင်ဖွဲ့ မူအား မိုအာခါးသ် ဟုခေါ်ပေသည် ။ (စီရသုန္နဗီ တွ ၁ ၊၁၇၉ )
တမန်တော်မြတ်(ဆွ)နှင့်ဟဇ်ရသ်အာအိရှာ(ရသွေ့ )သခင်မတို့ ၏ ထိမ်ငြားမင်္ဂလာဖြစ်ခဲ့လေသည် ။ (အရ်ရဟီကုလ်မခ်သူးမ် ၆၃၅ )


ဟဇ်ရသ် စလ်မာန်ဖာရိစီသည် အစ္စလာမ်သာသနာတော်အား လက်ခံလာခဲ့လေသည် ။ (စီရသုန္နဗီ တွဲ ၁ ၊၁၇၃ )


မက္ကာဟ်မြို့ ရှိ ကာဖိရ်ကုရိုင်းရှ်တို့ နှင့် ဂျိဟာဒ်လုပ်ရန် အာယသ်တော်ကျလာခဲ့လေသည် ။ أذن للذين يقاتلون بأنهم ظلموا وإن الله على نصرهم لقدير 
အဓိပ္ပါယ်
( (ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မနိုင်စွမ်း ရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။) (စီရသုန္နဗီ တွဲ ၁ ၊ ၁၉၃ )


နမားဇ်အချိန်များတွင် အဇာန်နှင့်အိကာမသ်ပေး၊ရန် အမိန့် ကျခဲ့လေသည် (စီရသုန္နဗီ တွဲ ၁ ၊၁၇၈ ၊၁၇၉ )
မဒီနာမြို့ ရှိ ယဟူဒီများ(ဂျူးလူမျိုးများ)ဖြင့်  ကတိစာချုပ်အား စာရွက်စာတန်းနှင့်ရေးသားကာပြုလုပ်ခဲ့လေသည် ။ (စီရသုန္နဗီ တွဲ ၁ ၊၁၈၅ )
 ဆက်လက်ရေးသားသွားဘာမည် ။
                                                             လေးစားစွာဖြင့်
                                                                                ကိုသူ

0 comments to “ ”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates