Monday, June 25, 2012

တမန်တော်မြတ်(ဆွ)၏ အထ္ထုပတ္တိအကျဉ်း ဒုတိယပိုင်း

,
မွေးပြီးနောက် နှစ် (၂၀)မြောက် ..
တမန်တော်မြတ်(ဆွ)သည် အသက် (၂၀) အရွယ်၌ မိမိ ဦးလေးများနှင့်အတူ ဟရ်ဗုလ်ဖိဂျားရ် မည်သော စစ်ပွဲ၌ပါဝင်ခဲ့ပေသည် ။
ထို စစ်ပွဲတွင်ကိုယ်တော်မြတ်(ဆွ)သည် မိမိကိုယ်တိုင်ကိုယ်ကျမဆင်နွဲခဲ့သော်လည်း (မိမိဦးလေးများကို မြားပြင်ဆင်ပေးခဲ့သည်)။ (စီရသ်အိဗ်နိဟိရှားမ် တွဲ ၁ ၊၁၈၆)
တမန်တော်တော်မြတ်(ဆွ)သည် ဟရ်ဘုလ်ဖိဂျားရ်မည်သောစစ်ပွဲတွင်ပါဝင်ခဲ့ပြီးနောက် ဟလ်ဖုလ်ဖုဇူးလ်(မည်သော အာရာဟ်မျိုးနွယ်များကြား ငြိမ်းချမ်းညီညွတ်ရေး ကတိ ပြုခြင်း)၌ ပါဝင်ခဲ့ပေသည် ။ (စီရသွန္နဗီ တွဲ ၁ ၊၁၂၄)

မွေးပြီးနောက် နှစ် (၂၅) နှစ်မြောက် ..
မုအ်မိင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ ၏မိခင် ဟဇ်ရသ်ခဒီဂျဟ် (ရသွေ့ )သခင်မ၏ ဥစ္စာပစ္စည်းများကို ယူကာ စီရီယားနိုင်ငံသို့  ဒုတိရအကြိမ် စည်းပွားရေးခရီထွက်ခဲ့ပေသည် ။ (စီရသ်အိဗ်နိဟိရှားမ် တွဲ ၁ ၊ ၁၉၈)
တမန်တော်မြတ်(ဆွ)သည် မိမိသက်တော် (၂၅)အရွယ်တွင် မုအ်မိင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ ၏မိခင် ဟဇ်ရသ်ခဒီဂျဟ် (ရသွေ့ )သခင်မ နှင့် ထိမ်းမြားမင်္ဂလာပြုခဲ့ပေသည် ။
ထိုစဉ်က ဟဇ်ရသ် ခဒီဂျဟ် (ရသွေ့ )သခင်မသည် သက်တော် (၄၀) အရွယ်ဖြစ်သည်။ (စီရသ်အိဗ်နိဟိရှာမ်း ၁၉၉)

မွေးပြီးနောက် (၃၅) နှစ်မြောက် ..
အလ္လာဟ်အသျှင်မြတ်၏အိမ်တော် ကအ်ဗဟ် ကျောင်းတော်အား အသစ်တဖန်ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ပေသည် ။
ထိုစဉ်အခိုက် ဟဂ်ျရိအစ်ဝဒ် (ကျောက်အနက်)အား သူ့ မူလနေရာ၌ ပြန်လည်ထားဖို့ ရာ အာရပ်မျိုးနွယ်စုများအကြား အကွဲအလွဲဖြစ်ခဲ့ပေသည် ။
ထို သို့ ကွဲလွဲလာသည့်အခါ ကိုယ်တော်သခင်(ဆွ)သည် ယင်းမျိုးနွယ်စုများအကြား ခုံသမာဓိပြုကာ စီရင်ဆုံးဖြတ်ပေးခဲ့ရပေသည်။ (စီရသ်အဗ်နိဟိရှားမ် တွဲ ၁ ၊၂၀၉ ၊၂၁၀)


မွေးပြီးနောက် (၃၈) နှစ်မြောက် ..
နဘူဝသ်၏ ကဏဦးလက္ခဏာများ စတင်၍ပေါ်လွင်လာခဲ့ပေသည် ။
ထို့ အတူ တမန်တော်မြတ်(ဆွ) ဟိရာလှိုင်ဂူ၌ အိဗာဒသ်ပြုလုပ်လျှက်ရှိခဲ့ပေသည် ။ (စီရသုလ်မုဆ်ွသွဖာ တွဲ ၁ ၊၁၅၈ )
မှန်ကန်သည့်အိမ်မက်များကို အကြောင်းခံ၍ တမန်တော်မြတ်(ဆွ)၏ နဘုဝ်ဝသ်တော်နှင့်စက်လျင်း၍ သတင်းကောင်းပေးခြင်းခံခဲ့ရပေသည် ။ (စီရသုလ်မုဆ်ွသွဖာ တွဲ ၁ ၊ ၁၅၀)
    တတိယပိုင်း ကို ဆက်လက်ရေးသားသွားမည်ဖြစ်သည်။
                                                                      ရေးသာသူ.....
                                                                                 ကိုသူ (နိုအိုင်းမ်)

0 comments to “တမန်တော်မြတ်(ဆွ)၏ အထ္ထုပတ္တိအကျဉ်း ဒုတိယပိုင်း”

Post a Comment

 

အစ္စလာ့မ်ပဲ့တင်သံ Copyright © 2011 | Template design by O Pregador | Powered by Blogger Templates