Monday, June 25, 2012

တမန်တော်မြတ်(ဆွ)၏ အထ္ထုပတ္တိအကျဉ်း အပိုင်း (၄)

,
နီဗီအဖြစ်စေလွှတ်ခြင်းခံရသည့် အချိန်မှစ၍ (၅)နှစ်မြောက်သောအခါ
ဟဗ်ရှဟ် (အီသီယိုဘီယား)နိုင်ငံသို့ မုစ်လင်မ်တချို့ ပထမဆုံး ဟိဂ်ျရသ်ပြုခဲ့လေသည် ။ ၎င်း ဟိဂ်ျရသ်တွင် အမျိုးသား (၁၁)ဦး ၊ အမျိုးသမီး (၅)ဦး ပါဝင်ခဲ့လေးသည် ။(စီရသွလ်မုဆ်ွသွဖာ တွဲ ၁ ၊၂၇၈ ၊၂၇၉)


ဟဗ်ရှဟ် (အီသီယိုဘီးယား)နိုင်ငံသို့  ဒုတိယ အကြိမ် ဟိဂ်ျပြုလုပ်ခဲ့သည် ။ ဒုတိအကြိမ် ၌ အမျိုးသား (၈၄)ဦး ၊အမျိုးသမီး (၁၅)ဦး ပါဝင်ခဲ့လေသည် ။(စီရသွလ်မုဆ်ွသွဖာ တွဲ ၁ ၊ စာမျက်နှာ ၂၈၀ မှ ၂၈၅ )


နီဗီအဖြစ်စေလွှတ်ခြင်းခံရသည့် အချိန်မှစ၍ (၆)နှစ်မြောက်သောအခါ
ကိုယ်တော်မြတ်(ဆွ) ဦးလေးဖြစ်သူ ဟဇ်ရသ် ဟမ်ဇဟ်(ရသွေ့ )သည် အစ္စလာမ်သာသနာကို လက္ခံလာခဲ့လေသည် ။
၎င်း အစ္စလာမ်သာနာကိုလက္ခံပြီးနောက် (၂)ရက် (၃)ကြာသောအခါ ဟဇ်ရသ် အုမရ် ဖာရူးက်(ရသွေ့ )ဒုတိယခလီဖာသည် အစ္စလာမ်သာသနာကို လက္ခံလာခဲ့လေသည် ။(စီရသွန္နဗီ တွဲ ၁ ၊စာမျက်နှာ ၁၄၆)


နီဗီအဖြစ်စေလွှတ်ခြင်းခံရသည့် အချိန်မှစ၍ (၇)နှစ်မြောက်သောအခါ
ကုရိုင်းရှ်မျိုးနွယ်တို့ သည် စုပေါင်း၍ တမန်တော်မြတ်(ဆွ)နှင့် မွစ်လင်များ ထို့ အတူ ဘနီဟာရှမ်မျိုးနွယ်များအား အဆက်အသွယ်ဖျက်ခဲ့လေသည် ။၎င်းတို့ အားထို့ သို့ အဆက်အသွယ်ဖျက်ရန် ကုရိုင်းရ်တို့ သည် ကတိစာချုပ်ပြုလုပ်ကာ စုပေါင်းသဘောတူညီလက်မှတ်ထိုးထားသောကတိစာချုပ်အား ကအ်ဗဟ် ကျောင်းတော်၌ ချိတ်ဆွဲခဲ့လေသည် ။ ထို့ နောက် မွစ်လင်များ နှင့် ဗနူဟာရှင်မ်မျိုးနွယ်များကို ရှိအ်ဘိအဘီသွာလိပ်မည်သောနေရာ၌ ချိတ်ပိတ်ထားခဲ့လေသည် ။ (စီရသွလ်မွဆ်ွသွဖာ တွဲ ၁ ၊ ၃၀၄ ၊၃၀၅)
နီဗီအဖြစ်စေလွှတ်ခြင်းခံရသည့် အချိန်မှစ၍ (၈)နှစ်မြောက်သောအခါ
ရှက္ကုလ်ကမရ်(လက်ညိုးနဲ့ ညွန်၍ လကို ၂ ခြမ်းခွဲပြသော မုအ်ဂျိဇဟ်) ဖြစ်ခဲ့လေသည် ။ (စီရသွလ်မွဆ်ွသွဖာ တွဲ ၁ ၊၂၇၄)


နီဗီအဖြစ်စေလွှတ်ခြင်းခံရသည့် အချိန်မှစ၍ (၁၀)နှစ်မြောက်သောအခါ
အဆက်အသွယ်ဖျက်ရန်အလိုငှာ ကာဖိရ်တို့ စုပေါင်းကတိပြု ၊သဘောတူညီလက်မှတ်ထိုးကာ ကအ်ဘဟ်ကျောင်းတော်၌ ချိတ်ဆွဲထားသော စာချုပ်ကို ချစားသွားသဖြင့် စာချုပ်သက်သန်းကုန်ဆုံးကာ အဆက်သွယ်ဖျက်မူ ရက်တန့် သွားခဲ့လေသည် ။(စီရသွလ်မုဆ်ွသွဖာ တွဲ ၁ ၊ ၃၀၅ ၊၃၀၆)


ရှအ်ဘိအဗိသွာလိမည်သော တောင်ချို၌ ချိတ်ပိခံနေရသည့်အဖြစ်အဖျက် ပြီးဆုံးပြီးနောက် ဟဇ်ရသ်ခဒီဂျဟ်(ရသွေ့ )သည် သက်တော် (၆၅)နှစ်အရွယ် ၌ ကွယ်လွန်သွားရှာသည် ။ သူမ၏ကွယ်လွန်မူသည် ဦးလေးတော် အဗူသွာလိဗ်ကွယ်လွန်ပြီးနောက် (၃)ရက် (သို့ ) (၅)ရက် (သို့ ) ရက်အချို့ ကြာပြီးနောက် ဖြစ်သည် ။ (စီရသွလ်မုဆ်ွသွဖာ တွဲ ၁ ၊ ၁၅၈ ၊၁၅၉)


ဦးလေးတော် အဗူသွာလိဗ်ကွယ်လွန်ခဲ့လေသည် (စီရသွလ်မွဆ်ွသွဖာ တွဲ ၁ ၊ ၁၅၈)


တမန်တော်မြတ်(ဆွ)သည် ဟဇ်ရသ် ဆောင်(ဝ်)ဒဟ် ဘန်သိ ဇမ်အဟ် (ရသွေ့ )သခင်မ နှင့် ထိမ်ငြားမင်္ဂလာပြုခဲ့လေသည်။ (အရ်ရဟီကုလ်မခ်သူးမ် စာမျက်နှာ ၆၃၄ )


တမန်တော်မြတ်(ဆွ) အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်မူပြုရန်အလို့ ငှာ သွာအိဖ်သို့  ခရီးနှင်ခဲ့လေသည် ။(အဆွဟ်ဟုစ္စိယရ် ၁၀၀)


  အပိုင်း(၅) ဆက်လက်တင်ပြသွားပါမည် ....
                                                                                    ရေးသားသူ .....
                                                                                            ကိုသူ

0 comments to “တမန်တော်မြတ်(ဆွ)၏ အထ္ထုပတ္တိအကျဉ်း အပိုင်း (၄)”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates