Monday, June 25, 2012

အမျိုးသမီးဝတ်ပြုသောစွလားသ် နှင့်အမျီုးသားဝတ်ပြုသောဆွလာသ် ကွာခြားပုံ့ 

,
အမျိုးသားဝတ်ပြုသော စွလားသ်နှင့်စက်လျှင်း၍ အားလုံးသိရှိပြီးသားဖြစ်ပေသည် ။  သို့ သော်လက်တလော အဓိကကျသည့် အချက်မှာအမျိုးသမီးဝတ်ပြုသောဆွလားသ် နှင့်အမျီုးသားဝတ်ပြုသောဆွလာသ် ကွာခြားပုံပဲဖြစ်သည်။ သို့ ဖြစ်သောကြောင့် ထိုခေါင်းစဉ်အားဦးစားပေးရေးလိုက်ပါသည် ။
အမျိုးသမီးတို့  ဆွလားသ်ဝတ်ပြုပုံမှာ အမျိုးသားတို့ နှင့် ကွားခြားသည့်အတွက် အမျီုးသမီးတို့ သည် အောက်ပါ မစ်အလာဟ် များကို တသိပြုသင့်ပေသည် ။

(၁)အမျိုးသမီးတို့ သည် ဆွလာသ်ဝတ်ပြုသည့်အခါ ဝတ်မပြုခင် မိမိတို့ ၏ ခြေ(ခြေမျက်စိအထိ) ၊ လက်(လက်ကောက်ဝတ်အထိ) ၊ မျက်နှာ မှအပ တခြားခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံး ဖုံးဖိလုံခြုံမူ ရှိမရှိဆိုသည်နှင့်စက်လျှင်း၍ စိတ်ချရသည့်တိုင် စီစစ်ရမည်ဖြစ်သည်။
  • တချို့ အမျိုးသမီးများသည် နမားဇ်ဖတ်သည့်အခါ မိမိတို့ ၏ ဆံပင်များကို ဖော်ထားလေ့ရှိကြည် ။
  • တချို့ မှာ မိမိတို့ ၏ လက်(လက်ကောက်ဝတ်အထက်အစိတ်ပိုင်း) များကိုဖော်ထားလေ့ရှိကြသည် ။
  • တချို့ မှာ မိမိတို့ ဆံပင်အား လုံခြုံစွာမဖုံးနိုင်သည့် သေးငယ်လှသော ပဝါများဖြစ် ဆွလာသ်ဝတ်ပြုလေ့ရှိသည်။
ဤသည်အားလုံးတို့ သည် မပြုပိုင်သောအချက်များပင်ဖြစ်သည်။
  • အကယ်၍ နမားဇ်ဖတ်သည့်အခါ ခြေ(ခြေမျက်စိအထိ) ၊ လက်(လက်ကောက်ဝတ်အထိ) ၊ မျက်နှာမှာအပ ကျန်ရှိသောခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုခု ၏ လေးပုံတစ်ပုံ ခန့် အတိုင်းအတာသည် سبحان ربي العظيم ( စွဗ်ဟာန ရဘ္ဘီယလ် အဇွီးမ်) သုံးကြိမ်ဖတ်နိုင်လောက်သည့် အချိန်ခန့် မျှ လစ်ဟာနေပါမူ ထိုနာမာဇ်မပိုင်ပေ ။
  • အကယ်၍ အစိတ်အပိုင်းတစ်ခုခု ၏ လေးပုံတစ်ပုံထက်နည်းသည့်အတိုင်းအတာ လစ်ဟာနေခဲ့ပါမူ နမားဇ်ပိုင်သွားပေမည် ။သို့ သော် အပြစ်ထိုက်မည်။
(၂)အမျိုးသမီးများအဖို့ အိမ်၏ အတွင်ခန်း၌ နမားဇ်ဝတ်ပြုခြင်းသည် အိမ်၏အပြင်အခန်း၌ နမာဇ်ဝတ်ပြုခြင်းထက်သာမြတ်ပေသည် ။ အိမ်၏ အပြင်ခန်း၌ နာမားဇ်(ဆွလားသ်)ဝတ်ပြုခြင်းသည် အိမ်၏ ဝရန်တာ ၌ နမားဇ်ဝတ်ပြုခင်းထက်သာမြတ်ပေသည် ။

