အပိုင်း(၁) နှင့် အပိုင်း(၂) တွင် တမန်တော်မြတ်(ဆွ)မွေးသည့်အချိန်မှာစ၍ နဗီအဖြစ်စေလွှတ်ခြင်းခံရသည့်အချိန်ထိတိုင် ဖြစ်ဖျက်ခဲ့သော ဘဝပုံရိပ်အကျဉ်းအား တင်ပြခဲ့ပါသည် ။ အပိုင်း(၃) နှင့် အပိုင်း(၄) ယ္ခုတင်ပြလိုက်သော အပိုင်း(၅) တို့ တွင် နဗီအဖြစ်စေလွတ်ခြင်းခံရသည့်အချိန်မှစ၍ ဟိဂ်ျရသ် မပြုမည်အချိန်ထိ ဖြစ်ဖျက်ခဲ့သော ဘဝပုံရိပ်အကျဉ်းအား တင်ပြလိုက်ပါသည် ။ အပိုင်း(၆) မှစ၍ ဟိဂ်ျရသ်ပြုချိန်မှ ကွယ်လွန်ချိန်ထိတိုင်ဖြစ်ဖျက်ခဲ့သော ဘဝပုံရိပ်အကျဉ်းအား တင်ပြသွားမည် ။
နီဗီအဖြစ်စေလွှတ်ခြင်းခံရသည့် အချိန်မှစ၍ (၁၁)နှစ်မြောက်သောအခါ
"သွာအိဖ်" ခရီးစဉ်မှပြန်လာပြီးနောက် "မိအ်ရားဂ်ျ" ခရီးစဉ်စတင်ခဲ့လေသည် ။ " မိအ်ရာဂ်ျ " ခရီးစဉ်မှပြန်လာပြီးနောက် ဖရဇ်ဆွလားသ်(နမားဇ်) ငါးကြိမ်ကို လက်ဆောင်အဖြစ်ယူဆောင်လာတော်မူခဲ့သည် ။ (အဆွဟ်ဟုစ္စိရရ် ၁၀၁ )
"ခဇ်ရဂ်ျ "မျိုးနွယ်ဝင် (၁၁)ဦးသည် တမန်တော်မြတ်(ဆွ)ထံတော်ပါး၌ အစ္စလာမ်သာသနာကို လက်ခံလာခဲ့လေသည် (စီရသွန္နဗီ တွဲ ၁ ၊ ၁၆၇ )
နီဗီအဖြစ်စေလွှတ်ခြင်းခံရသည့် အချိန်မှစ၍ (၁၂)နှစ်မြောက်သောအခါ
" အကဘဟ် "မည်သောနေရာ၌ ပထမဆုံးအကြိမ် " အောင်စ် " နှင့် "ခဇ်ဂ်ျ " မျိုးနွယ်ဝင်တို့ အနက်မှ ပုဂ္ဂိုလ် (၁၁) ဦးသည် အစ္စလာမ်လက်ခံ၍ ဘိုင်အသ်ပြုခဲ့လေသည် ။ (စီရသွန္နဗီ တွဲ ၁ ၊၁၆၇ )
မဒီနာ (ယစ်ရိဗ် ၊ သွိုင်(ယ်)ဘဟ်) မြို့ ၌ အစ္စလာမ်သာသနာအားဖြန့် ချီရန်အလို့ ငှာ ဟဇ်ရသ် မုဆ်ွအဗ် ဘင်န် အုမိုင်းရ် (ရသွေ့ )ကို မုဘလ္လိဂ်အဖြစ်စေလွတ်ခဲ့လေသည် ။ (စီရသွန္နဗီ တွဲ ၁ ၊ ၁၆၇)
နီဗီအဖြစ်စေလွှတ်ခြင်းခံရသည့် အချိန်မှစ၍ (၁၃)နှစ်မြောက်သောအခါ
"ဟဇ်ရသ် အုစိုင်းဒ် ဘင် ဟုဇွိုင်းရ် " (ရသွေ့ ) သခင် နှင့် "ဟဇ်ရသ် စအ်ဒ် ဘင်န် မုအားဇ် "(ရသွေ့ )သခင်တို့ အစ္စလာမ်သာသနာအား လက်ခံလာခဲ့လေသည် ။ (ရဟမသိ နဗီ ၃၀၅ မောင်လာနာအဗုလ်ဟစန်အလီ နဒဝီ )
ဒုတိအကြိမ် "အကဘဟ်" မည်သောနေရာ၌ ဘိုင်အသ်ဖြစ်ခဲ့လေသည် ။ ဒိုတိအကြိမ်တွင် ပုဂ္ဂိုလ် (၇၂)ဦး အစ္စလာမ်လက်ခံကာ ဘိုင်အသ်ပြုခဲ့လေသည် ။( အရ်ရဟီးကုလ်မခ်သူးမ် ၂၁၁ )
မုစလင်မ်တို့ သည် မဒီနာရွေမြို့ တော်သို့  ဟိဂ်ျရသ်လုပ်စပြုလာတော့သည် ။ (စီရသွန္နဘီ တွဲ ၁ ၊၁၆၇ )
နအူဇုဗိလ္လာဟ် ..ကုရိုင်းရှ်မျိုးနွယ်ဝင်တို့ သည် တမန်တော်မြတ်(ဆွ) ကိုအဆုံး စီစဉ်ရန် "ဒါရွန္နဒ်ဝဟ်" မည်သောနေရာ၌ ပလန်စွဲကာ ကြံစည်ခဲ့လေသည် ။ (စီရသွလ်မုဆ်ွသွဖာ တွဲ ၁ ၊၄၀၉ )
အပိုင်း(၆) ဆက်လက်တင်ပြသွားပါမည် ။
လေးစားစွာဖြင့် .....
ကိုသူ