ဟဇ်ရသ်အဗူဟုရိုင်ရဟ် (ရသွေ့ )သခင်က တမန်တော်မြတ်(ဆွ)၏ ဟဒီးစ်တော်အား ဆင့်ပြန်ခဲ့သည် ။ တမန်တော်မြတ်(ဆွ) မိန်ခြွေတော်မူသည်မှာ ..
အလ္လာဟ်အသျှင်မြတ်၏ အေးရိပ်စာယာမှာ လွှဲ၍ ခိုနားရာအရိပ် တစုံတရာမှမရှိသည့် ကိယာမသ်တရားခွင်နေ့ တွင် ပုဂ္ဂိုလ် (၇) ဦးအား အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ အေးရိပ်ဆာယာ၌ နားခိုစေတော်မူမည် ။(၁) တရားမျှတသော မင်း
(မှတ်ချက် ။ ။ မင်းဆိုရာ၌ ဦးဆောင်ဦးရွက်ပြုသူအားလုံးပါဝင်ပေသည် ။ ဘုရင် ၊ ရက်ကွက်လူကြီး ၊ ကျောင်းသားခေါင်းစောင် ၊ ဗလီဆရာ စသည့် လူအများစုအား ကွပ်ကဲရသည့် ပုဂ္ဂိုလ်အားလုံးပါဝင်ပေသည် ။)
(၂)အလ္လာဟ်အသျှင်အား အိဗာဒသ်ပြုမူတွင် မွှေ့ လျှော်နစ်မွန်းနေသည့် လူရွယ်။
(၃)ဗလီဝတ်ကျောင်းတော်သို့  အချိန်မရွေးစိတ်ရောက်နေသော ပုဂ္ဂိုလ် ။
(၄)အလ္လာဟ်အသျှင့်အတွက်ချစ်ခင်တဲ့ပုဂ္ဂိုလ်(၂)ဦး ၊ ယင်းတို့ (၂)သည် အလ္လာဟ်အသျှင့်အတွက် ဆုံတွေ့ ကြသည် ။ အလ္လာဟ်အသျှင့်အတွက် ခွဲခွါကြသည် ။
(၅)ဂုဏ်သရေရှိပြီး ချောမော်လှပသည်အမျိုးသမီးတစ်ဦးက အထာပေးမျှူစွယ်နေသောငြားလည်း "ကျွန်ုပ်သည် အလ္လာဟ်အသျှင်အား ကြောက်ပါသည် " ဟုပြောသောသူ ။
(ဇိနာမှ ကင်းဝေးအောင် သိမ်းရှောင်သူ)
(၆)ညာလက်ကပေးကမ်းသည်ကိုဘယ်လက်ပင်လျှင် မသိနိုင်လောက်အောင် တိုးတိုး တိပ်တိပ် စွဒ်ကဟ်ပြုလုပ်သူ
(၇)အလ္လာဟ်အသျှင်မြတ်အား တစ်ဦးတည်း (တစ်ကိုရေတဂါရ)ရှိနေသည့်အချိန်၌ သတိရကာ မြတ်လုံးတွင် မျက်ရည်ရှန်လာသူ
(ရိယာပြစားမူကင်းမဲ့စွာ တကိုယ်တည်းရှိနေသည့်အချိန် အလ္လာဟ်ကိုသတိရ၍ မျက်ရည်ကျသူ)
ဗုခါရီကျမ်း တွဲ ၁ ။ ကိသာဘုလ်အဇာန် ၊ဘာဗုမန်ဂျလဆ ဖိလ်မစ်ဂျိဒိ ယန်သဇွေရုဆွါလားသ ဝဖဇ်ွလိလ်မဆားဂျိဒ် ၊ဟဒီးစ် နံပက် (၂)