(၃)အမျိုးသမီးတို့ နမားဇ်ဝတ်ပြုရာ၌ (သက်ဘီးရ်သဟ်ရီမာ. تكبير تحريمه.)ပထမဆုံး သက်ဘီးရ် အတွက်လက်မြောက်သည့်အခါ မိမိတို့ ၏လက်ကို နားနုထိ မမြှောက်ရပေ ။ ပုခုံးထိသာမြှောက်ရပေမည် ။ထိုသို့ ပခုံးထိမြှောက်သည့်အခါတွင် မိမိတို့ လက်ကို ပဝါအပြင်သို့ မထုပ်ပဲ ပဝါအတွင်းကသာမြောက်သင့်ပေသည် ။

(၄)လက်ပိုက်သည့်အခါ အမျိုးသမီးတို့ သည် ညာဖက်လက်ဖဝါးကို ဘယ်ဖက်လက်ဖမိုးပေါ်ထားကာ ယင်ဘက်ပေါ်၌ လက်ပိုက်ရပေမည်။ အမျိုးသားများကဲ့သို့ ချက်အောက်တွင်မပိုက်ရပေ။

(၅)အမျိုးသမီးတို့ သည် (ركوع) ရကူအ် သွာသည့်အခါအမျိုးသားများကဲ့သို့  ကျောပြင်ကိုဖြောင့်မတ်စွာထားရန်မလိုပေ ။ အမျီုးသမီးများသည် အမျိုးသားများထက် ရှော့၍ ညွှတ်ရမည် ဖြစ်သည် ။

(၆)ရကူအ် (ركوع) သွားရာ၌ အမျိုးသားတို့ သည်မိမိတို့ ၏ လက်ချောင်းလေးများကို ချဲထားရပေသည် ။သို့ သောအမျီုးသမီးတို့ မှာ မိမိတို့ ၏ လက်ချောင်းလေးများ လစ်ဟာမူမရှိ့ သည့်တိုင် စိထားရပေမည်။

(ရ)ရကူအ် (ركوع) သွားသည့်အခါ အမျိုးသမီးတို့ သည်မိမိတို့ ၏ ခြေထောက်အား လုံးဝဖြောင့်မထားသင့်ပေ ။ ဒူးခေါင်းဘက်သို့ အနည်းငယ်ကွေးထားသင့်သည်။

(၈)ရကူအ် (ركوع) သွားရာ၌ အမျိုးသားတို့  သည်မိမိတို့ ၏ လက်မောင်းများအား နံဘေးများနှင့် မကပ်စေရန် ခွာထားရပေသည် ။ သို့ သောအမျိုးသမီးတို့ မှာ မိမိတို့ ၏ လက်မောင်းများကို နံဘေးများနှင့်ကပ်ထားရပေသည် ။

(၉)အမျိုးသမီးတို့ သည် မက်တက်ရပ်သည့်အခါ ခြေထောက် (၂) ချောင်းအားစုထားရပေမည် ။ အထူးသဖြင့် မိမိတို့ ခြောမျက်စီနှစ်ခုအား နီးသည့်ထက်နီးအောင် ကပ်ထားရပသည်။

(၁၀) စဂ်ျဒဟ် (سجده) ချသည့်အခါ အမျိုးသားများသည် မိမိတို့ ၏ ဒူးအား ဦးစွာပထမ မြေကြီးပေါ်သို့ ချရပေသသည် ။ ထို သို့ ချပြီးသည့်နောက် ရင်ဘက်အား စဂ်ျဒါဟ်လုပ်ရန်ညွတ်ကိုင်းရပေသည်။ သို့ သော်အမျီုးသမီးများအဖို့ မူ စဂ်ျဒဟ် (سجده) စသွားကတည်းက ရင်ဘက်အားညွတ်ကာ စဂ်ျဒဟ် (سجده) သွားနိုင်ပေသည် ။

(၁၁)စဂ်ျဒဟ် (سجده) ချသည့်အခါ အမျိုးသမီးတို့ သည် မိမိတို့ ပေါင်နှင့် ဝမ်းဗိုက် ကိုပူးထားရပေမည်။ ထို့ အတူ မိမိတို့ ၏လက်မောင်းနှင့်နံဘေးများကိုပူထားရပေမည်။ ၎င်းနောက် မိမိတို့ ၏ ခြေဖဝါနှစ်ခုအား ယာဖတ်သို့ ထုပ် ၊ ခင်း ထားရပေမည် ။

(၁၂)စဂ်ျဒဟ် (سجده) ချသည့်အခါ အမျီုးသားတို့ သည့် မိမိတို့ ၏ ရင်ခွင်အားမြေကြီးပေါ်သို့ မဝတ်ရန် အမိန့် လာရှိထားပေသည် ။ သို့ သော် အမျိုးသမီးများသည် မိမိတို့ ရင်ခွင်အား မြေးကြီးပေါ်ဝတ် ထိုက်ပေသည်။

(၁၃)စဂ်ျဒဟ် (سجده) နှစ်ခုကြားတွင်ထိုင်သည့်အခါဖြစ်စေ၊ (သို့ မဟုတ်) အဿဟိယ်ယားသ် (التحيات)  ထိုင်သည့်အခါ၌ဖြစ်စေ အမျိုသမီးတို့ သည် မိမိတို့ ၏ ဘယ်ဖတ် တင်အပေါ်ထိုင်ရမည်ဖြစ်သည် ။၎င်းနောက်ခြေနှစ်ချောင်းကို ညာဖတ်သို့ ထုပ်ကာ ညာဖတ်ခြေသလုံးအပ်ါထားရမည်။

(၁၄)အမျိုသမီးတို့ သည် (ရကူအ်၊ စဂ်ျဒါဟ်၊ စဂ်ျဒါဟ် ၂ ခုကြား ၊ကအ်ဒါဟ် စသည့်) နမားဇ်၏ အခြေအနေတိုင်း ၌ မိမိတို့ ၏လက်ချောင်းများကို စိထားရမည်(ဆိုလိုသည်မှာ တစ်ချေားနဲ့ တစ်ချောင်းမခွါထားရပေ)။

(၁၅) အမျိုးသမီးများ ဂျမာအသ် ဖြင့် ဆွလာသ် ဝတ်ပြုခြင်းမှာ မက်ရူဟ် ဖြစ်သည်။ ထို့ အတွက် တစ်ယောက်တည်းဖတ်ခြင်းကမြတ်ပေသည်။ သို့ သော အိမ်၌ မုဟ်ရိမ်(မိမိနှင့် နေကာမပြုပိုင်သည့် ဆွေမျိုးအရင်းအခြာများ)သည် ဂျမာအသ်ဖြစ် ဆွလာသ်ဝတ်ပြုနေပါမူ ယင်း တို့ နှင့်တကွ (ဆွေမျီုးတော်စက်သူ)အမျိုးသမီးများလည်း ပါဝင်နိုင်ပေသည်။သို့ သော် အမျီုးသားများနှင့် တစ်လိုင်းထဲတွင် လုံးဝ တွဲမရက်ရ ၊ အမျိုးသားများနောက်မှလိုင်းစီရမည်ဖြစ်သည်။
မှတ်ချက် ။ ။ အထက်ပါအကြောင်းအရာကို ကျွန်တော်သူရ အနေနှင့် ဟဇ်ရသ်မောင်လာနာ မုဖ်သီးသကီး အုစ်မာနီ  ဒါမသ်ဗရကာသုဟွမ် စွာဟိဗ်ရဲ့ 
(   نمازین سنت کےمطابق پڑہہے  ) စွန္နတော်နှင့်အညီ နမားဇ် ဝတ်ပြုကြစို့ 
ဟူသောစာအုပ်မှာ ဘာသာပြန်တင်ပြထားခြင်းဖြစ်သည် ။

0 comments to “အမျိုးသမီးဝတ်ပြုသောစွလားသ် နှင့်အမျီုးသားဝတ်ပြုသောဆွလာသ် ကွာခြားပုံ့ ”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates